ျပည္သူယုံၾကည္မွမဲထည့္မည္ျဖစ္၍ ပါတီမ်ားအေနျဖင့္ ေဝဖန္ေနမည့္အစား ျပည္သူယုံၾကည္ေအာင္လုပ္ေဆာင္သင့္ဟု ေကာ္မရွင္တိုက္တြန္း

ၿပီးခဲ့သည့္ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ ၂၂ ပါတီ အနက္ တစ္ေနရာတည္းသာ အႏိုင္ရၿပီး လႊတ္ေတာ္အတြင္း ဝင္ ေရာက္ခဲ့သည့္ပါတီလည္းရွိ သည္ဟု ျပည္သူမ်ား၏ယုံၾကည္မႈ အေပၚ ပါတီမ်ားသတိျပဳဆင္ျခင္သုံးသပ္ႏိုင္ရန္ ေကာ္မရွင္ဥကၠ႒ က ဥပမာ ေပးေျပာၾကားသည္။တစ္ႏိုင္ငံလုံးအတိုင္းအတာ ျဖင့္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၃၃၀၊ အမ်ိဳးသားလႊတ္ေတာ္မဲ ဆႏၵနယ္ ၁၆၈၊ တိုင္းေဒ သႀကီး လႊတ္ေတာ္မဲဆႏၵနယ္ ၆၄၄ ႏွင့္ တိုင္းရင္းသားမဲဆႏၵနယ္ ၂၉ နယ္ ရွိသည့္အနက္မွ တစ္ေနရာတည္း တြင္သာအႏိုင္ရခဲ့သည့္ ပါတီ တစ္ ခုရွိသည္ဟု ၿပီးခဲ့သည့္ ေ႐ြး ေကာက္ပြဲရလဒ္မ်ားအေပၚ အ ေျခခံ၍ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ေျပာ ၾကားလိုက္သည္။

၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ယွဥ္ၿပိဳင္ခဲ့သည့္ ၉၁ ပါတီအနက္ ၆၉ ပါတီမွာ တစ္မဲမွ်မရဘဲ ေ႐ြးေကာက္မခံခဲ့ရသည့္အတြက္ ယခုအခ်ိန္တြင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို ေဝ ဖန္ေနမည့္အစား ပါတီမ်ားအေနျဖင့္ ျပည္သူ ယုံၾကည္လာေအာင္ လုပ္ေဆာင္သင့္ ေၾကာင္း ေကာ္မရွင္ ဥကၠ႒က တိုက္တြန္းေျပာၾကားသည္။ကြၽန္ေတာ္တို႔က်ေတာ့ မယုံၾကည္ရဘူး၊ ဘာဘူး ေျပာခ်င္ရာေျပာေနတာ။ သူတို႔က်ေတာ့ ျပည္သူယုံ ၾကည္ေအာင္ လုပ္ပါဦး။ တစ္ခြန္းတည္းေျပာတာနာတယ္။ ကြၽန္ေတာ္ေျပာတာစကားလုံးရင့္သီးတာပါလား။ တိုက္တြန္းတာ၊ ေမတၱာနဲ႔။ လုပ္ပါဦး’’ ဟု ေကာ္မရွင္ဥကၠ႒ကဆိုသည္။

ဇူလိုင္ ၁၈ ရက္က Grand Amara Hotel တြင္ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္တို႔ ေတြ႕ဆုံေဆြး ေႏြးပြဲတြင္ ႏိုင္ငံေရးပါတီမ်ားက ေကာ္မရွင္အေပၚ ေဝဖန္ေနမႈမ်ားႏွင့္ပတ္သက္၍ ေကာ္မရွင္ဥကၠ႒က သူ၏မိန႔္ခြန္းတြင္ ထည့္သြင္း အသိ ေပး ေျပာၾကားခဲ့ျခင္းျဖစ္သည္။၂၀၁၅ အေထြေထြေ႐ြး ေကာက္ပြဲမွာ ၉၁ ပါတီၿပိဳင္တယ္။ လႊတ္ေတာ္ထဲ ေ႐ြးေကာက္ခံၿပီး ေရာက္တာ ၂၂ ပါတီပဲေရာက္ တယ္။ ၆၉ ပါတီက ဘဲဥမကြဲဘူး။ ေသခ်ာစဥ္းစားၾကည့္။ တစ္ျပည္ လုံးမွာ ၂၂ ပါတီပဲႏိုင္တယ္။ ၆၉ ပါတီကဘဲဥမကြဲဘူး’’ ဟု ဦးလွ သိန္းက ေျပာသည္။ယင္းအတြက္ ျပည္သူယုံ ၾကည္လာေအာင္ ဦးစားေပးလုပ္ ေဆာင္ၾကရန္လိုအပ္ေၾကာင္း ေျပာဆိုသည္။

မဲမရျခင္း သည္လည္း ျပည္သူမယုံၾကည္ သည့္အတြက္ေၾကာင့္ျဖစ္သည္ ဟု ေကာ္မရွင္ဥကၠ႒က ေထာက္ ျပေျပာဆိုသည္။ခင္ဗ်ားတို႔ UEC ကို တိုက္ ခိုက္ေနမယ့္အစား ျပည္သူယုံ ၾကည္ေအာင္လုပ္ပါ။ ေ႐ြး ေကာက္ပြဲအႏိုင္၊ အရႈံးဟာ UEC နဲ႔မဆိုင္ဘူး။ ေ႐ြးေကာက္ပြဲအႏိုင္၊ အရႈံး ဟာ ျပည္သူနဲ႔ပဲဆိုင္တယ္။ ျပည္သူထည့္တဲ့မဲနဲ႔အႏိုင္၊ အရႈံး လုပ္တာ။ UEC ထည့္တဲ့မဲမဟုတ္ ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ယုံ တာ၊ မယုံ တာကိုေတာ့လြတ္လပ္စြာေျပာဆိုပါ။ သို႔ေပမယ့္ ခင္ဗ်ာ တို႔ေျပာရမွာက ျပည္သူကို ပိုဦး စားေပးေျပာရမွာ’’ဟု ဦးလွသိန္း ကဆိုသည္။ ေကာ္မရွင္ကိုယုံပါ၊ မယုံနဲ႔ မေျပာသကဲ့သို႔ ယုံျခင္း၊ မယုံျခင္းသည္ ပါတီတစ္ခုခ်င္း စီ၏ သေဘာထားသာျဖစ္သည္ ေျပာသည္။

‘‘ကြၽန္ေတာ္တို႔လုပ္တာမွန္ သမွ်ဟာ ဥပေဒ၊ နည္းဥပေဒ ေဘာင္ထဲကလုပ္သြားမွာျဖစ္တဲ့ အတြက္ ယုံၾကည္တာလည္း သူ႔ သေဘာပဲ။ မယုံ ၾကည္တာလည္း သူ႔သေဘာပဲ’’ ဟု ဦးလွသိန္းက ဆက္လက္ေျပာၾကားသည္။ ျပည္သူယုံၾကည္ေအာင္ လုပ္ပါဟုေျပာဆို တိုက္တြန္းခ်က္ သည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒တစ္ဦးအေန ျဖင့္ ေျပာရမည့္စကားမဟုတ္ ေၾကာင္း ျပည္ေထာင္စုႀကံံ့ခိုင္ ေရးႏွင့္ဖြံ႕ၿဖိဳး ေရးပါတီ ေျပာေရး ဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ က ေျပာသည္။သူလုပ္ရမွာက လြတ္လပ္ ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ေအာင္ လုပ္ရမွာ။ ကြၽန္ေတာ္ တို႔အလုပ္ ကြၽန္ေတာ္တို႔လုပ္ၿပီး သူ႔အလုပ္သူလုပ္ဖို႔ပဲလိုတယ္လို႔ ေဒါက္တာ နႏၵာလွျမင့္က မွတ္ခ်က္ျပဳသည္။

REF: 7DAY DAILY

UNICODE

ပြည်သူယုံကြည်မှမဲထည့်မည်ဖြစ်၍ ပါတီများအနေဖြင့် ဝေဖန်နေမည့်အစား ပြည်သူယုံကြည်အောင်လုပ်ဆောင်သင့်ဟု ကော်မရှင်တိုက်တွန်း

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ၂၂ ပါတီ အနက် တစ်နေရာတည်းသာ အနိုင်ရပြီး လွှတ်တော်အတွင်း ဝင် ရောက်ခဲ့သည့်ပါတီလည်းရှိ သည်ဟု ပြည်သူများ၏ယုံကြည်မှု အပေါ် ပါတီများသတိပြုဆင်ခြင်သုံးသပ်နိုင်ရန် ကော်မရှင်ဥက္ကဋ္ဌ က ဥပမာ ပေးပြောကြားသည်။တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ် ၁၆၈၊ တိုင်းဒေ သကြီး လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နှင့် တိုင်းရင်းသားမဲဆန္ဒနယ် ၂၉ နယ် ရှိသည့်အနက်မှ တစ်နေရာတည်း တွင်သာအနိုင်ရခဲ့သည့် ပါတီ တစ် ခုရှိသည်ဟု ပြီးခဲ့သည့် ရွေး ကောက်ပွဲရလဒ်များအပေါ် အ ခြေခံ၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြော ကြားလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ၉၁ ပါတီအနက် ၆၉ ပါတီမှာ တစ်မဲမျှမရဘဲ ရွေးကောက်မခံခဲ့ရသည့်အတွက် ယခုအချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်ကို ဝေ ဖန်နေမည့်အစား ပါတီများအနေဖြင့် ပြည်သူ ယုံကြည်လာအောင် လုပ်ဆောင်သင့် ကြောင်း ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။ကျွန်တော်တို့ကျတော့ မယုံကြည်ရဘူး၊ ဘာဘူး ပြောချင်ရာပြောနေတာ။ သူတို့ကျတော့ ပြည်သူယုံ ကြည်အောင် လုပ်ပါဦး။ တစ်ခွန်းတည်းပြောတာနာတယ်။ ကျွန်တော်ပြောတာစကားလုံးရင့်သီးတာပါလား။ တိုက်တွန်းတာ၊ မေတ္တာနဲ့။ လုပ်ပါဦး’’ ဟု ကော်မရှင်ဥက္ကဋ္ဌကဆိုသည်။

ဇူလိုင် ၁၈ ရက်က Grand Amara Hotel တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံဆွေး နွေးပွဲတွင် နိုင်ငံရေးပါတီများက ကော်မရှင်အပေါ် ဝေဖန်နေမှုများနှင့်ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌက သူ၏မိန့်ခွန်းတွင် ထည့်သွင်း အသိ ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာ ၉၁ ပါတီပြိုင်တယ်။ လွှတ်တော်ထဲ ရွေးကောက်ခံပြီး ရောက်တာ ၂၂ ပါတီပဲရောက် တယ်။ ၆၉ ပါတီက ဘဲဥမကွဲဘူး။ သေချာစဉ်းစားကြည့်။ တစ်ပြည် လုံးမှာ ၂၂ ပါတီပဲနိုင်တယ်။ ၆၉ ပါတီကဘဲဥမကွဲဘူး’’ ဟု ဦးလှ သိန်းက ပြောသည်။ယင်းအတွက် ပြည်သူယုံ ကြည်လာအောင် ဦးစားပေးလုပ် ဆောင်ကြရန်လိုအပ်ကြောင်း ပြောဆိုသည်။

မဲမရခြင်း သည်လည်း ပြည်သူမယုံကြည် သည့်အတွက်ကြောင့်ဖြစ်သည် ဟု ကော်မရှင်ဥက္ကဋ္ဌက ထောက် ပြပြောဆိုသည်။ခင်ဗျားတို့ UEC ကို တိုက် ခိုက်နေမယ့်အစား ပြည်သူယုံ ကြည်အောင်လုပ်ပါ။ ရွေး ကောက်ပွဲအနိုင်၊ အရှုံးဟာ UEC နဲ့မဆိုင်ဘူး။ ရွေးကောက်ပွဲအနိုင်၊ အရှုံး ဟာ ပြည်သူနဲ့ပဲဆိုင်တယ်။ ပြည်သူထည့်တဲ့မဲနဲ့အနိုင်၊ အရှုံး လုပ်တာ။ UEC ထည့်တဲ့မဲမဟုတ် ဘူး။ ဒါကြောင့် ကျွန်တော်တို့ယုံ တာ၊ မယုံ တာကိုတော့လွတ်လပ်စွာပြောဆိုပါ။ သို့ပေမယ့် ခင်ဗျာ တို့ပြောရမှာက ပြည်သူကို ပိုဦး စားပေးပြောရမှာ’’ဟု ဦးလှသိန်း ကဆိုသည်။ ကော်မရှင်ကိုယုံပါ၊ မယုံနဲ့ မပြောသကဲ့သို့ ယုံခြင်း၊ မယုံခြင်းသည် ပါတီတစ်ခုချင်း စီ၏ သဘောထားသာဖြစ်သည် ပြောသည်။

‘‘ကျွန်တော်တို့လုပ်တာမှန် သမျှဟာ ဥပဒေ၊ နည်းဥပဒေ ဘောင်ထဲကလုပ်သွားမှာဖြစ်တဲ့ အတွက် ယုံကြည်တာလည်း သူ့ သဘောပဲ။ မယုံ ကြည်တာလည်း သူ့သဘောပဲ’’ ဟု ဦးလှသိန်းက ဆက်လက်ပြောကြားသည်။ ပြည်သူယုံကြည်အောင် လုပ်ပါဟုပြောဆို တိုက်တွန်းချက် သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ဦးအနေ ဖြင့် ပြောရမည့်စကားမဟုတ် ကြောင်း ပြည်ထောင်စုကြံံ့ခိုင် ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောသည်။သူလုပ်ရမှာက လွတ်လပ် ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ရမှာ။ ကျွန်တော် တို့အလုပ် ကျွန်တော်တို့လုပ်ပြီး သူ့အလုပ်သူလုပ်ဖို့ပဲလိုတယ်လို့  ဒေါက်တာ နန္ဒာလှမြင့်က မှတ်ချက်ပြုသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *