အေပါင္ဆိုင္တြင္ ဖုန္းလာေပါင္သူက ဓားျဖင့္ထိုး၍ ဆိုင္ရွင္အမ်ိဳးသား ေသဆုံးၿပီး အမ်ိဳးသမီး(၃)ဦး ဒဏ္ရာရရွိမႈ ျဖစ္ပြား

ျပစ္မႈက်ဴးလြန္ၿပီး ထြက္ေျပးသြားခဲ့သူအား ၿမိဳ႕မစခန္းမႉး ဒုရဲမႉးႏွင့္ နယ္ထိန္းေခါင္းေဆာင္ ရဲတပ္ဖြဲ႕ဝင္ မ်ားက လိုက္လံဖမ္းဆီးခဲ့ရာ သာ ဇီရပ္ကြက္၊ ဇီးေတာကြက္သစ္သုသာန္အတြင္းရွိ ခ်ဳံပုတ္ မ်ားအတြင္း ပုန္းေအာင္းေနသည့္ ဇာနည္ထြန္းအား ဖမ္းဆီးရမိခဲ့ၿပီး အခင္းျဖစ္ ပြားရာ ေနအိမ္ယာဘက္ေဘးၿခံစည္း႐ိုးအနီးမွ ၎ အသုံးျပဳခဲ့သည့္ အသြားရွစ္လက္မ၊ အ႐ိုးေလး လက္မ၊ ေက်ာ႐ိုးငါးမန္းစြယ္ပါ ဓားအား သိမ္း ဆည္းရမိခဲ့ကာ နတၱလင္းၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂^၃၂၆ ျဖင့္ကနဦး အမႈဖြင့္ ထားရွိ ေၾကာင္း သိရသည္။

ပဲခူးတိုင္း (အေနာက္ပိုင္း)၊ သာယာဝတီခ႐ိုင္ နတၱလင္းၿမိဳ႕ အေပါင္ဆိုင္တြင္ ဖုန္းလာေပါင္သူက ဓားျဖင့္ထိုးမႈေၾကာင့္ ဆိုင္ရွင္အမ်ိဳးသား တစ္ဦး ေသဆုံးၿပီး အမ်ိဳးသမီး(၃)ဦး ျပင္းထန္ဒဏ္ရာမ်ားျဖင့္ ေဆး႐ုံတင္ထားရေၾကာင္း သိရသည္။ဇူလိုင္၁၈ ရက္ နံနက္ ၉ နာရီ ၂၅ မိနစ္ ခန႔္က အခင္းျဖစ္ပြားခဲ့ရာ နတၱလင္းၿမိဳ႕၊ သာဇီ ရပ္ကြက္ အျပင္သာစည္လမ္းေန ေအာင္ သစၥာအမိန႔္ရအေပါင္ဆိုင္ေနအိမ္သို႔ ဇာနည္ထြန္း (၂၆ ႏွစ္) သည္ ၎င္း၏ လက္ကိုင္ဖုန္း MI ဖုန္းအမ်ိဳးအစားကို လာေရာက္ေပါင္ႏွံခဲ့ေၾကာင္း သိရသည္။

ထိုစဥ္ ဆိုင္တြင္ရွိ ေနသည့္ ဦးဝင္း ေဇာ္ (၄၀) ႏွစ္ႏွင့္ စကားမ်ားရန္ျဖစ္ရာက ဇာနည္ထြန္းက အသင့္ပါလာေသာဓားျဖင့္ ဦးဝင္းေဇာ္၏ လည္ပင္းကို လွီးခဲ့ျခင္းျဖစ္ေၾကာင္း ယင္းၿမိဳ႕ ၿမိဳ႕မရဲစခန္းက သိရသည္။ျဖစ္စဥ္ျဖ စ္ပြားေတာ့ဓားဒဏ္ ရာနဲ႔ စခန္းမွာလာတိုင္တယ္ေပါ့။ ကြၽန္ေတာ္တို႔ လည္းခ်က္ခ်င္း လိုက္လံရွာေဖြဖမ္းဆီး တာ မွာ မိနစ္၂ဝအတြင္းမွာ ဖမ္းဆီးရမိပါတယ္။ ရမိတာနဲ႔ ရဲလုပ္ထုံးလုပ္နည္းနဲ႔ ဖမ္းဆီး စစ္ ေဆးမႈေတြ လုပ္ေနပါၿပီ။ ကနဦးစစ္ေဆး ခ်က္အရေတာ့ ဖုန္းေပါင္တယ္ေပါ့။

အဲဒီမွာ စကားမ်ားၿပီး ပါလာတဲ့ဓားနဲ႔ ထိုးလိုက္တာ ေပါ့။ ေဒါသအေလ်ာက္ စိတ္လိုက္မာန္ပါ လုပ္တဲ့သေဘာမ်ိဳးေပါ့။ သူက ဓားလည္း ေဆာင္ေလ့ေဆာင္ထ ရွိတယ္လို႔သိရတယ္” ဟု နတၱလင္းၿမိဳ႕မရဲစခန္းမႉးဒုရဲမႉးထြန္း လင္းခိုင္က ေျပာၾကားသည္။ ျဖစ္စဥ္ျဖစ္ပြား ေနခ်ိန္တြင္ မီးဖို အတြင္းမွ ေအာ္ဟစ္ေျပးထြက္လာေသာ ဦးေဇာ္ဝင္း အစ္မႏွစ္ဦးႏွင့္ တူမျဖစ္သူတို႔ကိုပါ ဓားျဖင့္ဆက္လက္ထိုးမႈေၾကာင့္ ေဒၚႏွင္းႏွင္းခိုင္(၅၀)ႏွစ္ တြင္ ဝမ္းဗိုက္၊ ဆီးခုံအထက္၊ ယာဘက္ႏို႔အုံထိုးသြင္းဒဏ္ရာ၊ ယာလက္ ေမာင္းျပတ္ရွ ဒဏ္ရာမ်ား (စိုးရိမ္ရ)။

ေဒၚသင္းသင္းခိုင္(၄၆) ႏွစ္ တြင္ ယာဘက္ႏို႔အုံ ထိုးသြင္းဒဏ္ရာ (ျပင္းထန္စိုးရိမ္ရ)အေျခအေန၊ မနီနီမြန္(၃၄) ႏွစ္ ယာဘက္လက္ ေမာင္း တစ္လက္မခန႔္ျပတ္ရွ ဒဏ္ရာ၊ ဝဲဘက္ရင္ဘက္တစ္လက္မခန႔္ျပတ္ ရွဒဏ္ရာ(ျပင္းထန္စိုးရိမ္ရ) အေျခအေန တို႔ ျဖစ္ပြားခဲ့ကာ ဇာနည္ ထြန္းက ထြက္ေျပးသြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

REF: ELEVEN MEDIA

UNICODE

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားခဲ့သူအား မြို့မစခန်းမှူး ဒုရဲမှူးနှင့် နယ်ထိန်းခေါင်းဆောင် ရဲတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးခဲ့ရာ သာ ဇီရပ်ကွက်၊ ဇီးတောကွက်သစ်သုသာန်အတွင်းရှိ ချုံပုတ် များအတွင်း ပုန်းအောင်းနေသည့် ဇာနည်ထွန်းအား ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ် ပွားရာ နေအိမ်ယာဘက်ဘေးခြံစည်းရိုးအနီးမှ ၎င်း အသုံးပြုခဲ့သည့် အသွားရှစ်လက်မ၊ အရိုးလေး လက်မ၊ ကျောရိုးငါးမန်းစွယ်ပါ ဓားအား သိမ်း ဆည်းရမိခဲ့ကာ နတ္တလင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂^၃၂၆ ဖြင့်ကနဦး အမှုဖွင့် ထားရှိ ကြောင်း သိရသည်။

ပဲခူးတိုင်း (အနောက်ပိုင်း)၊ သာယာဝတီခရိုင် နတ္တလင်းမြို့ အပေါင်ဆိုင်တွင် ဖုန်းလာပေါင်သူက ဓားဖြင့်ထိုးမှုကြောင့် ဆိုင်ရှင်အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး(၃)ဦး ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။ဇူလိုင်၁၈ ရက် နံနက် ၉ နာရီ ၂၅ မိနစ် ခန့်က အခင်းဖြစ်ပွားခဲ့ရာ နတ္တလင်းမြို့၊ သာဇီ ရပ်ကွက် အပြင်သာစည်လမ်းနေ အောင် သစ္စာအမိန့်ရအပေါင်ဆိုင်နေအိမ်သို့ ဇာနည်ထွန်း (၂၆ နှစ်) သည် ၎င်းင်း၏ လက်ကိုင်ဖုန်း MI ဖုန်းအမျိုးအစားကို လာရောက်ပေါင်နှံခဲ့ကြောင်း သိရသည်။

ထိုစဉ် ဆိုင်တွင်ရှိ နေသည့် ဦးဝင်း ဇော် (၄၀) နှစ်နှင့် စကားများရန်ဖြစ်ရာက ဇာနည်ထွန်းက အသင့်ပါလာသောဓားဖြင့် ဦးဝင်းဇော်၏ လည်ပင်းကို လှီးခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့ မြို့မရဲစခန်းက သိရသည်။ဖြစ်စဉ်ဖြ စ်ပွားတော့ဓားဒဏ် ရာနဲ့ စခန်းမှာလာတိုင်တယ်ပေါ့။ ကျွန်တော်တို့ လည်းချက်ချင်း လိုက်လံရှာဖွေဖမ်းဆီး တာ မှာ မိနစ်၂ဝအတွင်းမှာ ဖမ်းဆီးရမိပါတယ်။ ရမိတာနဲ့ ရဲလုပ်ထုံးလုပ်နည်းနဲ့ ဖမ်းဆီး စစ် ဆေးမှုတွေ လုပ်နေပါပြီ။ ကနဦးစစ်ဆေး ချက်အရတော့ ဖုန်းပေါင်တယ်ပေါ့။

အဲဒီမှာ စကားများပြီး ပါလာတဲ့ဓားနဲ့ ထိုးလိုက်တာ ပေါ့။ ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်တဲ့သဘောမျိုးပေါ့။ သူက ဓားလည်း ဆောင်လေ့ဆောင်ထ ရှိတယ်လို့သိရတယ်” ဟု နတ္တလင်းမြို့မရဲစခန်းမှူးဒုရဲမှူးထွန်း လင်းခိုင်က ပြောကြားသည်။ ဖြစ်စဉ်ဖြစ်ပွား နေချိန်တွင် မီးဖို အတွင်းမှ အော်ဟစ်ပြေးထွက်လာသော ဦးဇော်ဝင်း အစ်မနှစ်ဦးနှင့် တူမဖြစ်သူတို့ကိုပါ ဓားဖြင့်ဆက်လက်ထိုးမှုကြောင့် ဒေါ်နှင်းနှင်းခိုင်(၅၀)နှစ် တွင် ဝမ်းဗိုက်၊ ဆီးခုံအထက်၊ ယာဘက်နို့အုံထိုးသွင်းဒဏ်ရာ၊ ယာလက် မောင်းပြတ်ရှ ဒဏ်ရာများ (စိုးရိမ်ရ)။

ဒေါ်သင်းသင်းခိုင်(၄၆) နှစ် တွင် ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာ (ပြင်းထန်စိုးရိမ်ရ)အခြေအနေ၊ မနီနီမွန်(၃၄) နှစ် ယာဘက်လက် မောင်း တစ်လက်မခန့်ပြတ်ရှ ဒဏ်ရာ၊ ဝဲဘက်ရင်ဘက်တစ်လက်မခန့်ပြတ် ရှဒဏ်ရာ(ပြင်းထန်စိုးရိမ်ရ) အခြေအနေ တို့ ဖြစ်ပွားခဲ့ကာ ဇာနည် ထွန်းက ထွက်ပြေးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

REF:  ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *