COVID-19နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရုတ်သို့စေလွှတ်လိုက်သည့် WHOအ ဖွဲ့ ဝူဟန်ဓာတ်ခွဲခန်းသို့ မသွားရောက်ခဲ့
Ref ; Express
UNICODE
တရုတ်ကို ရောက်သွားတဲ့ WHO ကိုယ်စားလှယ်အဖွဲ့ဟာ ဝူဟန်ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ စကားဦးတောင် သန်းခဲ့တာမျိုးမရှိဘဲ၊ အာဏာပိုင်တွေက ထုတ်ပေးတဲ့ စာရွက်စာတမ်းအချို့ကိုသာ စစ်ဆေးပြီး ဘေဂျင်းကနေ ပြန်သွားခဲ့ကြတယ်လို့ Sunday Time သတင်းစာက ရေးသားထားပါတယ်။
နောက်ပြီး သဘာဝအတိုင်း ကူးစက်တာဆိုတဲ့ တရုတ်အာဏာပိုင်တွေရဲ့ အဆိုကိုပဲ WHO က အတည်ပြုခဲ့တာမို့ အမေရိကန်နဲ့ WHO တို့ ထိပ်တိုက်တွေ့ခဲ့ပြီး၊ နောက်ဆုံး အမေရိကန်ဟာ WHO ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဒီလိုပဲ ယခင်က ရန်ပုံငွေအများ ဆုံး ထောက်ပံ့နေမှုကိုလည်း ရပ်ဆိုင်းလိုက်တာပါ။
WHO က ကိုဗစ်အရေးစုံစမ်းထောက်လှမ်းဖို့ ဖွဲ့စည်းပေးလိုက်တဲ့အဖွဲ့ဟာ ဗိုင်းရပ်စ်စတင်ပြန့်နှံံ့ရာစင်တာလို့ ယူဆရတဲ့ တရုတ်နိုင်ငံက ဝူဟန်ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြောင်း သိရပါတယ်။ သတင်းတွေမှာတော့ WHO စုံစမ်းရေးအဖွဲ့ဟာ ဓာတ်ခွဲခန်းဆီကို ခြေဦးပင် မလှည့်ခဲ့ဘူးလို့ ဖော်ပြနေပါတယ်။
တကယ်က WHO အနေနဲ့ အပြည်ပြည်ဆိုင်ရာက ဝူဟန်ဓာတ်ခွဲခန်းကို လက်ညှိုးထိုးနေကြချိန်မှာ၊ အားလုံး သံသယရှင်းသွားအောင် စစ်ဆေးပေးဖို့ အဓိကနေရာအဖြစ် ဝူဟန်ကိုအရင်ဆုံး သွားရောက်သင့်ပါလျှက် ပျက်ကွက်ခဲ့တာဟာ အလွန်သံသယဝင်စရာ ကောင်းနေ တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းလောက်မှာ ကိုဗစ်-၁၉ စတင်ခဲ့တာဖြစ်ပြီး၊ တရုတ်အာဏာပိုင်တွေကတော့ တိရစ္ဆာန်တွေကနေ လူတွေဆီကို စတင်ကူးစက်တဲ့သဘောမျိုး လွှဲချခဲ့ပြီး၊ ဝူဟန်မြို့က အကြီးဆုံးသားငါးဈေးကို အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေရာဟာ ဓာတ်ခွဲခန်းနဲ့ မိုင်(၂၀)သာ ဝေးပါတယ်။
Ref ;  Express
Add a Comment
Your email address will not be published. Required fields are marked *