ေတာင္တ႐ုတ္ပင္လယ္အား ပိုင္ဆိုင္ေၾကာင္းတ႐ုတ္ရဲ႕ေၾကညာခ်က္ကို အေမရိကန္ကပယ္ခ်လိုက္ၿပီး၊ UKကပါေလယာဥ္တင္သေဘၤာေတြ ေစလႊတ္

ကမာၻႀကီးအေျခအေနကို တစ္ဖက္ကၾကည့္ရင္ အေမရိကန္၊ ဥေရာပတို႔ထက္ပင္ တ႐ုတ္-႐ုရွားအင္ပါယာ ခ်ဲ႕ထြင္မႈက ပိုၿပီးခရီးေပါက္လာ ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ တ႐ုတ္အေနနဲ႔ ကမာၻ႔စူပါပါဝါကို အေမရိကန္ဆီကေန လက္လႊဲယူဖို႔အတြက္ အေကာင္းဆုံးအခ်ိန္လို႔ တ ႐ုတ္အာဏာပိုင္ေတြက ေတြးမိပုံပါ။အေရွ႕အလယ္ပိုင္းဟာ ကမာၻႀကီးရဲ႕ မၿငိမ္းခ်မ္းဆုံးေနရာျဖစ္ၿပီး အေမရိကန္နဲ႔ မဟာမိတ္ေတြက တစ္ ဖက္၊ ႐ုရွားနဲ႔ တ႐ုတ္တို႔ဆီက လက္နက္အေထာက္အပံ့ယူထားတဲ့ အစိုးရ သို႔မဟုတ္ လက္နက္ကိုင္ေတြက တစ္ဖက္ျဖစ္ေနတာကို ရွင္း ရွင္းလင္းလင္း ျမင္ရမွာပါ။တ႐ုတ္ဟာ မၾကာေသးခင္ကပဲ အီရန္နဲ႔ စစ္ေရးမဟာမိတ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါတယ္။

အေမရိကန္ရဲ႕ ဆန္ရွင္ပိတ္ဆို႔မႈေတြဟာ မထိေရာက္ေတာ့ဘဲ ၿပိဳင္ဘက္အင္အားႀကီးႏိုင္ငံေတြရဲ႕ ႂကြယ္ဝခ်မ္းသာမႈက သူတို႔အတြက္ ၾသဇာ အာဏာတည္ေဆာက္ဖို႔ အခြင့္အလမ္းေတြ ေပးလိုက္သကဲ့သို႔ ျဖစ္ေနၿပီလို႔ ကြၽမ္းက်င္သူေတြက ေထာက္ျပပါတယ္။ ဒီလိုပဲ ဥေရာပရဲ႕ ပိတ္ ဆို႔အေရးယူမႈေတြဟာ တာမသြားေတာ့ဘဲ ႏိုင္ငံေရး ၾသဇာအာဏာ က်ဆင္းမႈကိုသာ ဦးတည္ေစပါတယ္။မၾကာေသး မီက တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္ရဲ႕ ေရပိုင္နက္အားလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တစ္ဖက္သက္ အတည္ျပဳခဲ့ပါတယ္။ ဒီအတြက္ ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ ဗီယက္နမ္ အစရွိတဲ့ႏိုင္ငံေတြနဲ႔ တင္းမာမႈေတြ ျဖစ္ခဲ့ၿပီး၊ ယူေကကလည္း စစ္သေဘၤာေတြ မၾကာမီက ေစလႊတ္ခဲ့ၿပီးပါၿပီ။

အေမရိကန္ကေတာ့ တ႐ုတ္ရဲ႕ေၾကညာခ်က္ကို ျငင္းဆန္ပယ္ခ်လိုက္ၿပီး၊ တ႐ုတ္အေနနဲ႔ ကမာၻႀကီး ကိုဗစ္ေၾကာင့္ မဟန္ႏိုင္ျဖစ္ေနတာကို အခြင့္ေကာင္းယူၿပီး ႏိုင္ငံငယ္ေလးေတြကို အႏိုင္က်င့္ေနၿပီလို႔ စြပ္စြဲလိုက္ပါတယ္။ အဲဒီေနာက္ အေမရိကန္ရဲ႕ တိုက္ပြဲဝင္ ေလယာဥ္တင္ သေဘၤာေတြကို လႊတ္လိုက္တာပါ။အခုဆိုရင္ကမာၻႀကီးဟာ စစ္ေရးအရ က်င္းထဲက်ပ္ထဲအေျခအေနကို ေရာက္လာၿပီျဖစ္ပါတယ္။ တ႐ုတ္ နဲ႔ ႐ုရွားတို႔ ဟာ အေမရိကန္နဲ႔ အဆင္မေျပတဲ့ ႏိုင္ငံေတြ၊ ဆန္ရွင္ပိတ္ဆို႔ အေရးယူၿပီး အႏိုင္က်င့္ခံထား ရတဲ့ ႏိုင္ငံငယ္ေလးေတြရဲ႕ ေက်ာ ေထာက္ေနာက္ခံ ျဖစ္လာခဲ့ပါတယ္။

(D Nae Khit)

UNICODE

ကမ္ဘာကြီးအခြေအနေကို တစ်ဖက်ကကြည့်ရင် အမေရိကန်၊ ဥရောပတို့ထက်ပင် တရုတ်-ရုရှားအင်ပါယာ ချဲ့ထွင်မှုက ပိုပြီးခရီးပေါက်လာ ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ တရုတ်အနေနဲ့ ကမ္ဘာ့စူပါပါဝါကို အမေရိကန်ဆီကနေ လက်လွှဲယူဖို့အတွက် အကောင်းဆုံးအချိန်လို့ တ ရုတ်အာဏာပိုင်တွေက တွေးမိပုံပါ။အရှေ့အလယ်ပိုင်းဟာ ကမ္ဘာကြီးရဲ့ မငြိမ်းချမ်းဆုံးနေရာဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေက တစ် ဖက်၊ ရုရှားနဲ့ တရုတ်တို့ဆီက လက်နက်အထောက်အပံ့ယူထားတဲ့ အစိုးရ သို့မဟုတ် လက်နက်ကိုင်တွေက တစ်ဖက်ဖြစ်နေတာကို ရှင်း ရှင်းလင်းလင်း မြင်ရမှာပါ။တရုတ်ဟာ မကြာသေးခင်ကပဲ အီရန်နဲ့ စစ်ရေးမဟာမိတ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့ ဆန်ရှင်ပိတ်ဆို့မှုတွေဟာ မထိရောက်တော့ဘဲ ပြိုင်ဘက်အင်အားကြီးနိုင်ငံတွေရဲ့ ကြွယ်ဝချမ်းသာမှုက သူတို့အတွက် သြဇာ အာဏာတည်ဆောက်ဖို့ အခွင့်အလမ်းတွေ ပေးလိုက်သကဲ့သို့ ဖြစ်နေပြီလို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ ဒီလိုပဲ ဥရောပရဲ့ ပိတ် ဆို့အရေးယူမှုတွေဟာ တာမသွားတော့ဘဲ နိုင်ငံရေး သြဇာအာဏာ ကျဆင်းမှုကိုသာ ဦးတည်စေပါတယ်။မကြာသေး မီက တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ရဲ့ ရေပိုင်နက်အားလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တစ်ဖက်သက် အတည်ပြုခဲ့ပါတယ်။ ဒီအတွက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ် အစရှိတဲ့နိုင်ငံတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပြီး၊ ယူကေကလည်း စစ်သင်္ဘောတွေ မကြာမီက စေလွှတ်ခဲ့ပြီးပါပြီ။

အမေရိကန်ကတော့ တရုတ်ရဲ့ကြေညာချက်ကို ငြင်းဆန်ပယ်ချလိုက်ပြီး၊ တရုတ်အနေနဲ့ ကမ္ဘာကြီး ကိုဗစ်ကြောင့် မဟန်နိုင်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်နေပြီလို့ စွပ်စွဲလိုက်ပါတယ်။ အဲဒီနောက် အမေရိကန်ရဲ့ တိုက်ပွဲဝင် လေယာဉ်တင် သင်္ဘောတွေကို လွှတ်လိုက်တာပါ။အခုဆိုရင်ကမ္ဘာကြီးဟာ စစ်ရေးအရ ကျင်းထဲကျပ်ထဲအခြေအနေကို ရောက်လာပြီဖြစ်ပါတယ်။ တရုတ် နဲ့ ရုရှားတို့ ဟာ အမေရိကန်နဲ့ အဆင်မပြေတဲ့ နိုင်ငံတွေ၊ ဆန်ရှင်ပိတ်ဆို့ အရေးယူပြီး အနိုင်ကျင့်ခံထား ရတဲ့ နိုင်ငံငယ်လေးတွေရဲ့ ကျော ထောက်နောက်ခံ ဖြစ်လာခဲ့ပါတယ်။

(D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *