ဧရာဝတီႏွင့္ ခ်င္းတြင္းျမစ္‌‌ေရ ျမင့္တက္လာမႈေၾကာင့္ ေရေဘးသတိေပးခ်က္ မိုး/ဇလထုတ္ျပန္

မိုးေလ၀သႏွင့္ဇလေဗဒဌာန၏ ဇူလိုင္၁၅ရက္ တိုင္းတာခ်က္အရ ခ်င္းတြင္းျမစ္ေရသည္ ဟုမၼလင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ေရာက္ရန္ တစ္‌ ေပခြဲခန႔္ႏွင့္ေဖာင္းျပင္ၿမိဳ႕တြင္ ႏွစ္‌ေပခန႔္သို႔ေရာက္ရွိေနသည္ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထား သည္။ေနာက္သုံးရက္အတြင္း စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္သည္ဟု သတိေပးထားသည္။

ယခင္ရက္က ေရေဘးသင့္ေဒသစာရင္းတြင္ ျမစ္ႀကီးနားၿမိဳ႕ ႏွင့္ ဝိုင္းေမာ္ၿမိဳ႕ပါဝင္ခဲ့ေသာ္လည္း ယခုအခါ ေရျပန္က်သြား၍ ကယ္ဆယ္ ေရးစခန္းမ်ားပိတ္သိမ္းလိုက္ၿပီျဖစ္သည္။ဧရာဝတီႏွင့္ခ်င္းတြင္းျမစ္‌‌ေရ ျမင့္တက္မႈေၾကာင့္ ၿမိဳ႕နယ္ငါးခုကို ေရေဘးသတိ‌ေပးထားၿပီး လူ ဦးေရ ေလးေထာင္ေက်ာ္သည္ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားတြင္ ယာယီခိုလႈံေနရသည္။

ဧရာဝတီျမစ္ေရျမင့္တက္မႈေၾကာင့္ ကခ်င္ျပည္နယ္ ေ႐ႊကူႏွင့္ ဆင္ဘိုၿမိဳ႕နယ္တြင္ လူဦးေရ ၂,၈၀၀ ခန႔္၊စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕ တြင္ လူဦးေရ ၁,၀၀၀ ခန႔္သည္ ဌာနဆိုင္ရာတာ ဝန္ရွိသူမ်ားက စီစဥ္ေပးထားသည့္ ယာယီေရေဘးစခန္းမ်ားတြင္ ခိုလႈံေနေၾကာင္း ဇူလိုင္ ၁၅ ရက္အ‌ေျခအေနကို ေဘးအႏၲ ရာယ္စီမံခန႔္ခြဲမႈ ဦးစီးဌာနကထုတ္ ျပန္သည္။

ဧရာဝတီျမစ္‌ေရသည္ ဇူလိုင္ ၁၄ ရက္ကစ၍ ျပန္လည္ က်ဆင္းေနေသာ္လည္း ခ်င္းတြင္းျမစ္ေရမွာ ျမင့္တက္လာသည္။ ခ်င္းတြင္းျမစ္ ေရသည္ စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္းႏွင့္ ေဖာင္းျပင္ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္ အနီး‌ေရာက္ရွိေန၍ ‌ေဒသခံမ်ား ေရေဘးသတိျပဳ ေနထိုင္ ရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီး ဌာနက သတိေပးထားသည္။

‘‘ခ်င္းတြင္းျမစ္ေရတက္လာတယ္။ လက္ရွိအေျခေနမွာေတာ့ လိုအပ္ရင္ေ႐ႊ႕ေျပာင္းဖို႔နဲ႔ ေရ‌ေဘးသတိထားဖို႔ လိုက္ၿပီးသတိေပးေနတယ္’’ ဟု စစ္ကိုင္းတိုင္းေဒသႀကီး ေဘးအႏၲရာယ္စီမံခန႔္ ခြဲမႈဦးစီးဌာနဦးစီးမႉး ဦးစဝီလီဖရန႔္က ‌ေျပာသည္။

REF: မိုး/ဇလ

UNICODE

မိုးလေ၀သနှင့်ဇလဗေဒဌာန၏ ဇူလိုင်၁၅ရက် တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရန် တစ်‌ ပေခွဲခန့်နှင့်ဖောင်းပြင်မြို့တွင် နှစ်‌ပေခန့်သို့ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထား သည်။နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု သတိပေးထားသည်။

ယခင်ရက်က ရေဘေးသင့်ဒေသစာရင်းတွင် မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့ပါဝင်ခဲ့သော်လည်း ယခုအခါ ရေပြန်ကျသွား၍ ကယ်ဆယ် ရေးစခန်းများပိတ်သိမ်းလိုက်ပြီဖြစ်သည်။ဧရာဝတီနှင့်ချင်းတွင်းမြစ်‌‌ရေ မြင့်တက်မှုကြောင့် မြို့နယ်ငါးခုကို ရေဘေးသတိ‌ပေးထားပြီး လူ ဦးရေ လေးထောင်ကျော်သည် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီခိုလှုံနေရသည်။

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ် ရွှေကူနှင့် ဆင်ဘိုမြို့နယ်တွင် လူဦးရေ ၂,၈၀၀ ခန့်၊စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ တွင် လူဦးရေ ၁,၀၀၀ ခန့်သည် ဌာနဆိုင်ရာတာ ဝန်ရှိသူများက စီစဉ်ပေးထားသည့် ယာယီရေဘေးစခန်းများတွင် ခိုလှုံနေကြောင်း ဇူလိုင် ၁၅ ရက်အ‌ခြေအနေကို ဘေးအန္တ ရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကထုတ် ပြန်သည်။

ဧရာဝတီမြစ်‌ရေသည် ဇူလိုင် ၁၄ ရက်ကစ၍ ပြန်လည် ကျဆင်းနေသော်လည်း ချင်းတွင်းမြစ်ရေမှာ မြင့်တက်လာသည်။ ချင်းတွင်းမြစ် ရေသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ် အနီး‌ရောက်ရှိနေ၍ ‌ဒေသခံများ ရေဘေးသတိပြု နေထိုင် ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေးထားသည်။

‘‘ချင်းတွင်းမြစ်ရေတက်လာတယ်။ လက်ရှိအခြေနေမှာတော့ လိုအပ်ရင်ရွှေ့ပြောင်းဖို့နဲ့ ရေ‌ဘေးသတိထားဖို့ လိုက်ပြီးသတိပေးနေတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးစဝီလီဖရန့်က ‌ပြောသည်။

REF:   မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *