အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္ သမၼတ တို႔ (၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ ယွဥ္ၿပိဳင္မည့္ မဲဆႏၵနယ္ကို မၾကာမီေၾကညာမည္

ၿပီးခဲ့သည့္ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတြင္ သမၼတဦးဝင္းျမင့္သည္ တာေမြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္မွ အႏိုင္ရရွိခဲ့ၿပီး အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေကာ့မႉးၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ မဲဆႏၵနယ္မွ အႏိုင္ရရွိခဲ့ၾကသည္။၂၀၂၀ အေထြ ေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားသည္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ၌ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဝင္ ေရာက္ယွဥ္ၿပိဳင္သြားမည့္ မဲဆႏၵနယ္ကို ဇူလိုင္လ ၂၁ ရက္တြင္ ေၾကျငာသြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဒုတိ ယဥကၠဌ-၂ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားလိုက္သည္။

ဇူလိုင္လ ၂၁ ရက္ေန႔တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ျပဳလုပ္မည့္ ဗဟိုအလုပ္မုွေဆာင္အဖြဲ႕အစည္းအေဝးၿပီးမွသာ ထုတ္ ျပန္ေပးမည္ျဖစ္သည္ ။ထို႔ျပင္ NLD ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားစာရင္းကိုလည္း အဆိုပါ အစည္း အေဝးအၿပီး၌ ထုတ္ျပန္ဖြယ္ ရွိေၾကာင္းသိရသည္ ။ဗဟိုအလုပ္မႈေဆာင္အတည့္ျပဳခ်က္ရယူၿပီးမွ ေၾကျငာမယ္ ၊

အခုေျပာလို႔ လြဲသြားခဲ့ရင္ မေကာင္းဘူးေလ ၊ ၂၁ ရက္ CEC အစည္းအေဝးၿပီး ရင္ ေၾကညာခ်က္ ထြက္ပါလိမ့္မည္ ” ဟု ေဒါက္တာေဇာ္ျမင့္ ေမာင္ကေျပာသည္ ။သမၼတ ဦးဝင္းျမင့္သည္ တာေမြမဲဆႏၵနယ္ ၊ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေနျပည္ေတာ္ ဥတၱရ သီရိမဲဆႏၵနယ္မွ ဝင္ေရာက္မည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ပါတီတာဝန္ရွိသူမ်ားက အတည္မျပဳႏိုင္ေသးေပ။

REF: THE FIFTH WAVE NEWS

UNICODE

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သမ္မတဦးဝင်းမြင့်သည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့ကြသည်။၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင် ရောက်ယှဉ်ပြိုင်သွားမည့် မဲဆန္ဒနယ်ကို ဇူလိုင်လ ၂၁ ရက်တွင် ကြေငြာသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိ ယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြုလုပ်မည့် ဗဟိုအလုပ်မုှဆောင်အဖွဲ့အစည်းအဝေးပြီးမှသာ ထုတ် ပြန်ပေးမည်ဖြစ်သည် ။ထို့ပြင် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကိုလည်း အဆိုပါ အစည်း အဝေးအပြီး၌ ထုတ်ပြန်ဖွယ် ရှိကြောင်းသိရသည် ။ဗဟိုအလုပ်မှုဆောင်အတည့်ပြုချက်ရယူပြီးမှ ကြေငြာမယ် ၊

အခုပြောလို့ လွဲသွားခဲ့ရင် မကောင်းဘူးလေ ၊ ၂၁ ရက် CEC အစည်းအဝေးပြီး ရင် ကြေညာချက် ထွက်ပါလိမ့်မည် ” ဟု ဒေါက်တာဇော်မြင့် မောင်ကပြောသည် ။သမ္မတ ဦးဝင်းမြင့်သည် တာမွေမဲဆန္ဒနယ် ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဥတ္တရ သီရိမဲဆန္ဒနယ်မှ ဝင်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပါတီတာဝန်ရှိသူများက အတည်မပြုနိုင်သေးပေ။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *