အိမ္ရွင္မ်ား သတိထားၾကပါ၊ေလျဖတ္ေန တဲ့ အေမႀကီးကို ေဘးမွာထားပီး ေကာင္ေလးနဲ႔ မဖြယ္မရာလုပ္ေနတဲ့ အိမ္ေဖာ္

လက္ပံတန္းက ညီမေရာက္လာေတာ့မွ သူ႔ကို CCTV ဖြင့္ျပလိုက္တယ္…။ သူ အရမ္းလန႔္သြားတယ္ …။ ရဲစခန္းကိုလဲ မတိုင္ခဲ့ပါဘူး။ အ က်ယ္အက်ယ္ေတြလဲမျဖစ္ခ်င္ဘူး…။ ခုေတာ့ အဲဒီအိမ္ေဖာ္ ေကာင္မေလးကို သူ႔ရဲ႕ၿမိဳ႕ကို ျပန္ပို႔လိုက္ၿပီ… အိမ္အကူေတြ ႏွိပ္စက္ခံရတာကို ပဲ မျမင္ၾကပါနဲ႔ …။ အိမ္အကူေတြ ႏွိပ္စက္တာ ခံေနရတဲ့ က်မတို႔လို အိမ္ရွင္ေတြလဲ ရွိပါတယ္…။ သက္ႀကီး႐ြယ္အိုမိဘမ်ားကို အိမ္အကူနဲ႔ စိတ္ခ်လက္ခ် မထားၾကပါနဲ႔လို႔ ဒီပို႔စ္ေလးနဲ႔ သတိေပးလိုက္ ပါရေစ …။

က်မ ဒီပို႔စ္ ကို က်မလို အိမ္ အကူ မရွိမျဖစ္ ေခၚထားရသူမ်ား အတြက္ ရည္႐ြယ္ၿပီး တင္ေပးလိုက္ ရျခင္းျဖစ္ပါတယ္ …။ အိမ္မွာ က်မနဲ႔ အသက္ ၇၀ ေက်ာ္ ေလျဖတ္ေနတဲ့ အေမ ၂ ေယာက္ပဲ ရွိပါတယ္ …။ က်မက (-)႐ုံးက ဦးစီးမႉး တစ္ေယာက္ပါ…။ အစကေတာ့ က်မ ေမာင္ေလး မိသားစုက က်မ႐ုံးသြားခ်ိန္ အလွည့္က် လာေနေပးၾကပါတယ္…။ ျဖစ္ခ်င္ေတာ့ သူတို႔က တာဝန္နဲ႔ နယ္ကိုေျပာင္းသြားေတာ့… က်မ ႐ုံးကခြင့္ရက္ရွည္ယူရတယ္…။

အဲဒီအခ်ိန္မွာ လက္ပံတန္း နယ္ဘက္က က်မ ညီမ တစ္ေယာက္က အသက္ ၁၅ ႏွစ္ေလာက္ ေကာင္မေလး တစ္ေယာက္ ေခၚလာတယ္… သာရေဝါနယ္ကတဲ့ …။ မိဘေတြက က်ဘမ္းလုပ္တယ္…။ လစာကိုေတာ့ က်မ ညီမကတဆင့္ ေပးပါတဲ့…။ အဆက္အသြယ္ လုံးဝ မလုပ္ ပါဘူးတဲ့…။အသားမဲမဲ…မ်က္လုံးျပဴးျပဴးနဲ႔ ကေလးမေလးက ခပ္သြက္သြက္ေလး ပါပဲ…။ ေရာက္တာနဲ႔ ေမေမ့လက္ကေလးကို တရင္းတ ႏွီးနဲ႔ ေျပးကိုင္… ေမေမ့ကုတင္ေဘးက စာပြဲေပၚက အမႈိက္ေတြသိမ္း …။

ေမေမ့ကို ဂ႐ုစိုက္တန္ေကာင္းပါရဲ႕ …ေတြးၿပီး…သေဘာက်ခဲ့တယ္…။က်မ႐ုံးကျပန္ လာရင္လည္း သူက ေမေမ့ကို ျပဳစု ဂ႐ုစိုက္ အိမ္မွာ သန႔္ရွင္းေရးေတြ လုပ္ထားတယ္ …။ ေမေမ့နားမွာ ျပဳစုရင္း ပ်င္းမွာဆိုးလို႔ TV အေပၚစက္ေအာက္စက္ကို ေမေမ့ အခန္းထဲမွာ ထားေပး တယ္။ … အစပိုင္းေတာ့ ေတာ္ေတာ္အဆင္ေျပပါတယ္…။ က်မတိုက္ခန္းက ၃ ထပ္အျမင့္ဆိုေတာ့… သူက အဝယ္ေတာ္ေပါ့…။ တိုလီ မိုလီေလးက အစ သူပဲ တက္လိုက္ဆင္းလိုက္နဲ႔… က်မေနထိုင္ရာ ပတ္ဝန္းက်င္မွာ ေတာ္ေတာ္ သြားတတ္ေနၿပီေပါ့ …။

ဒီလို အဆင္ေျပေျပနဲ႔ တစ္ႏွစ္ေက်ာ္လာၿပီးမွ သူ႔ရဲ႕ဟန္ေဆာင္မႈေတြ သိရဖို႔ ေပၚလာတယ္…။ အစရက္ေတြကို က်မ သတိမထားခဲ့မိဘူး…။ က်မကလည္း ႐ုံးကျပန္ေရာက္တာနဲ႔ ေမေမ့ကို အရင္ဝင္ၿပီးေတြ႕တယ္…။ သူက ေမေမ့နားမွာ ေျခဆုပ္လက္နယ္ အၿမဲရွိေနတယ္…။ေမေမ မ်က္ႏွာမေကာင္းဘူး၊ ေနေကာင္းလားေမးေတာ့ ေခါင္းၿငိမ့္ျပၿပီး သူ႔ကိုၾကည့္ေနတယ္…။ ေမေမက ေလျဖတ္ထားေတာ့ စကားမေျပာ ႏိုင္ ဘူး …။ ေျခ ၂ ဖက္စလုံး မလႈပ္ႏိုင္ဘူး…။ လက္တစ္ဖက္ကေတာ့ ေျမႇာက္ႏိုင္တယ္…။

သူကေတာ့ ေမေမ့ကို ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ပုံမွန္အတိုင္း စ ေနာက္ ေနတာပါပဲ…။ အဲဒီေတာ့ က်မလည္း မရိပ္မိခဲ့ဘူး။…တစ္ရက္မွာေတာ့ အခန္း ထဲမွာ က်မနဲ႔ေမေမ ၂ ေယာက္ထဲရွိေနတုန္း… ေမေမက အခန္းေပါက္ဝကိုၾကည့္လိုက္ လက္ကိုေထာင္ျပလိုက္နဲ႔ ဝူးဝါးဝူးဝါးနဲ႔ စကား ေတြေျပာေနတယ္…။ ေမေမ ဘာေျပာခ်င္တာလဲ က်မက ေမးေနတုန္း… သူက အခန္းထဲဝင္လာေတာ့ ေမေမက သူ႔ကို လက္နဲ႔ထိုးထိုးျပၿပီး ဘာေတြမွန္းမသိ ေအာ္ဟစ္ေျပာေနေတာ့တာပါပဲ…။

ေလျဖတ္ေန တဲ့ အသက္ ၇၀ ေက်ာ္ အေမကို အိမ္ေဖာ္ နဲ႔ ႏွစ္ေယာက္တည္း ထားခဲ့ရၿပီး မသကၤာလို႔ စီစီတီဗီ တပ္ၾကည့္လိုက္တဲ့အခါ
သူက ေမေမ့ကို ေျပးဖက္ၿပီး ေမေမႀကီး ဘာလဲ ဘာလဲနဲ႔ ေမးတာကို ေမေမက သူ႔ကို လက္နဲ႔အတင္းတြန္းထုတ္တာေတြ႕ရတယ္…။ သူ႔ကို က်မ အဲဒီကစ မသကၤာျဖစ္လာခဲ့တယ္…။ က်မ မိတ္ေဆြေတြနဲ႔တိုင္ပင္ၿပီး က်မ႐ုံးပိတ္တစ္ရက္မွာ …သူ႔ကို ေဆြမ်ိဳးေတြနဲ႔ တစ္ေနကုန္ ဘုရားဖူး လႊတ္လိုက္ၿပီး… တစ္အိမ္လုံးကို CCTV တပ္လိုက္တယ္…။

သူတို႔လည္း မသကၤာတဲ့ပုံစံ မဟုတ္ပဲ ပုံမွန္ေနခဲ့တယ္ …။ တစ္ေန႔မွာေတာ့ CCTV က အေျခေနကို ၾကည့္ၿပီး က်မ အရမ္းလန႔္သြားတယ္ …။ ေၾကာက္ဖို႔ေကာင္းလိုက္တာ…။သူက ေမေမ့အခန္းထဲမွာ ရွိတာထက္ အိမ္ျပင္ကို က်မ ဘာမွ ခိုင္းမထားပဲ ထြက္သြားတယ္ …။ (သူ႔ကိုလည္း ယုံၾကည္သြားေတာ့… အေရးအေၾကာင္းဆို လူမမာေမေမနဲ႔ ထြက္ေပါက္မရွိမွာစိုးလို႔ အိမ္ေသာ့ တစ္ေခ်ာင္းကို ဧည့္ခန္းထဲမွာ ခ်ိတ္ထားခဲ့တယ္) က်မ မရွိရင္ အျပင္လုံးဝ မထြက္ရဘူးလို႔ မွာထားၿပီးသား…။

ခုေတာ့ သူက ေမေမတစ္ေယာက္ထဲ ထားခဲ့ၿပီး အျပင္ထြက္သြားတယ္…။ ျပန္လာေတာ့ ဆံပင္နီေၾကာင္ေၾကာင္ နဲ႔ မည္းမည္းပိန္ပိန္ အသက္ ၃၀ ႐ြယ္ လူတစ္ေယာက္ ကိုေခၚလာတယ္…။ ေနာက္ၿပီး ထမင္းစားခန္းထဲမွာ ႏွစ္ေယာက္သား ထမင္းေတြစားၾကတယ္…။ အဲဒီေကာင္က ေရခဲေသတၱာထဲက ေရဘူးကိုလည္း သူ႔အိမ္အတိုင္း ဖြင့္ေသာက္ေနတာ…။ ဒီထက္ဆိုး တာကေတာ့ သူတို႔ႏွစ္ေယာက္ ထမင္းစားခန္းထဲမွာ… မဖြယ္မရာေတြ လုပ္ေနၾကေတာ့တာပါပဲ…။

ဒီထက္ ပိုဆိုးသြားတာကေတာ့ ေမေမ့အိပ္ခန္းထဲကို ၂ ေယာက္စလုံး ဝင္သြားၾကေတာ့တာပါပဲ…။ အဲဒီေကာင္ ဝင္လာတာကို ေမေမရယ္ ဝူးဝါးဝူးဝါးနဲ႔ ေအာ္လိုက္တာ…။ သနားလိုက္တာေမေမရယ္…။အဲဒီေကာင္က တန္းေပၚက ပုဝါကိုယူၿပီး ေမေမ့မ်က္လုံးကို စည္းေတာ့… ေမေမ အတင္း႐ုန္းကန္ေနရွာတာ ။ ေမေမ ေၾကာက္လို႔ၿငိမ္သြားေတာ့ ေမေမ့စားပြဲေပၚက အိုဗာတင္း ေတြေဖ်ာ္ မုန႔္ေတြယူစား TV ဖြင့္ ၾကည့္ၾကၿပီး ေမေမ့နားမွာပဲ မဖြယ္မရာ ပြတ္သပ္လုပ္ေနၾကတာ…။

က်မေလ… အရမ္းအံ့ၾသၿပီး အိမ္အကူကို အရမ္း စက္ဆုပ္ ႐ြံရွာလိုက္တာ…။ အဲဒီေန႔ က်မ႐ုံးက တပည့္ညီမႏွစ္ေယာက္က က်မအိမ္လိုက္ လာၿပီး က်မကို အမွားျဖစ္မွာဆိုးလို႔ထိန္းေပးတယ္…။ဘာမွမေျပာပါနဲ႔ မသိေယာင္ေဆာင္ေနပါဆိုလို႔ က်မ ေတာ္ေတာ္ သည္းခံထားခဲ့ရ ပါတယ္…။ သူကေတာ့ အၿပဳံးမပ်က္ ေမေမ့နားက တဖဝါးမခြာ အရမ္းကို ဂ႐ုစိုက္ပုံ…။ ေမေမကေတာ့ အနီးကပ္ သူ႔ကို အရမ္းေၾကာက္ ၿပီး… သူျပဳသမွ် ခံေနရတဲ့ က်မရဲ႕ ေမေမ …သနားစရာ ေကာင္းလိုက္တာ …။ CCTV သာမကယ္ရင္ က်မ ေမေမ ဘယ္အထိမ်ား ခံစားေန ရရွာမလဲ…။အားလုံးေသာ အိမ္ရွင္ေတြ သတိထားႏိုင္ၾကပါေစ။

Kyu Kyu

UNICODE

လက်ပံတန်းက ညီမရောက်လာတော့မှ သူ့ကို CCTV ဖွင့်ပြလိုက်တယ်…။ သူ အရမ်းလန့်သွားတယ် …။ ရဲစခန်းကိုလဲ မတိုင်ခဲ့ပါဘူး။ အ ကျယ်အကျယ်တွေလဲမဖြစ်ချင်ဘူး…။ ခုတော့ အဲဒီအိမ်ဖော် ကောင်မလေးကို သူ့ရဲ့မြို့ကို ပြန်ပို့လိုက်ပြီ… အိမ်အကူတွေ နှိပ်စက်ခံရတာကို ပဲ မမြင်ကြပါနဲ့ …။ အိမ်အကူတွေ နှိပ်စက်တာ ခံနေရတဲ့ ကျမတို့လို အိမ်ရှင်တွေလဲ ရှိပါတယ်…။ သက်ကြီးရွယ်အိုမိဘများကို အိမ်အကူနဲ့ စိတ်ချလက်ချ မထားကြပါနဲ့လို့ ဒီပို့စ်လေးနဲ့ သတိပေးလိုက် ပါရစေ …။

ကျမ ဒီပို့စ် ကို ကျမလို အိမ် အကူ မရှိမဖြစ် ခေါ်ထားရသူများ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက် ရခြင်းဖြစ်ပါတယ် …။ အိမ်မှာ ကျမနဲ့ အသက် ၇၀ ကျော် လေဖြတ်နေတဲ့ အမေ ၂ ယောက်ပဲ ရှိပါတယ် …။ ကျမက (-)ရုံးက ဦးစီးမှူး တစ်ယောက်ပါ…။ အစကတော့ ကျမ မောင်လေး မိသားစုက ကျမရုံးသွားချိန် အလှည့်ကျ လာနေပေးကြပါတယ်…။ ဖြစ်ချင်တော့ သူတို့က တာဝန်နဲ့ နယ်ကိုပြောင်းသွားတော့… ကျမ ရုံးကခွင့်ရက်ရှည်ယူရတယ်…။

အဲဒီအချိန်မှာ လက်ပံတန်း နယ်ဘက်က ကျမ ညီမ တစ်ယောက်က အသက် ၁၅ နှစ်လောက် ကောင်မလေး တစ်ယောက် ခေါ်လာတယ်… သာရဝေါနယ်ကတဲ့ …။ မိဘတွေက ကျဘမ်းလုပ်တယ်…။ လစာကိုတော့ ကျမ ညီမကတဆင့် ပေးပါတဲ့…။ အဆက်အသွယ် လုံးဝ မလုပ် ပါဘူးတဲ့…။အသားမဲမဲ…မျက်လုံးပြူးပြူးနဲ့ ကလေးမလေးက ခပ်သွက်သွက်လေး ပါပဲ…။ ရောက်တာနဲ့ မေမေ့လက်ကလေးကို တရင်းတ နှီးနဲ့ ပြေးကိုင်… မေမေ့ကုတင်ဘေးက စာပွဲပေါ်က အမှိုက်တွေသိမ်း …။

မေမေ့ကို ဂရုစိုက်တန်ကောင်းပါရဲ့ …တွေးပြီး…သဘောကျခဲ့တယ်…။ကျမရုံးကပြန် လာရင်လည်း သူက မေမေ့ကို ပြုစု ဂရုစိုက် အိမ်မှာ သန့်ရှင်းရေးတွေ လုပ်ထားတယ် …။ မေမေ့နားမှာ ပြုစုရင်း ပျင်းမှာဆိုးလို့ TV အပေါ်စက်အောက်စက်ကို မေမေ့ အခန်းထဲမှာ ထားပေး တယ်။ … အစပိုင်းတော့ တော်တော်အဆင်ပြေပါတယ်…။ ကျမတိုက်ခန်းက ၃ ထပ်အမြင့်ဆိုတော့… သူက အဝယ်တော်ပေါ့…။ တိုလီ မိုလီလေးက အစ သူပဲ တက်လိုက်ဆင်းလိုက်နဲ့… ကျမနေထိုင်ရာ ပတ်ဝန်းကျင်မှာ တော်တော် သွားတတ်နေပြီပေါ့ …။

ဒီလို အဆင်ပြေပြေနဲ့ တစ်နှစ်ကျော်လာပြီးမှ သူ့ရဲ့ဟန်ဆောင်မှုတွေ သိရဖို့ ပေါ်လာတယ်…။ အစရက်တွေကို ကျမ သတိမထားခဲ့မိဘူး…။ ကျမကလည်း ရုံးကပြန်ရောက်တာနဲ့ မေမေ့ကို အရင်ဝင်ပြီးတွေ့တယ်…။ သူက မေမေ့နားမှာ ခြေဆုပ်လက်နယ် အမြဲရှိနေတယ်…။မေမေ မျက်နှာမကောင်းဘူး၊ နေကောင်းလားမေးတော့ ခေါင်းငြိမ့်ပြပြီး သူ့ကိုကြည့်နေတယ်…။ မေမေက လေဖြတ်ထားတော့ စကားမပြော နိုင် ဘူး …။ ခြေ ၂ ဖက်စလုံး မလှုပ်နိုင်ဘူး…။ လက်တစ်ဖက်ကတော့ မြှောက်နိုင်တယ်…။

သူကတော့ မေမေ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပုံမှန်အတိုင်း စ နောက် နေတာပါပဲ…။ အဲဒီတော့ ကျမလည်း မရိပ်မိခဲ့ဘူး။…တစ်ရက်မှာတော့ အခန်း ထဲမှာ ကျမနဲ့မေမေ ၂ ယောက်ထဲရှိနေတုန်း… မေမေက အခန်းပေါက်ဝကိုကြည့်လိုက် လက်ကိုထောင်ပြလိုက်နဲ့ ဝူးဝါးဝူးဝါးနဲ့ စကား တွေပြောနေတယ်…။ မေမေ ဘာပြောချင်တာလဲ ကျမက မေးနေတုန်း… သူက အခန်းထဲဝင်လာတော့ မေမေက သူ့ကို လက်နဲ့ထိုးထိုးပြပြီး ဘာတွေမှန်းမသိ အော်ဟစ်ပြောနေတော့တာပါပဲ…။

လေဖြတ်နေ တဲ့ အသက် ၇၀ ကျော် အမေကို အိမ်ဖော် နဲ့ နှစ်ယောက်တည်း ထားခဲ့ရပြီး မသင်္ကာလို့ စီစီတီဗီ တပ်ကြည့်လိုက်တဲ့အခါ
သူက မေမေ့ကို ပြေးဖက်ပြီး မေမေကြီး ဘာလဲ ဘာလဲနဲ့ မေးတာကို မေမေက သူ့ကို လက်နဲ့အတင်းတွန်းထုတ်တာတွေ့ရတယ်…။ သူ့ကို ကျမ အဲဒီကစ မသင်္ကာဖြစ်လာခဲ့တယ်…။ ကျမ မိတ်ဆွေတွေနဲ့တိုင်ပင်ပြီး ကျမရုံးပိတ်တစ်ရက်မှာ …သူ့ကို ဆွေမျိုးတွေနဲ့ တစ်နေကုန် ဘုရားဖူး လွှတ်လိုက်ပြီး… တစ်အိမ်လုံးကို CCTV တပ်လိုက်တယ်…။

သူတို့လည်း မသင်္ကာတဲ့ပုံစံ မဟုတ်ပဲ ပုံမှန်နေခဲ့တယ် …။ တစ်နေ့မှာတော့ CCTV က အခြေနေကို ကြည့်ပြီး ကျမ အရမ်းလန့်သွားတယ် …။ ကြောက်ဖို့ကောင်းလိုက်တာ…။သူက မေမေ့အခန်းထဲမှာ ရှိတာထက် အိမ်ပြင်ကို ကျမ ဘာမှ ခိုင်းမထားပဲ ထွက်သွားတယ် …။ (သူ့ကိုလည်း ယုံကြည်သွားတော့… အရေးအကြောင်းဆို လူမမာမေမေနဲ့ ထွက်ပေါက်မရှိမှာစိုးလို့ အိမ်သော့ တစ်ချောင်းကို ဧည့်ခန်းထဲမှာ ချိတ်ထားခဲ့တယ်) ကျမ မရှိရင် အပြင်လုံးဝ မထွက်ရဘူးလို့ မှာထားပြီးသား…။

ခုတော့ သူက မေမေတစ်ယောက်ထဲ ထားခဲ့ပြီး အပြင်ထွက်သွားတယ်…။ ပြန်လာတော့ ဆံပင်နီကြောင်ကြောင် နဲ့ မည်းမည်းပိန်ပိန် အသက် ၃၀ ရွယ် လူတစ်ယောက် ကိုခေါ်လာတယ်…။ နောက်ပြီး ထမင်းစားခန်းထဲမှာ နှစ်ယောက်သား ထမင်းတွေစားကြတယ်…။ အဲဒီကောင်က ရေခဲသေတ္တာထဲက ရေဘူးကိုလည်း သူ့အိမ်အတိုင်း ဖွင့်သောက်နေတာ…။ ဒီထက်ဆိုး တာကတော့ သူတို့နှစ်ယောက် ထမင်းစားခန်းထဲမှာ… မဖွယ်မရာတွေ လုပ်နေကြတော့တာပါပဲ…။

ဒီထက် ပိုဆိုးသွားတာကတော့ မေမေ့အိပ်ခန်းထဲကို ၂ ယောက်စလုံး ဝင်သွားကြတော့တာပါပဲ…။ အဲဒီကောင် ဝင်လာတာကို မေမေရယ် ဝူးဝါးဝူးဝါးနဲ့ အော်လိုက်တာ…။ သနားလိုက်တာမေမေရယ်…။အဲဒီကောင်က တန်းပေါ်က ပုဝါကိုယူပြီး မေမေ့မျက်လုံးကို စည်းတော့… မေမေ အတင်းရုန်းကန်နေရှာတာ ။ မေမေ ကြောက်လို့ငြိမ်သွားတော့ မေမေ့စားပွဲပေါ်က အိုဗာတင်း တွေဖျော် မုန့်တွေယူစား TV ဖွင့် ကြည့်ကြပြီး မေမေ့နားမှာပဲ မဖွယ်မရာ ပွတ်သပ်လုပ်နေကြတာ…။

ကျမလေ… အရမ်းအံ့သြပြီး အိမ်အကူကို အရမ်း စက်ဆုပ် ရွံရှာလိုက်တာ…။ အဲဒီနေ့ ကျမရုံးက တပည့်ညီမနှစ်ယောက်က ကျမအိမ်လိုက် လာပြီး ကျမကို အမှားဖြစ်မှာဆိုးလို့ထိန်းပေးတယ်…။ဘာမှမပြောပါနဲ့ မသိယောင်ဆောင်နေပါဆိုလို့ ကျမ တော်တော် သည်းခံထားခဲ့ရ ပါတယ်…။ သူကတော့ အပြုံးမပျက် မေမေ့နားက တဖဝါးမခွာ အရမ်းကို ဂရုစိုက်ပုံ…။ မေမေကတော့ အနီးကပ် သူ့ကို အရမ်းကြောက် ပြီး… သူပြုသမျှ ခံနေရတဲ့ ကျမရဲ့ မေမေ …သနားစရာ ကောင်းလိုက်တာ …။ CCTV သာမကယ်ရင် ကျမ မေမေ ဘယ်အထိများ ခံစားနေ ရရှာမလဲ…။အားလုံးသော အိမ်ရှင်တွေ သတိထားနိုင်ကြပါစေ။

Kyu Kyu

Add a Comment

Your email address will not be published. Required fields are marked *