လူမႈကြန္ရက္တြင္ ေဝဖန္မႈမ်ားခဲ့သည့္ကိုဗစ္ပညာေပး ပန္းခ်ီေရးဆြဲသူ(၃)ဦးကို အျပစ္မရွိေၾကာင္း တရား႐ုံးအမိန႔္ခ်

ကြၽန္မတို႔က ေသမင္းတမန္ ပုံ ဟုတ္တယ္၊ ရဟန္းသံဃာေတြ ကို ေစာ္ကားတာ လုံးဝမရွိဘူးဆို တာကို တစိုက္မတ္မတ္သိေစခဲ့ ပါတယ္။ ေနာက္ၿပီးမွ သက္ေသ အေထာက္အထားေတြလည္းျပ တယ္။ အဲဒီလိုျပတဲ့အတြက္ အခု လို အမွန္အတိုင္းပဲ အၿပီးျပတ္ တရားေသလႊတ္ တယ္လို႔ပဲ တ ရား႐ုံးကေန တရားမွ်တစြာေဆာင္ ႐ြက္တယ္လို႔ပဲ ေျပာခ်င္ပါတယ္’’ ဟု တရားလႊတ္ ေတာ္ေရွ႕ေန ေဒၚဒြဲဘူက ေျပာသည္။

သက္ေသ အေထာက္အ ထားျပသရာတြင္ ေသမင္းတမန္ ဝတ္ထားသည့္ အနီေရာင္သည္ ရဟန္းသံဃာမ်ား ဝတ္သည့္ သကၤန္းအေရာင္ႏွင့္ တူညီေန သည္ဆိုသည့္ စြပ္စြဲမႈကို ၁၉၁၀ ခုႏွစ္ဝန္းက်င္က ယခုကဲ့သို႔ အ သက္ရႈလမ္းေၾကာင္းဆိုင္ရာေရာ ဂါျဖစ္ပြားစဥ္က လူေပါင္းမ်ားစြာ ေသဆုံးခဲ့သည့္ကိစၥရပ္ကို ဥပမာ ေပးထုေခ်ခဲ့သည္ဟု ၎က ဆို သည္။

ဝတ္႐ုံႏွင့္ပတ္သက္ၿပီး ထု ေခ်ရာတြင္ ေသမင္းတမန္၏ဝတ္ ႐ုံသည္အေနာက္သို႔ တြဲက်ေနၿပီး ရဟန္းသံဃာမ်ား၏ ဝတ္႐ုံသည္ ေျခမ်က္စိ ေအာက္ မေက်ာ္ရ ေၾကာင္း၊ လက္ကေတာ့ထိုးရာ တြင္လည္း ဖားလ်ားက်မေန ေၾကာင္း၊ ထို႔ေၾကာင့္ ရဟန္းသံ ဃာဝတ္႐ုံႏွင့္မတူေၾကာင္း သက္ ေသျပခဲ့ၿပီး ဘုန္းေတာ္ႀကီးတစ္ပါး က စနစ္က်သည့္ သကၤန္းဝတ္ပုံ ဝတ္နည္းကို လက္ေတြ႕ျပသခဲ့ေၾကာင္း ေဒၚဒြဲဘူက ေျပာ သည္။

ေသမင္းတမန္ပိုက္ထား သည့္ ေျမအိုးႏွင့္ပတ္သက္ၿပီး ေျမ အိုးႏွင့္ သပိတ္ လုံးဝမတူညီ ေၾကာင္းကို ထုေခ်ခဲ့သည္ဟု ၎ ကဆိုသည္။ ကိုဗစ္ပညာေပး သ႐ုပ္ ေဖာ္ပန္းခ်ီေရးဆြဲမႈေၾကာင့္ သာ သနာေတာ္ညႇိဳးႏြမ္းေစမႈျဖင့္ တ ရားစြဲဆိုခံရသည့္ လူငယ္သုံးဦးကို အျပစ္မရွိ ေၾကာင္း ျမစ္ႀကီးနား ၿမိဳ႕နယ္တရား႐ုံးက အမိန႔္ခ်ခဲ့ သည္။

ျမစ္ႀကီးနားဘူတာ တိုက္ တန္းရွိ နံရံတစ္ခုတြင္ အနီေရာင္ ဝတ္႐ုံၿခဳံၿပီး ေျမအိုးကိုင္ထားသည့္ ေသမင္းတမန္႐ုပ္ပုံပါ COVID- 19 ပညာေပး သ႐ုပ္ေဖာ္ပန္းခ်ီ ေရးဆြဲျခင္းမွာ သာသာနာညႇိဳးႏြမ္း ေစသည္ဟုဆိုကာ အသက္ (၃၀) အ႐ြယ္ ကိုေဇယ်ာေနာင္ အပါအ ဝင္ လူငယ္သုံးဦးကို အေရးယူေပး ရန္ ျပည္နယ္သာသနာေရးဦးစီး ဌာန တာဝန္ရွိသူက ဧၿပီလဆန္း တြင္ ၿမိဳ႕နယ္တရား႐ုံး၌ ေလွ်ာက္ ထားခဲ့ရာ ဇူလိုင္ ၁၇ ရက္တြင္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

REF: ဆဲဗင္းေဒး

UNICODE

ကျွန်မတို့က သေမင်းတမန် ပုံ ဟုတ်တယ်၊ ရဟန်းသံဃာတွေ ကို စော်ကားတာ လုံးဝမရှိဘူးဆို တာကို တစိုက်မတ်မတ်သိစေခဲ့ ပါတယ်။ နောက်ပြီးမှ သက်သေ အထောက်အထားတွေလည်းပြ တယ်။ အဲဒီလိုပြတဲ့အတွက် အခု လို အမှန်အတိုင်းပဲ အပြီးပြတ် တရားသေလွှတ် တယ်လို့ပဲ တ ရားရုံးကနေ တရားမျှတစွာဆောင် ရွက်တယ်လို့ပဲ ပြောချင်ပါတယ်’’ ဟု တရားလွှတ် တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

သက်သေ အထောက်အ ထားပြသရာတွင် သေမင်းတမန် ဝတ်ထားသည့် အနီရောင်သည် ရဟန်းသံဃာများ ဝတ်သည့် သင်္ကန်းအရောင်နှင့် တူညီနေ သည်ဆိုသည့် စွပ်စွဲမှုကို ၁၉၁၀ ခုနှစ်ဝန်းကျင်က ယခုကဲ့သို့ အ သက်ရှုလမ်းကြောင်းဆိုင်ရာရော ဂါဖြစ်ပွားစဉ်က လူပေါင်းများစွာ သေဆုံးခဲ့သည့်ကိစ္စရပ်ကို ဥပမာ ပေးထုချေခဲ့သည်ဟု ၎င်းက ဆို သည်။

ဝတ်ရုံနှင့်ပတ်သက်ပြီး ထု ချေရာတွင် သေမင်းတမန်၏ဝတ် ရုံသည်အနောက်သို့ တွဲကျနေပြီး ရဟန်းသံဃာများ၏ ဝတ်ရုံသည် ခြေမျက်စိ အောက် မကျော်ရ ကြောင်း၊ လက်ကတော့ထိုးရာ တွင်လည်း ဖားလျားကျမနေ ကြောင်း၊ ထို့ကြောင့် ရဟန်းသံ ဃာဝတ်ရုံနှင့်မတူကြောင်း သက် သေပြခဲ့ပြီး ဘုန်းတော်ကြီးတစ်ပါး က စနစ်ကျသည့် သင်္ကန်းဝတ်ပုံ ဝတ်နည်းကို လက်တွေ့ပြသခဲ့ကြောင်း ဒေါ်ဒွဲဘူက ပြော သည်။

သေမင်းတမန်ပိုက်ထား သည့် မြေအိုးနှင့်ပတ်သက်ပြီး မြေ အိုးနှင့် သပိတ် လုံးဝမတူညီ ကြောင်းကို ထုချေခဲ့သည်ဟု ၎င်း ကဆိုသည်။ ကိုဗစ်ပညာပေး သရုပ် ဖော်ပန်းချီရေးဆွဲမှုကြောင့် သာ သနာတော်ညှိုးနွမ်းစေမှုဖြင့် တ ရားစွဲဆိုခံရသည့် လူငယ်သုံးဦးကို အပြစ်မရှိ ကြောင်း မြစ်ကြီးနား မြို့နယ်တရားရုံးက အမိန့်ချခဲ့ သည်။

မြစ်ကြီးနားဘူတာ တိုက် တန်းရှိ နံရံတစ်ခုတွင် အနီရောင် ဝတ်ရုံခြုံပြီး မြေအိုးကိုင်ထားသည့် သေမင်းတမန်ရုပ်ပုံပါ COVID- 19 ပညာပေး သရုပ်ဖော်ပန်းချီ ရေးဆွဲခြင်းမှာ သာသာနာညှိုးနွမ်း စေသည်ဟုဆိုကာ အသက် (၃၀) အရွယ် ကိုဇေယျာနောင် အပါအ ဝင် လူငယ်သုံးဦးကို အရေးယူပေး ရန် ပြည်နယ်သာသနာရေးဦးစီး ဌာန တာဝန်ရှိသူက ဧပြီလဆန်း တွင် မြို့နယ်တရားရုံး၌ လျှောက် ထားခဲ့ရာ ဇူလိုင် ၁၇ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

REF:   ဆဲဗင်းဒေး

Add a Comment

Your email address will not be published. Required fields are marked *