ေဖ့စ္ဘြတ္ မက္ဆင္ဂ်ာ ကေန ခ်ိန္းေတြ႕ရန္ ေခၚ ကာ ဓား နဲ႔ ထိုးသတ္သူ ကို ရဲတပ္ဖြဲ႕မွ ေဖာ္ထုတ္ ဖမ္းဆီး

ေသဆုံးသူႏွင့္မက္ဆင္ဂ်ာမွ ေျပာဆိုထားသည့္ စကားအသြားအလာအရ မိန္းမလ်ာတစ္ဦးျဖစ္ေနေၾကာင္း သိရွိရသျဖင့္ ေသဆုံးသူႏွင့္ ရင္း ႏွီးဘူးသည့္ မိန္းမလ်ာ မ်ားအား စုံစမ္းရာမွ ေပၚေပါက္ခဲ့ျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။ျပစ္မႈ က်ဴးလြန္သည့္ မိန္းမလ်ာအမ်ိဳး သားမွာလည္း ေခ်ာင္းဦးၿမိဳ႕ေနထိုင္သူ ျဖစ္ကာ ၎အား တရားဥပေဒအရ အေရးယူႏိုင္ေရး အတြက္ ရဲတပ္ဖြဲ႕မွ ေဆာင္႐ြက္လ်က္ရွိသည္။

ေခ်ာင္းဦးၿမိဳ႕နယ္ ခင္မြန္႐ြာေတာင္ဘက္ ယာခင္းအတြင္း ဇူလိုင္ ၁၄ ရက္ ည ၈ ခြဲခန႔္က အမ်ိဳးသားတစ္ဦးကို ဓားျဖင့္ ထိုးသတ္သြားသူအား ရဲတပ္ဖြဲ႕မွ ယေန႔ေဖာ္ထုတ္ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။ ေသဆုံးသူမွာ အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီး ေခ်ာင္းဦးၿမိဳ႕ ရန္ေအာင္ျမင္ ရပ္ ကြက္ ေညာင္ပင္ရပ္တြင္ ေနထိုင္သူျဖစ္သည္။

ရဲတပ္ဖြဲ႕၏ စုံစမ္းေဖာ္ထုတ္မႈအရ ေဖ့ဘြတ္မက္ဆင္ဂ်ာမွ ခ်ိန္းဆိုကာ ဓားျဖင့္ သုံးခ်က္ဆင့္ ထိုးသတ္သြားျခင္းျဖစ္ေၾကာင္း မုံ႐ြာခ႐ိုင္မႈ ခင္းႏွိမ္နင္းေရးအရာရွိ ရဲအုပ္ညိဳသက္ဝင္းက ေျပာသည္။သက္တဲ့သူက မိန္းမစိတ္ဝင္ေနတဲ့ မိန္းမလ်ာတစ္ေယာက္ပါ။ ပထမ အႀကိမ္ ခ်ိန္းေတြ႕တုန္းက သူ႔စအိုကို ေဆးလိပ္မီးနဲ႔ ထိုးလို႔ဆိုၿပီး မ‌ေက်မနပ္ျဖစ္ေနတာ။

သတ္မယ့္ေန႔ကေတာ့ ေဖ့ဘြတ္မက္ဆင္ဂ်ာ ကေန မိန္းခေလးဟန္ေဆာင္ၿပီး ေခၚခ်ိန္းတယ္။ ေ႐ႊတိုးႏိုင္ ဆီဆိုင္ေနာက္ေက်ာဘက္ လယ္ ကြင္းထဲက တမာပင္ေအာက္မွာ ေတြ႕ၾကတာ။လူခ်င္းေတြ႕ေတာ့ သူတခြန္း ကိုယ္တခြန္း စကားမ်ားၿပီး မိန္းမစိတ္ေပါက္ေနတဲ့သူက ပါလာ တဲ့ ေခါက္ဓားနဲ႔ ဆီးခုံကိုတစ္ခ်က္ထိုးလိုက္တယ္” ဟု ရဲအုပ္ညိဳသက္ဝင္းက‌ ေျပာသည္။

ဓားျဖင့္အထိုးခံရသူမွ လက္သီးျဖင့္ ျပန္ထိုးကာ လုံးေထြးခဲ့သျဖင့္ နံၾကားတစ္ခ်က္ ရင္ၫြန႔္သို႔ တစ္ခ်က္ ထပ္မံထိုးသတ္ခဲ့ေၾကာင္း အသက္ ၄၄ ႏွစ္အ႐ြယ္ရွိ မိန္းမလ်ာအမ်ိဳးသားက ထြက္ဆိုခဲ့သည္။၎မွာ ေသဆုံးသူ၏ ဖုန္းကို ယူေဆာင္ဖ်က္ဆီးကာေဖ်ာက္ဖ်က္ခဲ့‌ သည္။ ရဲတပ္ ဖြဲ႕မွ အမႈ ေပၚေပါက္ေရးအတြက္ ေသဆုံးသူ အသုံးျပဳသည့္ ေဖ့ဘြတ္အေကာင့္အား ျပန္လည္စုံစမ္းစစ္ေဆးခဲ့ရေၾကာင္း ဆိုသည္။

REF: LET PAN

UNICODE

သေဆုံးသူနှင့်မက်ဆင်ဂျာမှ ပြောဆိုထားသည့် စကားအသွားအလာအရ မိန်းမလျာတစ်ဦးဖြစ်နေကြောင်း သိရှိရသဖြင့် သေဆုံးသူနှင့် ရင်း နှီးဘူးသည့် မိန်းမလျာ များအား စုံစမ်းရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ပြစ်မှု ကျူးလွန်သည့် မိန်းမလျာအမျိုး သားမှာလည်း ချောင်းဦးမြို့နေထိုင်သူ ဖြစ်ကာ ၎င်းအား တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

ချောင်းဦးမြို့နယ် ခင်မွန်ရွာတောင်ဘက် ယာခင်းအတွင်း ဇူလိုင် ၁၄ ရက် ည ၈ ခွဲခန့်က အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်သွားသူအား ရဲတပ်ဖွဲ့မှ ယနေ့ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ချောင်းဦးမြို့ ရန်အောင်မြင် ရပ် ကွက် ညောင်ပင်ရပ်တွင် နေထိုင်သူဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ဖေ့ဘွတ်မက်ဆင်ဂျာမှ ချိန်းဆိုကာ ဓားဖြင့် သုံးချက်ဆင့် ထိုးသတ်သွားခြင်းဖြစ်ကြောင်း မုံရွာခရိုင်မှု ခင်းနှိမ်နင်းရေးအရာရှိ ရဲအုပ်ညိုသက်ဝင်းက ပြောသည်။သက်တဲ့သူက မိန်းမစိတ်ဝင်နေတဲ့ မိန်းမလျာတစ်ယောက်ပါ။ ပထမ အကြိမ် ချိန်းတွေ့တုန်းက သူ့စအိုကို ဆေးလိပ်မီးနဲ့ ထိုးလို့ဆိုပြီး မ‌ကျေမနပ်ဖြစ်နေတာ။

သတ်မယ့်နေ့ကတော့ ဖေ့ဘွတ်မက်ဆင်ဂျာ ကနေ မိန်းခလေးဟန်ဆောင်ပြီး ခေါ်ချိန်းတယ်။ ရွှေတိုးနိုင် ဆီဆိုင်နောက်ကျောဘက် လယ် ကွင်းထဲက တမာပင်အောက်မှာ တွေ့ကြတာ။လူချင်းတွေ့တော့ သူတခွန်း ကိုယ်တခွန်း စကားများပြီး မိန်းမစိတ်ပေါက်နေတဲ့သူက ပါလာ တဲ့ ခေါက်ဓားနဲ့ ဆီးခုံကိုတစ်ချက်ထိုးလိုက်တယ်” ဟု ရဲအုပ်ညိုသက်ဝင်းက‌ ပြောသည်။

ဓားဖြင့်အထိုးခံရသူမှ လက်သီးဖြင့် ပြန်ထိုးကာ လုံးထွေးခဲ့သဖြင့် နံကြားတစ်ချက် ရင်ညွန့်သို့ တစ်ချက် ထပ်မံထိုးသတ်ခဲ့ကြောင်း အသက် ၄၄ နှစ်အရွယ်ရှိ မိန်းမလျာအမျိုးသားက ထွက်ဆိုခဲ့သည်။၎င်းမှာ သေဆုံးသူ၏ ဖုန်းကို ယူဆောင်ဖျက်ဆီးကာဖျောက်ဖျက်ခဲ့‌ သည်။ ရဲတပ် ဖွဲ့မှ အမှု ပေါ်ပေါက်ရေးအတွက် သေဆုံးသူ အသုံးပြုသည့် ဖေ့ဘွတ်အကောင့်အား ပြန်လည်စုံစမ်းစစ်ဆေးခဲ့ရကြောင်း ဆိုသည်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *