တိုင္းျပည္အတြက္ အႏၲရာယ္ႀကီးသည့္ သတင္းမွားမ်ားျပဳလုပ္ရန္ ေငြေပးခိုင္းေစသူ မည္သူကိုမဆို အေရးယူမည္ဟု သမၼတ႐ုံးေျပာၿပီ

ဒီအခ်ိန္မွာ ေ႐ြးေကာက္ပြဲ နဲ႔ဆက္စပ္ၿပီးေတာ့ ကမ္းလွမ္းမႈ ေတြရွိလာတယ္ေပါ့။ သတင္းတု၊ သတင္းမွားေတြနဲ႔ ကမ္ပိန္းေတြ လုပ္ဖို႔ျဖစ္ ေစေပါ့။ တရားဝင္မီဒီ ယာတစ္ခုေထာင္ၿပီးေတာ့ ဘက္ မမွ်တဲ့သတင္း ေဖာ္ျပခ်က္ေတြ ေပါ့ေနာ္။ ဒါမ်ိဳးေတြျဖစ္ေစေပါ့။ ရည္႐ြယ္ခ်က္ ရွိသည္ျဖစ္ေစ၊ မရွိ သည္ျဖစ္ေစ၊ ဒါမ်ိဳးေတြကမ္းလွမ္း တဲ့အေပၚမွာလည္း ကြၽန္ေတာ္တို႔ တင္းခံဖို႔ေတာ့ခက္ပါတယ္။ ေျပာ ရရင္ကမ္ ပိန္းမွာအေထာက္အကူ ျဖစ္ေစႏိုင္တဲ့ ဥပမာအားျဖင့္လူထု ရဲ႕ သေဘာထားအျမင္ေတြ ေျပာင္းလဲသြားေအာင္ ဖန္တီးေပး တာေပါ့။

ဖန္တီးတဲ့အခါမွာ သ တင္းတုေတြ၊ သတင္းမွားေတြနဲ႔ လုပ္တဲ့ဟာမ်ိဳးကိုဆိုလိုတယ္။ အဲ ဒီပုဂၢိဳလ္မ်ိဳးကိုဆိုလိုတယ္’’ ဟု သမၼတ႐ုံးေျပာေရး ဆိုခြင့္ရွိသူဦးေဇာ္ေဌးက ဆိုသည္။ဆက္လက္၍ ‘‘ကြၽန္ေတာ္တို႔ မွာလည္း နံရံမွာနားရွိတယ္ဆိုတဲ့ အတိုင္းၾကားပါတယ္။ ဘယ္သူ ေတြ ဘယ္လိုစာခ်ဳပ္ခ်ဳပ္တယ္၊ သိန္းဘယ္ႏွေထာင္ ဘယ္လို ေတြေပးတယ္၊ စသည္ျဖင့္ေပါ့။ ဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိ ကြၽန္ေတာ္တို႔မွာ လည္း အၿမဲတမ္း ၾကားေနရ ပါတယ္။ တခ်ိဳ႕ဆိုရင္ ေၾကာက္စရာေကာင္းတဲ့ေငြေၾကး ပမာဏေပါ့’’ဟု ၎ကျဖည့္စြက္ ေျပာၾကားသည္။

တိုင္းျပည္အတြက္ အႏၲရာယ္ႀကီးသည့္ သတင္းတု၊ သတင္းမွားမ်ားကို Network ဖြဲ႕ၿပီး ေဆာင္႐ြက္ရန္ေနာက္ကြယ္မွ ေငြပုံေပးခိုင္း ေစသည့္ မည္သူမဆို ဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္ မည္ျဖစ္ေၾကာင္း ဦးေဇာ္ေဌး ကသတိေပး ေျပာၾကားသည္။ ႏိုင္ငံေရးအရျဖစ္ေစ၊ ေ႐ြးေကာက္ပြဲအရျဖစ္ေစ၊ ဘာသာေရးအရ ျဖစ္ေစ၊ လူမ်ိဳးေရးအရျဖစ္ေစ အႏၲရာယ္ႀကီးသည့္လုပ္ရပ္မ်ား လုပ္ ေဆာင္ရန္ Network ဖြဲ႕၍ လုပ္လာသည္မ်ားကို ေတြ႕ေနရသည္ဟု ဦးေဇာ္ေဌးကဆိုသည္။

အေရးႀကီးတာ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ အဲဒီလိုမ်ိဳးလုပ္တဲ့ ဟာက ႏိုင္ငံေရးအက်ိဳးအျမတ္အရ ေ႐ြးေကာက္ပြဲအရ ျဖစ္ေစ၊ ဘာသာေရး အရျဖစ္ေစ၊ လူမ်ိဳးေရးအရျဖစ္ေစ အႏၲရာယ္ႀကီးတဲ့လုပ္ ရပ္ေတြလုပ္လာတဲ့ Network ဖြဲ႕ၿပီးလုပ္တဲ့ဟာေပါ့။ Network ဖြဲ႕ၿပီး လုပ္တယ္၊ တိုင္းျပည္အတြက္ အႏၲရာယ္ႀကီးတဲ့ဟာေတြကို လုပ္လာ တယ္။ အဲဒီေနာက္ကြယ္မွာ ေငြပုံေပးၿပီးေတာ့ ခိုင္းေစတဲ့သူ၊ မည္သူ မဆို၊ မည္သူ မဆို ဥပေဒနဲ႔အညီ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ေရးဆိုင္ရာဥပေဒ၊ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒ စသည္ျဖင့္ ဥပေဒေတြရွိပါတယ္။

အဲဒါေတြနဲ႔ၿငိစြန္းသြားႏိုင္တယ္။ အ ေရးယူတာေတြခံရႏိုင္တယ္ဆိုတာ ကြၽန္ေတာ္တို႔ သတိေပးတာ ျဖစ္ တယ္’’ဟု ဦးေဇာ္ေဌးက ေျပာ သည္။ဇူလိုင္ ၁၇ရက္က ေနျပည္ ေတာ္ရွိ သမၼတအိမ္ေတာ္တြင္ျပဳ လုပ္သည့္ သတင္းစာရွင္းလင္းပြဲ ၌မီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။လက္ရွိတြင္လည္း ဥပေဒ ႏွင့္ညီၫြတ္မႈမရွိသည့္ သတင္း တု၊ သတင္းမွားမ်ားျပဳလုပ္ေနသူ မ်ားကိုစုံစမ္း ေဖာ္ထုတ္ေနၿပီး အ ခ်ိန္တန္ပါက အသိေပးမည္ဟု ဦးေဇာ္ေဌးကျဖည့္စြက္ေျပာၾကား သည္။

REF: 7DAY DAILY

UNICODE

ဒီအချိန်မှာ ရွေးကောက်ပွဲ နဲ့ဆက်စပ်ပြီးတော့ ကမ်းလှမ်းမှု တွေရှိလာတယ်ပေါ့။ သတင်းတု၊ သတင်းမှားတွေနဲ့ ကမ်ပိန်းတွေ လုပ်ဖို့ဖြစ် စေပေါ့။ တရားဝင်မီဒီ ယာတစ်ခုထောင်ပြီးတော့ ဘက် မမျှတဲ့သတင်း ဖော်ပြချက်တွေ ပေါ့နော်။ ဒါမျိုးတွေဖြစ်စေပေါ့။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ၊ ဒါမျိုးတွေကမ်းလှမ်း တဲ့အပေါ်မှာလည်း ကျွန်တော်တို့ တင်းခံဖို့တော့ခက်ပါတယ်။ ပြော ရရင်ကမ် ပိန်းမှာအထောက်အကူ ဖြစ်စေနိုင်တဲ့ ဥပမာအားဖြင့်လူထု ရဲ့ သဘောထားအမြင်တွေ ပြောင်းလဲသွားအောင် ဖန်တီးပေး တာပေါ့။

ဖန်တီးတဲ့အခါမှာ သ တင်းတုတွေ၊ သတင်းမှားတွေနဲ့ လုပ်တဲ့ဟာမျိုးကိုဆိုလိုတယ်။ အဲ ဒီပုဂ္ဂိုလ်မျိုးကိုဆိုလိုတယ်’’ ဟု သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူဦးဇော်ဌေးက ဆိုသည်။ဆက်လက်၍ ‘‘ကျွန်တော်တို့ မှာလည်း နံရံမှာနားရှိတယ်ဆိုတဲ့ အတိုင်းကြားပါတယ်။ ဘယ်သူ တွေ ဘယ်လိုစာချုပ်ချုပ်တယ်၊ သိန်းဘယ်နှထောင် ဘယ်လို တွေပေးတယ်၊ စသည်ဖြင့်ပေါ့။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်တော်တို့မှာ လည်း အမြဲတမ်း ကြားနေရ ပါတယ်။ တချို့ဆိုရင် ကြောက်စရာကောင်းတဲ့ငွေကြေး ပမာဏပေါ့’’ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

တိုင်းပြည်အတွက် အန္တရာယ်ကြီးသည့် သတင်းတု၊ သတင်းမှားများကို Network ဖွဲ့ပြီး ဆောင်ရွက်ရန်နောက်ကွယ်မှ ငွေပုံပေးခိုင်း စေသည့် မည်သူမဆို ဥပဒေများနှင့်အညီ ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးဇော်ဌေး ကသတိပေး ပြောကြားသည်။ နိုင်ငံရေးအရဖြစ်စေ၊ ရွေးကောက်ပွဲအရဖြစ်စေ၊ ဘာသာရေးအရ ဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ အန္တရာယ်ကြီးသည့်လုပ်ရပ်များ လုပ် ဆောင်ရန် Network ဖွဲ့၍ လုပ်လာသည်များကို တွေ့နေရသည်ဟု ဦးဇော်ဌေးကဆိုသည်။

အရေးကြီးတာ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီလိုမျိုးလုပ်တဲ့ ဟာက နိုင်ငံရေးအကျိုးအမြတ်အရ ရွေးကောက်ပွဲအရ ဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ အန္တရာယ်ကြီးတဲ့လုပ် ရပ်တွေလုပ်လာတဲ့ Network ဖွဲ့ပြီးလုပ်တဲ့ဟာပေါ့။ Network ဖွဲ့ပြီး လုပ်တယ်၊ တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့ဟာတွေကို လုပ်လာ တယ်။ အဲဒီနောက်ကွယ်မှာ ငွေပုံပေးပြီးတော့ ခိုင်းစေတဲ့သူ၊ မည်သူ မဆို၊ မည်သူ မဆို ဥပဒေနဲ့အညီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ စသည်ဖြင့် ဥပဒေတွေရှိပါတယ်။

အဲဒါတွေနဲ့ငြိစွန်းသွားနိုင်တယ်။ အ ရေးယူတာတွေခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့ သတိပေးတာ ဖြစ် တယ်’’ဟု ဦးဇော်ဌေးက ပြော သည်။ဇူလိုင် ၁၇ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော်တွင်ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဥပဒေ နှင့်ညီညွတ်မှုမရှိသည့် သတင်း တု၊ သတင်းမှားများပြုလုပ်နေသူ များကိုစုံစမ်း ဖော်ထုတ်နေပြီး အ ချိန်တန်ပါက အသိပေးမည်ဟု ဦးဇော်ဌေးကဖြည့်စွက်ပြောကြား သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *