အမြင့်ပေ (၁)သောင်းရောက်မှပြုတ်ကျ သေဆုံးသွားခဲ့ရတဲ့ မိုးပျံပူဖောင်းစီး သားအမိ(၂)ယောက်၏ ဖြစ်ရပ်ဆိုး (ရုပ်သံ)






REF: APANN PYAY

UNICODE

မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကတော့ သားအမိနှစ်ယောက်လုံးမြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ဆိုးဆိုးရွားရွား ပြုတ်ကျသေ ဆုံးသွားခဲ့ရတာကို တွေ့ရှိခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ် ။ ထို့အပြင် သားအမိနှစ်ယောက်လုံး မြေပြင်ပေါ်ပြုတ်ကျခဲ့ချိန်မှာတော့ ရုပ် အလောင်းမှာ အစိတ်စိတ်အမွှာမွှာကွဲကြေ သွားခဲ့ရကြောင်းလည်း ဖော်ပြထားခဲ့ပါတယ် ။

ရဲအရာရှိများကတော့ အဆိုပါမိုးပျံပူဖောင်းကုမ္ပဏီဟာ တရားဝင်မဟုတ်သည့်အတွက် ဥပဒေနှင့်ဆန့်ကျင်နေကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါ အဖြစ်အပျက်ကိုတော့ ဥပဒေနှင့်ဆန့်ကျင်ပြီး ပြစ်မှုကျူ းလွန်းခဲ့သည့်လုပ်ရပ်အဖြစ် ဖော်ပြထားခဲ့ပါတယ် ။ ထို့အပြင် ၎င်းမိုး ပျံပူဖောင်းကုမ္ပဏီဟာ လတ်မှတ်ဝယ်ယူထားခဲ့ကြသော အခြားသော လည်ပတ်သူများကိုလည်း ငွေပြန်အမ်းပေးခဲ့ရပါတယ် ။

တရုတ်နိုင်ငံမှာ နေထိုင်တဲ့သားအမိနှစ်ယောက်ဟာ မိုးပျံပူဖောင်းစီးရင်း အမြင့်ပေ 10,000 ရောက်မှမိုးပျံပူဖောင်းပေါက်ကွဲသွားခဲ့လို့ ပြုတ် ကျကာသေဆုံးသွားခဲ့ရမှုဖြစ်ပွားခဲ့ပါတယ် ။အဆိုပါ Video ကိုတရုတ် social media site ဖြစ်တဲ့ Weibo မှာတော့ ဖော်ပြထားပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁)ရက်နေ့မှာ တရုတ်နိုင်ငံ Shandong ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

video ထဲမှာ အမေဖြစ်သူနှင့် သမီးဖြစ်သူတို့ဟာ တစ်ယောက်ထိုင်ခုံ နှင့် တစ်ယောက်တစ်ဖက်စီခွဲထိုင်ကာ မိုးပျံပူဖောင်းစပြီးစီးခဲ့တာပါ ။ တခြားမိုးပျံပူဖောင်တွေလို ခရီးသွားဧည့်သည်တွေတက်စီးဖို့ ခြင်းတောင်းမျိုးမပါရှိပါဘူး ။ မိုးပျံပူဖောင်း တစ်ခုလုံးက လုံးဝကိုမခိုင်ခံ့တဲ့ ပုံစံ မျိုးနှင့် ကြိုးများဖြင့်သာချိတ်ဆွဲထားတာကိုလည်း တွေ့ရှိရမှာပါ ။

အဆိုပါ မိုးပျံပူဖောင်းဟာ ၎င်းတို့သားအမိနှစ်ယောက်လုံးကို အမြင့်ပေပေါင်း 10,000 အထိခေါ်ဆောင်သွားခဲ့တာပါ ။ မိုးပျံပူဖောင်းများရဲ့ ပုံမှန်အမြင့်ပေဟာ ပေပေါင်း 1000 နဲ့ 3000 ကြားသားရှိသင့်ကြောင်း Outdoor Troop ရဲ့ဖော်ပြချက်များအရသိရှိရပါတယ် ။ ရုတ်တ ရက်ကိုပဲ အဆိုပါမိုးပျံပူဖောင်းဟာ လှမ်းမမြင်နိုင်တော့လောက်တဲ့ အမြင့်ပေအထိကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

REF:   APANN  PYAY

Add a Comment

Your email address will not be published. Required fields are marked *