ေျမာက္ကိုရီးယားဥေသွ်ာင္အျဖစ္ ညီမျဖစ္သူ က အာဏာလုမွာ ကို ကင္ဂ်ဳံအန္ စိုးရိမ္ေနရၿပီ လား

ေပၚလစ္ျဗဴ႐ိုအဖြဲ႕မွာ ညီမျဖစ္သူက ရာထူးႀကီးရယူလာႏိုင္ခဲ့ျခင္းက ေနာင္တစ္ခ်ိန္မွာ ကင္ရဲ႕ေနရာကို ဆက္ခံမယ့္သူဟာ တျခားေဆြမ်ိဳး သားခ်င္းမဟုတ္ဘဲ သူမသာလွ်င္ျဖစ္ေၾကာင္း အသိမွတ္ျပဳလိုက္သလိုပါ။ ကင္ဟာ သူေမြးတဲ့ေမ်ာက္က ျပန္ေျခာက္တာကို ခံေနရၿပီလို႔ အေနာက္သတင္းစာေတြ က ဆိုပါတယ္။ ေျမာက္ကိုရီးယားအေရး ကြၽမ္းက်င္သူ Roy Calley က သူ႔အျမင္ကို ေျပာပါတယ္။Roy ဟာ ေျမာက္ကိုရီးယားကို အခ်ိန္ေတာ္ေတာ္ၾကာေအာင္ လည္ပတ္ဖူးသူျဖစ္ပါတယ္။

သူဟာ Look With Your Eyes and Tell the World စာအုပ္ကိုလည္း ေရးသားခဲ့သူျဖစ္ၿပီး၊ ကင္ယိုေဂ်ာင္ရဲ႕ ျမန္ဆန္တဲ့ အေ႐ြ႕လႈပ္ ရွားမႈဟာ ကင္အတြက္ေတာ့ မ်က္ခုံးလႈပ္စရာေကာင္းလာလိမ့္မယ္လို႔ Express သတင္းဌာနကို ေျပာခဲ့ပါတယ္။Roy က ” ကြၽန္ေတာ့္အ ျမင္အရေတာ့ ကင္ယိုေဂ်ာင္ ရဲ႕ ျမန္ဆန္တဲ့ အာဏာအရွိန္ဟာ ကင္အတြက္ေတာ့ မ်က္ခုံးလႈပ္စရာ ျဖစ္လာပါၿပီ … ၿပဳံးယမ္းမွာ ဘာေတြ ျဖစ္ေနတယ္ဆိုတာ ေျပာဖို႔ခက္ပါတယ္ … ဒါေပမယ့္ ေသခ်ာတာကေတာ့ ကင္ယိုေဂ်ာင္အေနနဲ႔ သူ႔အစ္ကိုရဲ႕ေနရာဆီကို။

တျဖည္းျဖည္းနီးကပ္လာၿပီဆိုတာ ေသခ်ာပါတယ္ … “လို႔ ေျပာပါတယ္။ သူက ဆက္လက္ၿပီး “ကင္ယိုေဂ်ာင္ရဲ႕ လက္ရွိရပ္တည္မႈက အ ေတာ္ေလးကို ခက္ခဲမွာပါ … သို႔ေသာ္လည္း သူမဟာ အလြန္ေခါင္းမာၿပီး ထက္ျမတ္သူျဖစ္တဲ့အေလွ်ာက္ သမၼတထရမ့္နဲ႔ ပ်ဴငွာတဲ့ဆက္ ဆံေရးေတာ့ ျမင္ရမွာမဟုတ္ပါဘူး …. “လို႔ ေျပာခဲ့ပါတယ္။ ကင္ယိုေဂ်ာင္ကို ေတာင္ကိုရီးယားက နယ္စပ္ဆက္ဆံေရး႐ုံးကို ေဖာက္ခြဲဖ်က္ ဆီးမႈအတြက္ အမႈဖြင့္ထားတယ္လို႔လည္း သိရပါတယ္။

ေျမာက္ ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ ဟာ အခုအခါမွာ ညီမျဖစ္သူက အာဏာျပန္လုမွာကို စိုးရိမ္ေနရၿပီလို႔ သတင္းေတြက ေဖာ္ ျပေနပါတယ္။ သတင္းေတြအရ ကင္ဟာ က်န္းမာေရးေၾကာင့္ ႏိုင္ငံေရးအလုပ္ေတြကေန လပိုင္းေတာ္ေတာ္ၾကာေအာင္ နားထားရခ်ိန္မွာ၊ ညီမျဖစ္သူ ကင္ယိုေဂ်ာင္က အာဏာနယ္ခ်ဲ႕မႈေတြ ျပဳလုပ္ႏိုင္ခဲ့တာလို႔ ဆိုပါတယ္။ကင္ယိုေဂ်ာင္ဟာ ႏိုင္ငံရဲ႕ဒုတိယအေရးပါဆုံး အမ်ိဳးသ မီးျဖစ္လာခဲ့ၿပီး၊ စစ္တပ္ကိုေတာင္မွ အမိန႔္ေပးေစခိုင္းႏိုင္တဲ့ ၾသဇာအာဏာေတြ သက္ေရာက္ လာခဲ့ပါတယ္။

တကယ္က ဒီအာဏာကို ကင္ဂ်ဳံအန္ကိုယ္တိုင္က ခ်ီးျမင့္ခဲ့တာျဖစ္ၿပီး၊ ညီမျဖစ္သူကို လပိုင္းအတြင္းမွာ ပါတီရဲ႕ထိပ္သီးပိုင္း ေပၚလစ္ျဗဴ ႐ိုအဖြဲ႕ထဲကို ထည့္ေပးခဲ့သလို၊ ႏိုင္ငံအဆင့္အခမ္းအနားေတြကို သူ႔ကိုယ္စား ညီမျဖစ္သူ ကို တက္ခိုင္းခဲ့တာပါ။

Credit Celecrazynews

Ref Express

UNICODE

ပေါ်လစ်ဗြူရိုအဖွဲ့မှာ ညီမဖြစ်သူက ရာထူးကြီးရယူလာနိုင်ခဲ့ခြင်းက နောင်တစ်ချိန်မှာ ကင်ရဲ့နေရာကို ဆက်ခံမယ့်သူဟာ တခြားဆွေမျိုး သားချင်းမဟုတ်ဘဲ သူမသာလျှင်ဖြစ်ကြောင်း အသိမှတ်ပြုလိုက်သလိုပါ။ ကင်ဟာ သူမွေးတဲ့မျောက်က ပြန်ခြောက်တာကို ခံနေရပြီလို့ အနောက်သတင်းစာတွေ က ဆိုပါတယ်။ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ Roy Calley က သူ့အမြင်ကို ပြောပါတယ်။Roy ဟာ မြောက်ကိုရီးယားကို အချိန်တော်တော်ကြာအောင် လည်ပတ်ဖူးသူဖြစ်ပါတယ်။

သူဟာ Look With Your Eyes and Tell the World စာအုပ်ကိုလည်း ရေးသားခဲ့သူဖြစ်ပြီး၊ ကင်ယိုဂျောင်ရဲ့ မြန်ဆန်တဲ့ အရွေ့လှုပ် ရှားမှုဟာ ကင်အတွက်တော့ မျက်ခုံးလှုပ်စရာကောင်းလာလိမ့်မယ်လို့ Express သတင်းဌာနကို ပြောခဲ့ပါတယ်။Roy က ” ကျွန်တော့်အ မြင်အရတော့ ကင်ယိုဂျောင် ရဲ့ မြန်ဆန်တဲ့ အာဏာအရှိန်ဟာ ကင်အတွက်တော့ မျက်ခုံးလှုပ်စရာ ဖြစ်လာပါပြီ … ပြုံးယမ်းမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ပြောဖို့ခက်ပါတယ် … ဒါပေမယ့် သေချာတာကတော့ ကင်ယိုဂျောင်အနေနဲ့ သူ့အစ်ကိုရဲ့နေရာဆီကို။

တဖြည်းဖြည်းနီးကပ်လာပြီဆိုတာ သေချာပါတယ် … “လို့ ပြောပါတယ်။ သူက ဆက်လက်ပြီး “ကင်ယိုဂျောင်ရဲ့ လက်ရှိရပ်တည်မှုက အ တော်လေးကို ခက်ခဲမှာပါ … သို့သော်လည်း သူမဟာ အလွန်ခေါင်းမာပြီး ထက်မြတ်သူဖြစ်တဲ့အလျှောက် သမ္မတထရမ့်နဲ့ ပျူငှာတဲ့ဆက် ဆံရေးတော့ မြင်ရမှာမဟုတ်ပါဘူး …. “လို့ ပြောခဲ့ပါတယ်။ ကင်ယိုဂျောင်ကို တောင်ကိုရီးယားက နယ်စပ်ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက် ဆီးမှုအတွက် အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဟာ အခုအခါမှာ ညီမဖြစ်သူက အာဏာပြန်လုမှာကို စိုးရိမ်နေရပြီလို့ သတင်းတွေက ဖော် ပြနေပါတယ်။ သတင်းတွေအရ ကင်ဟာ ကျန်းမာရေးကြောင့် နိုင်ငံရေးအလုပ်တွေကနေ လပိုင်းတော်တော်ကြာအောင် နားထားရချိန်မှာ၊ ညီမဖြစ်သူ ကင်ယိုဂျောင်က အာဏာနယ်ချဲ့မှုတွေ ပြုလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ကင်ယိုဂျောင်ဟာ နိုင်ငံရဲ့ဒုတိယအရေးပါဆုံး အမျိုးသ မီးဖြစ်လာခဲ့ပြီး၊ စစ်တပ်ကိုတောင်မှ အမိန့်ပေးစေခိုင်းနိုင်တဲ့ သြဇာအာဏာတွေ သက်ရောက် လာခဲ့ပါတယ်။

တကယ်က ဒီအာဏာကို ကင်ဂျုံအန်ကိုယ်တိုင်က ချီးမြင့်ခဲ့တာဖြစ်ပြီး၊ ညီမဖြစ်သူကို လပိုင်းအတွင်းမှာ ပါတီရဲ့ထိပ်သီးပိုင်း ပေါ်လစ်ဗြူ ရိုအဖွဲ့ထဲကို ထည့်ပေးခဲ့သလို၊ နိုင်ငံအဆင့်အခမ်းအနားတွေကို သူ့ကိုယ်စား ညီမဖြစ်သူ ကို တက်ခိုင်းခဲ့တာပါ။

Credit Celecrazynews

Ref Express

Add a Comment

Your email address will not be published. Required fields are marked *