(၁၉) ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္ ေလယဥ္တင္သေဘၤာမ်ား ေတာင္တ႐ုတ္ ပင္လယ္ျပင္တြင္ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္
|တ႐ုတ္ ႏိုင္ငံက ေတာင္ တ႐ုတ္ ပင္လယ္ တြင္း ေရနယ္ နမိတ္ စတုရန္း မိုင္ (၁.၃သန္း) ကို တ႐ုတ္ က ပိုင္ဆိုင္ တယ္ လို႔ ေျပာဆိုေန တာ ပါ။ ဒါေပ မယ့္ တ႐ုတ္ ရဲ႕ ေတာင္ တ႐ုတ္ ပင္လယ္ တြင္း နယ္ေျမ ေတာင္းဆိုမႈ အမ်ားစု ဟာ တရား မဝင္ဘူး လို႔ အေမရိကန္ က အခု အ ပတ္ တြင္းေျပာခဲ့ပါတယ္ ။ ဒါ့အျပင္ အေမရိကန္ ေလယာဥ္ တင္ သေဘၤာေတြ က အင္ အားျပ စစ္ေရး ေလ့က်င့္ မႈေတြ အခု လို လုပ္ေဆာင္ လာတာျဖစ္ ပါတယ္။
အေမရိကန္ ေလယာဥ္ တင္ သေဘၤာ အုပ္ စု ႏွစ္စု ဟာ ေတာင္ တ႐ုတ္ ပင္လယ္ တြင္း နယ္ေျမ အျငင္းပြား ရာ ေရျပင္ မွာ (၂၀၀၁) ခုႏွစ္ ေနာက္ ပိုင္း ဒုတိယ အႀကိမ္ အျဖစ္ ပူးတြဲ စစ္ ေရးေလ့က်င့္ မႈေတြ လုပ္ေန ပါတယ္။အေမရိကန္ ေလယာဥ္ တင္ သေဘၤာ USS ေရာ္နယ္ ရီဂင္ နဲ႔ USS နီမစ္ဇ္ တို႔ဟာ ဖ်က္ သေဘၤာ ၊ တိုက္ သေဘၤာေတြ ၿခံ ရံၿပီး တပ္ ဖြဲ႕ဝင္ (၁၂၀၀၀)ေက်ာ္ နဲ႔ မေန႔ကစၿပီး ေတာင္ တ႐ုတ္ ပင္ လယ္ တြင္း မွာ ပူးတြဲစစ္ေရး ေလ့က်င့္ မႈေတြ လုပ္ေန တာ ပါ။
ဒီ စစ္ေရး ေလ့က်င့္မႈ အတြင္း ေလယာဥ္ တင္ ေသဘၤာေပၚ က စစ္ေလ ယာဥ္ (၁၂၀) ဟာ တိုက္ပြဲဝင္ ဖို႔ အသင့္ ရွိမႈ နဲ႔ စြမ္းရည္ ထက္ျမက္ မႈအတြက္ ေလေၾကာင္းကာကြယ္ေရး နည္းပညာပိုင္း ေလ့က်င့္မႈေတြ လုပ္ခဲ့ၾကတယ္လို႔ အေမရိကန္ ပစိဖိတ္ ေရတပ္ဌာနခ်ဳပ္ က သတင္း ထုတ္ျပန္ ပါတယ္။
ဒီကိစၥ နဲ႔ ပတ္သက္ ၿပီး အေမရိကန္ ရဲ႕ လုပ္ရပ္ က ႏိုင္ငံ ေတြကို ကြဲျပား ေစၿပီး ေတာင္ တ႐ုတ္ ပင္လယ္ ေဒသ တြင္း တည္ၿငိမ္ ေရး နဲ႔ ၿငိမ္ ခ်မ္းေရး ကို ပ်က္ျပားေစ တယ္ လို႔ တ႐ုတ္ႏိုင္ငံျခား ေရး ဝန္ႀကီး ဌာန ေျပာခြင့္ ရပုဂၢိဳလ္ Zhao Lijianက ကန႔္ ကြက္ေျပာ ဆို ပါတယ္။
Hot News Myanmar
crd:Girnari online
UNICODE
တရုတ် နိုင်ငံက တောင် တရုတ် ပင်လယ် တွင်း ရေနယ် နမိတ် စတုရန်း မိုင် (၁.၃သန်း) ကို တရုတ် က ပိုင်ဆိုင် တယ် လို့ ပြောဆိုနေ တာ ပါ။ ဒါပေ မယ့် တရုတ် ရဲ့ တောင် တရုတ် ပင်လယ် တွင်း နယ်မြေ တောင်းဆိုမှု အများစု ဟာ တရား မဝင်ဘူး လို့ အမေရိကန် က အခု အ ပတ် တွင်းပြောခဲ့ပါတယ် ။ ဒါ့အပြင် အမေရိကန် လေယာဉ် တင် သင်္ဘောတွေ က အင် အားပြ စစ်ရေး လေ့ကျင့် မှုတွေ အခု လို လုပ်ဆောင် လာတာဖြစ် ပါတယ်။
အမေရိကန် လေယာဉ် တင် သင်္ဘော အုပ် စု နှစ်စု ဟာ တောင် တရုတ် ပင်လယ် တွင်း နယ်မြေ အငြင်းပွား ရာ ရေပြင် မှာ (၂၀၀၁) ခုနှစ် နောက် ပိုင်း ဒုတိယ အကြိမ် အဖြစ် ပူးတွဲ စစ် ရေးလေ့ကျင့် မှုတွေ လုပ်နေ ပါတယ်။အမေရိကန် လေယာဉ် တင် သင်္ဘော USS ရော်နယ် ရီဂင် နဲ့ USS နီမစ်ဇ် တို့ဟာ ဖျက် သင်္ဘော ၊ တိုက် သင်္ဘောတွေ ခြံ ရံပြီး တပ် ဖွဲ့ဝင် (၁၂၀၀၀)ကျော် နဲ့ မနေ့ကစပြီး တောင် တရုတ် ပင် လယ် တွင်း မှာ ပူးတွဲစစ်ရေး လေ့ကျင့် မှုတွေ လုပ်နေ တာ ပါ။
ဒီ စစ်ရေး လေ့ကျင့်မှု အတွင်း လေယာဉ် တင် သေင်္ဘာပေါ် က စစ်လေ ယာဉ် (၁၂၀) ဟာ တိုက်ပွဲဝင် ဖို့ အသင့် ရှိမှု နဲ့ စွမ်းရည် ထက်မြက် မှုအတွက် လေကြောင်းကာကွယ်ရေး နည်းပညာပိုင်း လေ့ကျင့်မှုတွေ လုပ်ခဲ့ကြတယ်လို့ အမေရိကန် ပစိဖိတ် ရေတပ်ဌာနချုပ် က သတင်း ထုတ်ပြန် ပါတယ်။
ဒီကိစ္စ နဲ့ ပတ်သက် ပြီး အမေရိကန် ရဲ့ လုပ်ရပ် က နိုင်ငံ တွေကို ကွဲပြား စေပြီး တောင် တရုတ် ပင်လယ် ဒေသ တွင်း တည်ငြိမ် ရေး နဲ့ ငြိမ် ချမ်းရေး ကို ပျက်ပြားစေ တယ် လို့ တရုတ်နိုင်ငံခြား ရေး ဝန်ကြီး ဌာန ပြောခွင့် ရပုဂ္ဂိုလ် Zhao Lijianက ကန့် ကွက်ပြော ဆို ပါတယ်။
Hot News Myanmar
crd:Girnari online