ကိုဗစ္-၁၉အတြက္ ေစာင့္ၾကည့္ေနသည့္ Quarantine Center (၃)ခုတြင္ လူ(၁၀၀)နီးပါး အစာအဆိပ္သင့္မႈျဖစ္ပြား
|ထိုင္းႏိုင္ငံမွ ျပန္လာေသာ ျပည္ေတာ္ျပန္မ်ား ထားရွိရန္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ Quarantine Center ၈ ခုႏွင့္ ဟိုတယ္ Quaran tine အပါအဝင္ ဆိုလွ်င္ စုစုေပါင္း ၉ ခုရွိကာ လူဦးေရအားျဖင့္ ၁,၂၀၀ ေက်ာ္ရွိေၾကာင္းသိရသည္။ျမဝတီနယ္စပ္ဂိတ္သို႔ျပန္ဝင္လာေသာ ျမန္မာေ႐ြ႕ေျပာင္း လုပ္သားဦးေရမွာ မတ္လ ၂၁ ရက္ေန႔မွ ယ ေန႔အထိ ဆိုလွ်င္ လူဦးေရစုစုေပါင္း ၉၀,၀၀၀ ေက်ာ္ ရွိေၾကာင္း သိရသည္။
က်န္းမာေရးဌာန၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ကရင္ျပည္နယ္သည္ ရန္ကုန္တိုင္းၿပီးလွ်င္ COVID –19 ပိုးေတြ႕လူနာ အမ်ားဆုံးရွိ သည့္ ျပည္နယ္ျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာစုစုေပါင္း၂၆ ဦးရွိသည္။ထိုင္းမွ ဝင္ေရာက္လာေသာ ျမန္မာ ေ႐ြ႕ေျပာင္းလုပ္ သားမ်ားကို ထားသည့္ ျမဝတီၿမိဳ႕ရွိ Quaratine Center သုံးခုတြင္ ဇူလိုင္လ ၁၉ ရက္က လူတစ္ရာနီးပါး အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့သည္။
လူနာမ်ားအား ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုမႈခံယူေစ ကာ ျပန္လည္သက္သာလာသူမ်ားကိုွ Quarantine Center မ်ားသို႔ျပန္လည္ ပို႔ ေဆာင္ေပးၿပီး ဇူလိုင္လ ၁၉ ရက္ေန႔ ညစာရင္းအရ ေဆး႐ုံသို႔ တက္ေရာက္ ကုသမႈခံယူေနရေသာလူနာႏွစ္ဦးရွိေၾကာင္း ျမဝတီၿမိဳ႕နယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာၾကားသည္။
REF: The Ladies News
UNICODE
ထိုင်းနိုင်ငံမှ ပြန်လာသော ပြည်တော်ပြန်များ ထားရှိရန် ကရင်ပြည်နယ် မြဝတီမြို့တွင် Quarantine Center ၈ ခုနှင့် ဟိုတယ် Quaran tine အပါအဝင် ဆိုလျှင် စုစုပေါင်း ၉ ခုရှိကာ လူဦးရေအားဖြင့် ၁,၂၀၀ ကျော်ရှိကြောင်းသိရသည်။မြဝတီနယ်စပ်ဂိတ်သို့ပြန်ဝင်လာသော မြန်မာရွေ့ပြောင်း လုပ်သားဦးရေမှာ မတ်လ ၂၁ ရက်နေ့မှ ယ နေ့အထိ ဆိုလျှင် လူဦးရေစုစုပေါင်း ၉၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။
ကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ကရင်ပြည်နယ်သည် ရန်ကုန်တိုင်းပြီးလျှင် COVID –19 ပိုးတွေ့လူနာ အများဆုံးရှိ သည့် ပြည်နယ်ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း၂၆ ဦးရှိသည်။ထိုင်းမှ ဝင်ရောက်လာသော မြန်မာ ရွေ့ပြောင်းလုပ် သားများကို ထားသည့် မြဝတီမြို့ရှိ Quaratine Center သုံးခုတွင် ဇူလိုင်လ ၁၉ ရက်က လူတစ်ရာနီးပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည်။
လူနာများအား ဆေးရုံသို့ ပို့ဆောင်ဆေးကုမှုခံယူစေ ကာ ပြန်လည်သက်သာလာသူများကိုှ Quarantine Center များသို့ပြန်လည် ပို့ ဆောင်ပေးပြီး ဇူလိုင်လ ၁၉ ရက်နေ့ ညစာရင်းအရ ဆေးရုံသို့ တက်ရောက် ကုသမှုခံယူနေရသောလူနာနှစ်ဦးရှိကြောင်း မြဝတီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။
REF: The Ladies News