မဲဆြယ္ရာတြင္ ကိုယ့္ပါတီဗိုလ္ခ်ဳပ္ပုံ မသုံးျခင္တာနဲ႔ သူတပါးအားကန္႔ကြက္ျခင္းသည္ တရားလားဟု ေ႐ြးေကာက္ပြဲေကာ္မရွင္ေမးခြန္းထုတ္

လာမည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲကို ႏို၀င္ဘာလ ၈ ရက္တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး မဲေပးပိုင္ခြင့္ရွိသူ သည္ ၃၇ သန္းေက်ာ္ရွိၿပီး မဲ႐ုံ အေရ အတြက္ကိုလည္း ေလးေသာင္းေက်ာ္လ်ာထားေဆာင္႐ြက္ထားေၾကာင္း သိရသည္။ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေနျဖင့္ လာမည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမွ်တကာ ပြင့္လင္းျမင္သာမႈရွိသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစရန္ စံ ၅ ခ်က္ႏွင့္ အညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေကာ္မရွင္ဥကၠဌ ဦးလွသိန္း ကေျပာဆိုထားသည္။

ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္ၿပီး တပ္မေတာ္အေနျဖင့္ လုံၿခဳံေရး အပါအ၀င္ လိုအပ္တာမွန္သမွ် ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။.၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ အတြက္ ပါတီ မ်ား အေနျဖင့္ မဲဆြယ္စည္း႐ုံးမႈမ်ား လုပ္ေဆာင္ရာတြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း႐ုပ္ပုံျဖင့္ မဲဆြယ္စည္း႐ုံးျခင္း မျပဳရန္ပါတီ အခ်ိဳ႕မွ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေက္ာမရွင္ထံသို႔ ကန္႔ကြက္ထားေၾကာင္း သိရသည္။ထိုသို႔ ကန္႔ကြက္ထားျခင္းသည္ တရားလားဟု ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌျဖစ္သူ ဦးလွသိန္းကေျပာဆိုလိုက္သည္။

ဇူလိုင္လ ၁၇ ရက္က ေနျပည္ေတာ္ရွိ Grand Amera ဟိုတယ္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ႏွင့္ အ ရပ္ဖက္ လူမႈအဖြဲ႕အစည္းမ်ားေတြ႕ဆုံပြဲ အဖြင့္မိန္႔ခြန္းေျပာၾကားရာတြင္ ဦးလွသိန္းကထိုသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ကိုယ့္ပါ တီက ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ မသုံးခ်င္ဘူး။ ဒါေၾကာင့္မို႔လို႔ က်န္တဲ့ ၉၂ ပါတီက မသုံးရဘူးဆိုရင္ ကြၽန္ေတာ္ တရားမလား၊ တရားလား။ ကိုယ္မသုံးခ်င္ မသုံးနဲ႔ေပါ့”ဟု ဦးလွသိန္း ကေျပာဆိုခဲ့သည္။

ထို႔အတူ ႏိုင္ငံေခါင္းေဆာင္နဲ႔ အမ်ိဳးသားေခါင္းေဆာင္ ကြဲရဲ႕လားဟုလည္း ဦးလွသိန္းက ေမးခြန္းထုတ္ေျပာဆိုခဲ့သည္။ ဗိုလ္ခ်ဳပ္ေအာင္ ဆန္းက ႏိုင္ငံ့ေခါင္းေဆာင္ မဟုတ္ဘူး။ အမ်ိဳးသားေခါင္းေဆာင္ National Leader ျမန္မာႏိုင္ငံ တည္ရွိေနသေ႐ႊ႕ အမ်ိဳးသားေခါင္း ေဆာင္ရွိမယ္။ ႏိုင္ငံ့ေခါင္းေဆာင္က အုပ္ခ်ဳပ္တဲ့ကာလ အႀကီး အကဲျဖစ္ေနတဲ့ ကာလ သာသူက ႏိုင္ငံေခါင္းေဆာင္ ၊ ဘာမွ ခြဲခြဲျခားျခား မသိပဲနဲ႔ ႏိုင္ငံေခါင္းဆာင္ပုံ မသုံးစြဲေရးဆိုေတာ့ ဘာကို ဆိုလိုတာလဲ”ဟု ဦးလွသိန္းကေျပာ သည္။

ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ အသုံးျပဳႏိုင္ၿပီး ကန္႔ကြက္တဲ့ ပါတီရွိ ပါက ရွင္းေပး မည္ျဖစ္ေၾကာင္း လည္း ဦးလွ သိန္းကေျပာသည္။ေ႐ြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ ၉၃ ပါတီရွိေၾကာင္းလည္း သိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နို၀င်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ သည် ၃၇ သန်းကျော်ရှိပြီး မဲရုံ အရေ အတွက်ကိုလည်း လေးသောင်းကျော်လျာထားဆောင်ရွက်ထားကြောင်း သိရသည်။ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတကာ ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်စေရန် စံ ၅ ချက်နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးလှသိန်း ကပြောဆိုထားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံခြုံရေး အပါအ၀င် လိုအပ်တာမှန်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။.၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ပါတီ များ အနေဖြင့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်ရာတွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံဖြင့် မဲဆွယ်စည်းရုံးခြင်း မပြုရန်ပါတီ အချို့မှ ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်ထံသို့ ကန့်ကွက်ထားကြောင်း သိရသည်။ထိုသို့ ကန့်ကွက်ထားခြင်းသည် တရားလားဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးလှသိန်းကပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၇ ရက်က နေပြည်တော်ရှိ Grand Amera ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် အ ရပ်ဖက် လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဦးလှသိန်းကထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ကိုယ့်ပါ တီက ဗိုလ်ချုပ်အောင်ဆန်းပုံ မသုံးချင်ဘူး။ ဒါကြောင့်မို့လို့ ကျန်တဲ့ ၉၂ ပါတီက မသုံးရဘူးဆိုရင် ကျွန်တော် တရားမလား၊ တရားလား။ ကိုယ်မသုံးချင် မသုံးနဲ့ပေါ့”ဟု ဦးလှသိန်း ကပြောဆိုခဲ့သည်။

ထို့အတူ နိုင်ငံခေါင်းဆောင်နဲ့ အမျိုးသားခေါင်းဆောင် ကွဲရဲ့လားဟုလည်း ဦးလှသိန်းက မေးခွန်းထုတ်ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်အောင် ဆန်းက နိုင်ငံ့ခေါင်းဆောင် မဟုတ်ဘူး။ အမျိုးသားခေါင်းဆောင် National Leader မြန်မာနိုင်ငံ တည်ရှိနေသရွှေ့ အမျိုးသားခေါင်း ဆောင်ရှိမယ်။ နိုင်ငံ့ခေါင်းဆောင်က အုပ်ချုပ်တဲ့ကာလ အကြီး အကဲဖြစ်နေတဲ့ ကာလ သာသူက နိုင်ငံခေါင်းဆောင် ၊ ဘာမှ ခွဲခွဲခြားခြား မသိပဲနဲ့ နိုင်ငံခေါင်းဆာင်ပုံ မသုံးစွဲရေးဆိုတော့ ဘာကို ဆိုလိုတာလဲ”ဟု ဦးလှသိန်းကပြော သည်။

ထို့ကြောင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် အသုံးပြုနိုင်ပြီး ကန့်ကွက်တဲ့ ပါတီရှိ ပါက ရှင်းပေး မည်ဖြစ်ကြောင်း လည်း ဦးလှ သိန်းကပြောသည်။ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉၃ ပါတီရှိကြောင်းလည်း သိရသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *