အာမခံ မရနိုင်တဲ့ အမှု နဲ့ တရားစွဲခံထားရ တဲ့ ချစ်သုဝေ တို့သားအဖနဲ့ ပတ်သက်၍ နောက်ဆက်တွဲသတင်း




REF: SHWE WIKI

UNICODE

မ နေ့က ဇူ လိုင်လ (၁၆) ရက်နေ့မှာတော့ ရှေ့နေဦးအေးပိုင်၏ သရုပ်ဆောင်ချစ်သုဝေနှင့် သူမ၏ဖခင်တို့အပေါ် တရားစွဲဆိုရန် လျှောက် ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးမှ လက်ခံလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ၎င်းအမှုဟာ ဘာသာရေးနှင့် ဆက်နွယ်နေသည့် အမှုဖြစ် တာကြောင့် အာမခံမရနိုင်သည့်အမှုလည်း ဖြစ်ပါတယ်။ရုံး.ချိန်းကိုတော့ လာ မည့် ဇူလိုင်လ (၂၉) ရ က်နေ့သို့ ချိန်းဆိုထားကြောင်း သိရ သည်။

သ ရုပ်ဆောင်ချစ်သုဝေနဲ့ သူမဖခင်တို့ကို စွဲဆို ထားတဲ့အမှု အရှေ့ပိုင်းခရိုင်တရားရုံးမှ လက်ခံလိုက်ပြီဖြစ်ပါတယ်နိုင် ငံ တော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ရေးဆွဲခဲ့သည့် ပန်းချီကားအပါအဝင် နောက်ထပ်ပန်းချီကားတစ်ခုနှင့်ပတ်သက်ပြီး သ ရုပ်ဆောင် ချစ်သုဝေနှင့် သူမ၏ဖခင်တို့အား အမျိုးသားရေးအဖွဲ့ရှေ့နေ ဦးအေးပိုင်မှ ဇွန်လ (၂၅) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရား ရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ပါတယ်။

ချစ် သုဝေနှင့် သူမ ၏ဖခင် ဦးဇော်ဝင်း အား တရားစွဲဆိုထားမှုကိုတော့ သ င်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ပလပ်ခဲ့ပြီး ဥပဒေအရ အမှုကို ဆက်လက်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ရှေ့နေဦးအေးပိုင်မှ အရှေ့ပိုင်းခရိုင်တရားရုံးသို့တက်ပြီး ဆက်လက် တရားစွဲဆိုခဲ့ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *