မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာန အကြီးအကဲ(၂)ဦး သမ္မတခွင့်မပြုပဲ ဦးပိုင်လိမီတက်တွင် ပါဝင်နေ၍ နုတ်ထွက်ရ






REF: 7DAY DAILY

UNICODE

လက်ရှိကျင့်သုံးနေသည့် ၁၉၃၈ ခုနှစ်တွင် Government service contanct rule ပုဒ်မ ၁၃ နှင့် ၁၄ တွင် နိုင်ငံဝန်ထမ်းများ သည် ပြည် ထောင်စုအစိုးရအဖွဲ့ ရုံးနှင့် နိုင်ငံတော်သမ္မတရုံးမှဖြစ် စေ ကြိုတင်ခွင့်ပြုချက်ရရှိပါက အခြားစီးပွားရေးလုပ်ငန်းအဖွဲ့အ စည်းများတွင် ပါ ဝင်ဆောင်ရွက် ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား ကြောင်း ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်သီတာဦးက ပြောဆိုသည်။

ထို့ကြောင့် ဦးပိုင်လိမီတက် ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်နေသည့်ဌာနမှ အရာရှိနှစ် ဦးပါဝင်နေမှုသည် သမ္မတမှ ကြို တင်ခွင့်ပြုချက် မရရှိပါက ဥပဒေ နှင့် ညီညွတ်ခြင်းမရှိကြောင်း သမ္မတရုံးသို့လည်း အကြောင်း ပြန်ထားခြင်း ဖြစ်သည်။တပ်မတော်ပိုင်စီး ပွားရေးလုပ်ငန်း များကို ဆောင် ရွက်နေသည့် မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက်၏ ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ပါဝင်နေသည့် အစိုးရဌာနမှ အရာရှိ(၂)ဦး သည် ဥပဒေနှင့် မညီညွတ်ဟု ဆိုသည်။

ထိုအရာရှိကြီး(၂)ဦး ဇူလိုင် ၆ ရက်တွင် ဦးပိုင်ဒါရိုက်တာဘုတ် အဖွဲ့မှ နုတ်ထွက်လိုက်ပြီဖြစ် ကြောင်း သမ္မတရုံးမှ ပြောရေးဆို ခွင့်ရှိသူဦး ဇော်ဌေးက အတည်ပြု ပြောဆိုသည်။ဦးပိုင်လီမိတက်၏ ဒါရိုက် တာများအနက် ဗိုလ်မှူးချုပ် ဟောင်းဦးကျော်ထင်သည် အ ကောက်ခွန် ဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်နှင့် ဗိုလ်မှူးဟောင်း ဦးနီအောင်သည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဦးဆောင်ညွှန် ကြားရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်နေသူများ ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏပိုင် ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်သည် ၎င်း၏သဘောထားဆန္ဒအရ ဦး ပိုင်လီမီတက် မှ နုတ်ထွက်ထားပြီး ဖြစ်စဉ်ကို သမ္မတရုံးသို့ တင်ပြ ထားကြောင်း ဦးဇော်ဌေးက ဆို သည်။အကောက်ခွန် ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ် ဗိုလ်မှူးချုပ် ဟောင်းဦးကျော်ထင်သည် ယခင် က ဆောင်ရွက်ချက်သည် ဥပဒေ နှင့်မညီညွတ်၍ ဒါရိုက်တာအဖွဲ့ ဝင်အဖြစ် ဆက်လက် ခန့်ထားရန် ခွင့်မပြုကြောင်း သိရသည်။

ယခင်ကခွင့် ပြုထားသည့်စာကို ယခုအမိန့်စာ ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက် ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကာကွယ် ရေး ဝန်ကြီးဌာနသို့ တရားဝင်စာပို့ ထားကြောင်း ၎င်းက ရှင်းပြသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *