ကံေကာင္းေစဖို႔ လက္ဖြဲ႕ေတြ တစ္ကိုယ္လုံး ဝတ္ဆင္ထားၿပီး ခြၽတ္တဲ့ေန႔မွာပဲ ထူးဆန္းစြာ ကားတိုက္ခံရသူ

လက္ဖြဲ႕ေတြ အၿမဲဝတ္ဆင္ထား သူ အသက္ ၅၈ ႏွစ္အ႐ြယ္Snom ဟာ ယခင္က ထိုင္းႏိုင္ငံ က တန္ခိုးႀကီး၊ နာမည္ႀကီး ေနရာ ေတြကို သြား ေရာက္ၿပီး၊ ေရာက္ေလရာ အရပ္မွာ အေဆာင္လက္ဖြဲ႕ေတြ စုေဆာင္းတက္ သူ ျဖစ္ပါတယ္။ ရလာသမွ်ကို ႀကိဳးနဲ႔သီၿပီး၊ ခ်ပ္ ဝတ္တန္ဆာ လို ဖန္တီး ဝတ္ဆင္ေလ့ ရွိသူပါ။ အခုေတာ့ သူယုံၾကည္ တဲ့ အေဆာင္ေတြ ခြၽတ္မိတဲ့ေန႔ မွာပင္ သူ႔အသက္ကို စြန႔္လႊတ္ခဲ့ရပါၿပီ။

အေဆာင္လက္ဖြဲ႕ေတြကို ယုံၾကည္တဲ့ လူတန္းစား တစ္ရပ္ကေတာ့ ရွိေနခဲ့တာ လြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းကပါ။ အင္းအိုင္လက္ဖြဲ႕ ဂါထာ မႏၲယား အတတ္ေတြနဲ႔ သူတို႔တစ္ေတြကို အႏၲရာယ္ကေန လြတ္ေျမာက္ေစမယ္၊ ကံေကာင္းေစမယ္လို႔ ယုံၾကည္ၾကပါတယ္။တခ်ိဳ႕ကေတာ့ ခ်ိဳးအမေတ (အျမဴေတ) စသည္တို႔ကို ယုံၾကည္တတ္ၾကပါတယ္။

အခုလည္း Snom အမည္ရ ထိုင္းအမ်ိဳးသားတစ္ဦးဟာ အင္းအိုင္အေဆာင္ လက္ဖြဲ႕ေတြကို ယုံၾကည္သူျဖစ္ၿပီး၊ ဘုန္းေတာ္ႀကီးေတြ စီရင္ ေပးတဲ့ အေဆာင္လက္ဖြဲ႕ေတြကို ေရွးေခတ္စစ္သားမ်ားဝတ္သည့္ ခ်ပ္ဝတ္တန္ဆာလိုမ်ိဳး ျပဳလုပ္ၿပီး၊ ဝတ္ဆင္ ေလ့ရွိပါတယ္။ သူဟာ ဒီ အ႐ြယ္ ေရာက္သည္အထိ အဲဒီအေဆာင္ လက္ဖြဲ႕ေတြေၾကာင့္ပဲ သက္ရွည္က်န္းမာ၊ ကံေကာင္းမႈေတြ ျဖစ္ေစတယ္လို႔ ယူဆေနပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ မတ္လ ၁ ရက္မွာေတာ့ ေနအိမ္ကေနအျပင္ကို သြားေရာက္စဥ္မွာ အေဆာင္လက္ဖြဲ႕ ခ်ပ္ဝတ္တန္ဆာေတြကို ခြၽတ္ထား ခဲ့မိပါတယ္။ အဲဒီေန႔မွာပဲ တိုက္တိုက္ဆိုင္ဆိုင္ ကားနဲ႔တိုက္တာကို ခံခဲ့ရပါတယ္။ Snom ဟာ ကားတိုက္တဲ့ အရွိန္ေၾကာင့္ လမ္းေဘးက စတိုးဆိုင္အတြင္းထိ လြင့္စင္သြားခဲ့ပါတယ္။ ပိုၿပီးကံဆိုးတာက ကားက စတိုးဆိုင္ရဲ႕ အဓိကတိုင္တစ္ခုကို တိုက္ခ်ိဳးခဲ့လို႔၊

အေပၚက ေခါင္မိုးပါၿပိဳက်ၿပီး Snom ရဲ႕အေပၚကို ႀကီးမားတဲ့ အေဆာက္ဦး အပ်က္အစီးေတြ ျပဳတ္က်ေစခဲ့ပါတယ္။ Snom ဟာ ေနရာမွာ ပင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ပါတယ္။

REF: SHWE THADIN

UNICODE

လက်ဖွဲ့တွေ အမြဲဝတ်ဆင်ထား သူ အသက် ၅၈ နှစ်အရွယ်Snom ဟာ ယခင်က ထိုင်းနိုင်ငံ က တန်ခိုးကြီး၊ နာမည်ကြီး နေရာ တွေကို သွား ရောက်ပြီး၊ ရောက်လေရာ အရပ်မှာ အဆောင်လက်ဖွဲ့တွေ စုဆောင်းတက် သူ ဖြစ်ပါတယ်။ ရလာသမျှကို ကြိုးနဲ့သီပြီး၊ ချပ် ဝတ်တန်ဆာ လို ဖန်တီး ဝတ်ဆင်လေ့ ရှိသူပါ။ အခုတော့ သူယုံကြည် တဲ့ အဆောင်တွေ ချွတ်မိတဲ့နေ့ မှာပင် သူ့အသက်ကို စွန့်လွှတ်ခဲ့ရပါပြီ။

အဆောင်လက်ဖွဲ့တွေကို ယုံကြည်တဲ့ လူတန်းစား တစ်ရပ်ကတော့ ရှိနေခဲ့တာ လွန်ခဲ့တဲ့နှစ်များစွာကတည်းကပါ။ အင်းအိုင်လက်ဖွဲ့ ဂါထာ မန္တယား အတတ်တွေနဲ့ သူတို့တစ်တွေကို အန္တရာယ်ကနေ လွတ်မြောက်စေမယ်၊ ကံကောင်းစေမယ်လို့ ယုံကြည်ကြပါတယ်။တချို့ကတော့ ချိုးအမတေ (အမြူတေ) စသည်တို့ကို ယုံကြည်တတ်ကြပါတယ်။

အခုလည်း Snom အမည်ရ  ထိုင်းအမျိုးသားတစ်ဦးဟာ အင်းအိုင်အဆောင် လက်ဖွဲ့တွေကို ယုံကြည်သူဖြစ်ပြီး၊ ဘုန်းတော်ကြီးတွေ စီရင် ပေးတဲ့ အဆောင်လက်ဖွဲ့တွေကို ရှေးခေတ်စစ်သားများဝတ်သည့် ချပ်ဝတ်တန်ဆာလိုမျိုး ပြုလုပ်ပြီး၊ ဝတ်ဆင် လေ့ရှိပါတယ်။ သူဟာ ဒီ အရွယ် ရောက်သည်အထိ အဲဒီအဆောင် လက်ဖွဲ့တွေကြောင့်ပဲ သက်ရှည်ကျန်းမာ၊ ကံကောင်းမှုတွေ ဖြစ်စေတယ်လို့ ယူဆနေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၁ ရက်မှာတော့ နေအိမ်ကနေအပြင်ကို သွားရောက်စဉ်မှာ အဆောင်လက်ဖွဲ့ ချပ်ဝတ်တန်ဆာတွေကို ချွတ်ထား ခဲ့မိပါတယ်။ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကားနဲ့တိုက်တာကို ခံခဲ့ရပါတယ်။ Snom ဟာ ကားတိုက်တဲ့ အရှိန်ကြောင့် လမ်းဘေးက စတိုးဆိုင်အတွင်းထိ လွင့်စင်သွားခဲ့ပါတယ်။ ပိုပြီးကံဆိုးတာက ကားက စတိုးဆိုင်ရဲ့ အဓိကတိုင်တစ်ခုကို တိုက်ချိုးခဲ့လို့၊

အပေါ်က ခေါင်မိုးပါပြိုကျပြီး Snom ရဲ့အပေါ်ကို ကြီးမားတဲ့ အဆောက်ဦး အပျက်အစီးတွေ ပြုတ်ကျစေခဲ့ပါတယ်။ Snom ဟာ နေရာမှာ ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

REF:   SHWE  THADIN

Add a Comment

Your email address will not be published. Required fields are marked *