ပါတီမ်ားအေနျဖင့္ ႏိုင္ငံ့ ေခါင္းေဆာင္ နဲ႔ အမ်ိဳးသား ေခါင္ေဆာင္ ကြဲျပားဖို႔လိုေၾကာင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ေျပာၿပီ

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီးကို ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပဖို႔ ေၾကညာ ထားၿပီး မဲ႐ုံ ေပါင္း ၄၀,၀၀၀ ေက်ာ္ ရွိဖို႔ လ်ာထားကာ မဲဆႏၵရွင္ေပါင္း ၃၇ ေက်ာ္ ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။လက္ရွိ တည္ဆဲႏိုင္ငံ ေရး ပါတီ စုစုေပါင္းကေတာ့ ၉၆ ခုရွိတယ္လို႔ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ သိရပါတယ္ ။

လာမယ့္္ (၂၀၂၀) အေထြေထြ ေ႐ြးေကာက္ ပြဲ မဲဆြယ္ စည္း႐ုံးရာမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံအသုံးျပဳကာ မဲဆြယ္ စည္း႐ုံးျခင္းမျပဳ ဖို႔ အခ်က္ကို ေ႐ြးေကာက္ပြဲက်င့္ဝတ္(Code of Conduct)မွာ ထည့္သြင္းဖို႔ ျပည္ေထာင္စု ႀကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္ ပါတီ အခ်ိဳ႕ကအခ်က္ (၁၂)ခ်က္ကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံတင္ျပ ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါ တယ္။

သည္အဆိုပါ တင္ျပခ်က္ ကိုလက္မခံတဲ့ အတြက္ ႀကံ့ခိုင္ေရး ပါတီပါ အဝင္ ႏိုင္ငံေရး ပါတီ (၃၀)ခန႔္္ က CoC တြင္ လက္မွတ္ေရး ထိုးခဲ့ျခင္း မရွိဘူးလို႔လည္း သိရပါတယ္။ဦးလွသိန္းကေတာ့ အမ်ိဳးသားေခါင္းေဆာင္ဟာ ျမန္မာႏိုင္ ငံ ႀကီး တည္ရွိေနသမွ် တည္ရွိေနမယ့္ ပုဂၢိဳလ္ျဖစ္ ၿပီး ႏိုင္ငံ့ေခါင္းေဆာင္ဟာ ၎အုပ္ခ်ဳပ္တဲ့ ကာလ အခ်ိန္မွာသာ ႏိုင္ငံ့ေခါင္းေဆာင္ျဖစ္တယ္လို႔ ရွင္းလင္းေျပာဆို ပါတယ္။

ဦးလွသိန္း က“ကိုယ့္ပါတီက ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံမသုံးခ်င္ဘူး။ဒါေၾကာင့္ က်န္တဲ့ ၉၂ပါတီက မသုံးရဘူးဆိုရင္ ကြၽန္ေတာ္ တရားမလား။ တရားလား။ကိုယ္မသုံးခ်င္မသုံးနဲ႔ေပါ့´´လို႔ ေျပာပါတယ္။ဒါ့အျပင္ ပါတီအားလုံး ကဗိုလ္ ခ်ဳပ္ ေအာင္ဆန္းပုံသုံးခ်င္ေပမယ့္လည္း ကန႔္ ကြက္တဲ့ပါတီရွိပါက ေကာ္မရွင္အေနနဲ႔ သုံးခြင့္ရရွိေအာင္ ေျဖရွင္းေပး သြားမယ္ လို႔ ဆိုပါတယ္။

အမ်ိဳးသား ေခါင္းေဆာင္ နဲ႔ ႏိုင္ငံ့ ေခါင္းေဆာင္ ကြဲျပားဖို႔ လိုတယ္ လို႔ ျပည္ေထာင္စု ေ႐ြးေကာက္္ ပြဲ ေကာ္မရွင္ မွ ဥကၠဌ ဦးလွသိန္း က ေျပာပါ တယ္။ ဇူလိုင္ လ (၁၇)ရက္ ေန႔ က ေနျပည္ေတာ္ မွာ ျပဳလုပ္ တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ အရပ္ဘက္ လူမႈ အဖြဲ႕အစည္းမ်ား ေတြ႕ဆုံပြဲမွာ အခုလို ေျပာခဲ့ တာ ျဖစ္ ပါတယ္။

ဦးလွသိန္း က“ႏိုင္ငံ့ေခါင္းေဆာင္ ပုံ ကို ႏိုင္ငံေရး ပါတီေတြက မဲဆြယ္စည္း႐ုံးေရးမွာမသုံးရဘူးလို႔ပါတီ (၃၀) က အဆိုျပဳ တယ္။ ပါတီ (၉၃) ရွိတာ မွာ ပါတီ (၃၀) က အဆိုျပဳ တယ္ ။ ကြၽန္ေတာ္ေျပာ တယ္။ ႏိုင္ငံ့ ေခါင္းေဆာင္ နဲ႔ အမ်ိဳးသား ေခါင္း ေဆာင္ ကြဲရဲ႕ လားလို႔၊ ကြၽန္ေတာ္ ေမးခြန္း ထုတ္တယ္ ´´လို႔ ေျပာ ပါတယ္ ။

crd: kumudra

UNICODE

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ ကြေညာ ထားပြီး မဲရုံ ပေါင်း ၄၀,၀၀၀ ကျော် ရှိဖို့ လျာထားကာ မဲဆန္ဒရှင်ပေါင်း ၃၇ ကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။လက်ရှိ တည်ဆဲနိုင်ငံ ရေး ပါတီ စုစုပေါင်းကတော့ ၉၆ ခုရှိတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ် ။

လာမယ့်် (၂၀၂၀) အထွေထွေ ရွေးကောက် ပွဲ မဲဆွယ် စည်းရုံးရာမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံအသုံးပြုကာ မဲဆွယ် စည်းရုံးခြင်းမပြု ဖို့ အချက်ကို ရွေးကောက်ပွဲကျင့်ဝတ်(Code of Conduct)မှာ ထည့်သွင်းဖို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ အချို့ကအချက် (၁၂)ချက်ကို ရွေးကောက်ပွဲ ကော်မရှင်ထံတင်ပြ တောင်းဆိုခဲ့ကြတယ်လို့ သိရပါ တယ်။

သည်အဆိုပါ တင်ပြချက် ကိုလက်မခံတဲ့ အတွက် ကြံ့ခိုင်ရေး ပါတီပါ အဝင် နိုင်ငံရေး ပါတီ (၃၀)ခန့်် က CoC တွင် လက်မှတ်ရေး ထိုးခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။ဦးလှသိန်းကတော့ အမျိုးသားခေါင်းဆောင်ဟာ မြန်မာနိုင် ငံ ကြီး တည်ရှိနေသမျှ တည်ရှိနေမယ့် ပုဂ္ဂိုလ်ဖြစ် ပြီး နိုင်ငံ့ခေါင်းဆောင်ဟာ ၎င်းအုပ်ချုပ်တဲ့ ကာလ အချိန်မှာသာ နိုင်ငံ့ခေါင်းဆောင်ဖြစ်တယ်လို့ ရှင်းလင်းပြောဆို ပါတယ်။

ဦးလှသိန်း က“ကိုယ့်ပါတီက ဗိုလ်ချုပ်အောင်ဆန်းပုံမသုံးချင်ဘူး။ဒါကြောင့် ကျန်တဲ့ ၉၂ပါတီက မသုံးရဘူးဆိုရင် ကျွန်တော် တရားမလား။ တရားလား။ကိုယ်မသုံးချင်မသုံးနဲ့ပေါ့´´လို့ ပြောပါတယ်။ဒါ့အပြင် ပါတီအားလုံး ကဗိုလ် ချုပ် အောင်ဆန်းပုံသုံးချင်ပေမယ့်လည်း ကန့် ကွက်တဲ့ပါတီရှိပါက ကော်မရှင်အနေနဲ့ သုံးခွင့်ရရှိအောင် ဖြေရှင်းပေး သွားမယ် လို့ ဆိုပါတယ်။

အမျိုးသား ခေါင်းဆောင် နဲ့ နိုင်ငံ့ ခေါင်းဆောင် ကွဲပြားဖို့ လိုတယ် လို့ ပြည်ထောင်စု ရွေးကောက်် ပွဲ ကော်မရှင် မှ ဥက္ကဌ ဦးလှသိန်း က ပြောပါ တယ်။ ဇူလိုင် လ (၁၇)ရက် နေ့ က နေပြည်တော် မှာ ပြုလုပ် တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းများ တွေ့ဆုံပွဲမှာ အခုလို ပြောခဲ့ တာ ဖြစ် ပါတယ်။

ဦးလှသိန်း က“နိုင်ငံ့ခေါင်းဆောင် ပုံ ကို နိုင်ငံရေး ပါတီတွေက မဲဆွယ်စည်းရုံးရေးမှာမသုံးရဘူးလို့ပါတီ (၃၀) က အဆိုပြု တယ်။ ပါတီ (၉၃) ရှိတာ မှာ ပါတီ (၃၀) က အဆိုပြု တယ် ။ ကျွန်တော်ပြော တယ်။ နိုင်ငံ့ ခေါင်းဆောင် နဲ့ အမျိုးသား ခေါင်း ဆောင် ကွဲရဲ့ လားလို့၊ ကျွန်တော် မေးခွန်း ထုတ်တယ် ´´လို့ ပြော ပါတယ် ။

crd: kumudra

Add a Comment

Your email address will not be published. Required fields are marked *