ဝါဆိုသင်္က န်း ကပ် မယ့် အချိန် ကာလ နဲ့ ကို က်ပြီး သင်္ကန်း ဆိုင် ကြီးတွေ ထည့် တဲ့ “ဂျင်း”





REF: SHWE WIKI

UNICODE

ကထိန်ရာသီ ရောက်တော့ ဒကာ,ဒကာမ တွေ ဂျင်းထပ် ထည့်ခံရ.. တစ်ခါ အဲဒီဂျင်းတွေက ကျောင်းပြန်လာ စု ဒီလို နဲ့ သံသရာလည် နေတာ နောက်ဆုံးတော့ ဂျင်းကြိုက်တဲ့ သင်္ကန်းဆိုင်တွေ ကပဲ အမြတ်ထွက်သွားကြ တယ် ။ ၃/၄ ထောင်တန် ကို သင်္ကန်းဆိုင်တွေက ၂-သောင်းကျော် နဲ့ရောင်း ၁-သောင်းတန် ကို ၃-သောင်းကျော်နဲ့ရောင်း ၂-သောင်းတန် ကို ၅-သောင်းကျော်နဲ့ရောင်း

ဒကာ,ဒကာမတွေက မသိရှာတော့ ဂျင်းမိ.. အဲဒီဂျင်းတွေလာ လှူကြ လှူတဲ့ဂျင်းတွေ စုပုံလာတော့ ကျောင်းတွေက မတန်မရာဈေးနဲ့ ပြ န်ထုတ် ရ သင်္ကန်းဆိုင် ပြန်ရောက်..အချိန် ကာလ နဲ့ ကိုက်ပြီး သင်္ကန်းဆိုင်ကြီး တွေ ထည့်တဲ့ “ဂျင်း”ဒီ နှစ် မှာ လည်း ဝါ ဆို သင်္ကန်းလေး တော့ ရပါ ရဲ့ ဒါပေ မယ့်…… ဝတ် လို့ရတာက တစ်စုံမှ မပါဘူး..

ယိုးဒယားစီဝိုင်စီ ၊ အင်ဒိုနီးရှားစီဝိုင်စီ ၊ စင်္ကာပူစီဝိုင်စီ မလေးရှားစီဝိုင်စီ၊ နာမည် အ မျိုးမျိုး တပ် ( အထင်မကြီး မှာ စိုးလို့ထင် ပါ ရဲ့ မြန် မာစီဝိုင်စီ လို့တော့ နာမည် တပ်တာ မတွေ့ရဘူး ) ဖြတ် ညှပ် ကပ်ရောင်း နောက်ဆုံး သင်္ကန်းဆိုင်တွေ ပဲ အိတ်ဖောင်း သွား တယ်…ဒ ကာ,ဒကာမတွေက ” ဂျီးမများ နဲ့ လှူတာဝတ်” လို့တော့ သဘော မထားကြရှာ ပါဘူး..

မကျွမ်းကျင် တဲ့ သင်္ကန်းဘာသာရပ် မှာ သဒ္ဓါတရားကို ခုတုံးလုပ်ပြီး သက်သက်မဲ့ စီးပွားရေးသမားတွေရဲ့ ဂျင်းအကြီးစား ထည့်ခံနေ ကြရရှာတယ်။ ဆိုင်ကနေ ၃-သောင်းပေးပြီး ဝယ် ခဲ့ရတဲ့ သင်္ကန်းက ဝတ်လိုက်ရင် –တန်းလန်း မြင်နေရတယ် ။ ဝတ်မရလို့ ပြန်ရောင်း ပြန်တော့ ၃ ထောင်/ ၄ ထောင်ပဲရတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *