ျမန္မာျပည္တစ္ဝန္း ျမစ္ေရေတြ စိုးရိမ္ေရမွတ္အထက္ ျမင့္တက္လာလို႔ သတင္းေတြမျပတ္ နားေထာင္ၾကရန္ မိုး/ဇလသတိေပး

အခုဆိုရင္ မုန္သုံမိုးရာသီခ်ိန္ ေရာက္လာၿပီ ျဖစ္တဲ့အတြက္ တခ်ိဳ႕ေနရာေတြမွာ မုတ္သုံမိုး အားေကာင္းတာေတြ ရွိသလို မိုးႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနတဲ့အတြက္ ျမစ္ေရေတြလည္း စိုးရိမ္ေရမွတ္အထက္ကို ျမင့္တက္လာေနပါတယ္။စိုးရိမ္ေရမွတ္အထက္ကို ေရာက္ရွိခဲ့တဲ့ ခ်င္း တြင္းျမစ္နဲ႔ ဧရာဝတီျမစ္ရဲ႕ လက္ရွိ စိုးရိမ္ေရမွတ္ အေျခအေနနဲ႔ ျမန္မာႏိုင္ငံတဝန္းက ျမစ္ေခ်ာင္းေတြမွာ စိုးရိမ္ေရမွတ္ေတြအထိ ျမစ္ေရ ျမင့္တက္လာေနတဲ့ အေနအထားေတြကိုေတာ့ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ရွင္း ျပပါတယ္။

လက္ရွိအေနနဲ႔ကေတာ့ စိုးရိမ္ေရမွတ္အထက္ ေရာက္ခဲ့တာနဲ႔ လက္ရွိ စိုးရိမ္ေရမွတ္ကို ေရာက္ေနတာကေတာ့ ဧရာဝတီျမစ္နဲ႔ ခ်င္းတြင္း ျမစ္ ၂ ခုပါ။ သံလြင္ကေတာ့ စိုးရိမ္ေရမွတ္အထက္ကို ေရာက္ဖို႔ ၄ ေပေလာက္ လိုေသးတယ္။ လက္ရွိ ဧရာဝတီျမစ္ေရကေတာ့ ၿပီးခဲ့တဲ့ တရက္ေက်ာ္က ေ႐ႊကူမွာေတာ့ သူက စိုးရိမ္ေရမွတ္ကို အနည္းငယ္ ေက်ာ္သြားတဲ့အတြက္ေၾကာင့္မို႔လို႔ ကသာဘက္မွာေတာ့ စိုးရိမ္ေရမွတ္ မေရာက္ခဲ့ဘူး၊ ျပန္က်ေနတယ္။ဒါေပမယ့္ သူတို႔ဆီကေန တက္ခဲ့တဲ့ေရေၾကာင့္ က်န္တဲ့ ေအာက္ကစခန္းေတြေပါ့ သပိတ္က်င္းတို႔ မႏၲေလး၊ စစ္ကိုင္း၊ ျမင္းမူတို႔ဘက္ကိုေတာ့ ဆက္ၿပီးေတာ့ ေရတက္ေနတဲ့ အေနအထားရွိတယ္။

အဲ့လိုမ်ိဳးပဲ ဒီ ခ်င္းတြင္းျမစ္ေပါ့၊ ခ်င္းတြင္းျမစ္မွာေတာ့ ဟုမၼလင္းနဲ႔ ေဖာင္းျပင္ကို ေရထိုးခဲ့တယ္။ ေဖာင္းျပင္ကေတာ့ စိုးရိမ္ေရမွတ္အထက္ ကို ေက်ာ္သြားၿပီေပါ့ေနာ္။ ေဖာင္းျပင္ရဲ႕ ေအာက္ကစခန္းေတြျဖစ္တဲ့ ကေလးဝတို႔ ေမာ္လိုက္တို႔ မင္းကင္းတို႔ မုံ႐ြာတို႔မွာေတာ့ စိုးရိမ္ေရမွတ္ ကို ေရာက္ႏိုင္တဲ့ အေနအထားမ်ိဳးေတြ ရွိပါတယ္၊ အခုတက္ခဲ့တဲ့ ေရအရေပါ့ေနာ္။”ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ျမင့္တက္လာ ေနတဲ့ အခ်ိန္မွာေတာ့ ဧရာဝတီတိုင္းတြင္းမွာလည္း ျမစ္ေရျမင့္တက္လာမႈေတြနဲ႔ ေရႀကီး ေရလႊမ္းမိုးမႈဒဏ္ေတြ ႀကဳံလာရႏိုင္ပါတယ္။

ဒီလို စိုးရိမ္ေရမွတ္အထက္ ျမစ္ေရလွ်ံမႈေတြ ျဖစ္လာႏိုင္တဲ့အတြက္ ျမစ္ကမ္းနံေဘးေန ျပည္သူေတြေရာ ေရလႊမ္းမိုးမႈဒဏ္ ခံခဲ့ရဖူးတဲ့ေဒ သက ျပည္သူေတြအေနနဲ႔ မိုးလဝသ သတင္းေတြကို စဥ္ဆက္မျပတ္ နားစြင့္ထားၾကဖို႔နဲ႔ အေရးေပၚအေျခအေနေတြ ႀကဳံလာရရင္ ႀကိဳတင္ ျပင္ဆင္ထားသင့္တဲ့ အေျခအေနေတြကိုလည္း မိုးဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္က သတိေပးပါတယ္။အဲဒီအတြက္ေၾကာင့္မို႔လို႔ ျမစ္ကမ္းနံ ေဘးမွာေနတဲ့ ျပည္သူေတြအေနနဲ႔ မိုးေကာင္းလာၿပီဆိုရင္ ျမစ္ေရေတြ ႐ုတ္တရက္ ျမင့္တက္လာႏိုင္တာတို႔ ျမစ္ေရေတြ ႀကီးလာႏိုင္တာတို႔ ဒီလိုမ်ိဳး အႏၲရာယ္ေတြ ရွိလာႏိုင္ပါတယ္။

အထူးသျဖင့္ ျမစ္ကမ္းနံေဘးမွာ ေနသူေတြက ေန႔စဥ္ထုတ္ျပန္ေနတဲ့ ျမစ္ေရအေျခအေနသတင္း ေန႔စဥ္ေစာင့္ၾကည့္ၿပီး မိမိတို႔ေနထိုင္တဲ့ ေနရာေဒသေတြမွာ ျမစ္ေရနဲ႔ ပတ္သက္ၿပီးေတာ့ ေဘးအႏၲရာယ္ ျဖစ္လာႏိုင္တယ္ဆိုရင္ ေဘးအႏၲရာယ္ ျဖစ္လာႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္လာၿပီဆိုရင္ ေဘးအႏၲရာယ္ကင္းတဲ့ ေနရာေတြကို ေခတၱခဏ ေ႐ႊ႕ေျပာင္းေနထိုင္သင့္ပါတယ္။ ဒါေတြကိုလည္း ႀကိဳတင္ျပင္ဆင္ ထားသင့္ပါတယ္။

REF: VOA

UNICODE

အခုဆိုရင် မုန်သုံမိုးရာသီချိန် ရောက်လာပြီ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ မုတ်သုံမိုး အားကောင်းတာတွေ ရှိသလို မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မြစ်ရေတွေလည်း စိုးရိမ်ရေမှတ်အထက်ကို မြင့်တက်လာနေပါတယ်။စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိခဲ့တဲ့ ချင်း တွင်းမြစ်နဲ့ ဧရာဝတီမြစ်ရဲ့ လက်ရှိ စိုးရိမ်ရေမှတ် အခြေအနေနဲ့ မြန်မာနိုင်ငံတဝန်းက မြစ်ချောင်းတွေမှာ စိုးရိမ်ရေမှတ်တွေအထိ မြစ်ရေ မြင့်တက်လာနေတဲ့ အနေအထားတွေကိုတော့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရှင်း ပြပါတယ်။

လက်ရှိအနေနဲ့ကတော့ စိုးရိမ်ရေမှတ်အထက် ရောက်ခဲ့တာနဲ့ လက်ရှိ စိုးရိမ်ရေမှတ်ကို ရောက်နေတာကတော့ ဧရာဝတီမြစ်နဲ့ ချင်းတွင်း မြစ် ၂ ခုပါ။ သံလွင်ကတော့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ဖို့ ၄ ပေလောက် လိုသေးတယ်။ လက်ရှိ ဧရာဝတီမြစ်ရေကတော့ ပြီးခဲ့တဲ့ တရက်ကျော်က ရွှေကူမှာတော့ သူက စိုးရိမ်ရေမှတ်ကို အနည်းငယ် ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ ကသာဘက်မှာတော့ စိုးရိမ်ရေမှတ် မရောက်ခဲ့ဘူး၊ ပြန်ကျနေတယ်။ဒါပေမယ့် သူတို့ဆီကနေ တက်ခဲ့တဲ့ရေကြောင့် ကျန်တဲ့ အောက်ကစခန်းတွေပေါ့ သပိတ်ကျင်းတို့ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့ဘက်ကိုတော့ ဆက်ပြီးတော့ ရေတက်နေတဲ့ အနေအထားရှိတယ်။

အဲ့လိုမျိုးပဲ ဒီ ချင်းတွင်းမြစ်ပေါ့၊ ချင်းတွင်းမြစ်မှာတော့ ဟုမ္မလင်းနဲ့ ဖောင်းပြင်ကို ရေထိုးခဲ့တယ်။ ဖောင်းပြင်ကတော့ စိုးရိမ်ရေမှတ်အထက် ကို ကျော်သွားပြီပေါ့နော်။ ဖောင်းပြင်ရဲ့ အောက်ကစခန်းတွေဖြစ်တဲ့ ကလေးဝတို့ မော်လိုက်တို့ မင်းကင်းတို့ မုံရွာတို့မှာတော့ စိုးရိမ်ရေမှတ် ကို ရောက်နိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်၊ အခုတက်ခဲ့တဲ့ ရေအရပေါ့နော်။”ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာ နေတဲ့ အချိန်မှာတော့ ဧရာဝတီတိုင်းတွင်းမှာလည်း မြစ်ရေမြင့်တက်လာမှုတွေနဲ့ ရေကြီး ရေလွှမ်းမိုးမှုဒဏ်တွေ ကြုံလာရနိုင်ပါတယ်။

ဒီလို စိုးရိမ်ရေမှတ်အထက် မြစ်ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့အတွက် မြစ်ကမ်းနံဘေးနေ ပြည်သူတွေရော ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရဖူးတဲ့ဒေ သက ပြည်သူတွေအနေနဲ့ မိုးလဝသ သတင်းတွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့နဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရရင် ကြိုတင် ပြင်ဆင်ထားသင့်တဲ့ အခြေအနေတွေကိုလည်း မိုးဇလ ညွှန်ကြားရေးမှူးချုပ်က သတိပေးပါတယ်။အဲဒီအတွက်ကြောင့်မို့လို့ မြစ်ကမ်းနံ ဘေးမှာနေတဲ့ ပြည်သူတွေအနေနဲ့ မိုးကောင်းလာပြီဆိုရင် မြစ်ရေတွေ ရုတ်တရက် မြင့်တက်လာနိုင်တာတို့ မြစ်ရေတွေ ကြီးလာနိုင်တာတို့ ဒီလိုမျိုး အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။

အထူးသဖြင့် မြစ်ကမ်းနံဘေးမှာ နေသူတွေက နေ့စဉ်ထုတ်ပြန်နေတဲ့ မြစ်ရေအခြေအနေသတင်း နေ့စဉ်စောင့်ကြည့်ပြီး မိမိတို့နေထိုင်တဲ့ နေရာဒေသတွေမှာ မြစ်ရေနဲ့ ပတ်သက်ပြီးတော့ ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်ဆိုရင် ဘေးအန္တရာယ် ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပြီဆိုရင် ဘေးအန္တရာယ်ကင်းတဲ့ နေရာတွေကို ခေတ္တခဏ ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ ဒါတွေကိုလည်း ကြိုတင်ပြင်ဆင် ထားသင့်ပါတယ်။

REF:   VOA

Add a Comment

Your email address will not be published. Required fields are marked *