အလယ္တန္း နဲ႔ မူလတန္းေက်ာင္းဖြင့္ရက္ကို မူလသတ္မွတ္ခ်ိန္ထက္ (၁)လခန႔္ေနာက္ဆုတ္လိုက္ေၾကာင္း အေျခခံပညာၫႊန္ခ်ဳပ္ေျပာ

အေျခခံပညာ ေက်ာင္းေတြျပန္ဖြင့္ခ်ိန္မွာ ေတာ့ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္ေတြအတိုင္း လိုက္နာဖို႔ ဆရာမေတြကို လမ္းၫႊန္ထားတယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္ တာတင္ေမာင္ဝင္းက ေျပာဆိုလိုက္ပါတယ္။

အရင္က ကိုးတန္း၊ ဆယ္တန္းလို႔ေခၚတဲ့ Grade 10 နဲ႔ Grade 11 အတန္း ႏွစ္တန္းကိုပဲ ဇူလိုင္ ၂၁ ရက္ေန႔မွာ စတင္ဖြင့္လွစ္မွာလည္း ျဖစ္ၿပီး တစ္ရက္ကို ၄ နာရီေက်ာ္ပဲစာသင္ဖို႔နဲ႔ ေက်ာင္းေတြကို အသုတ္လိုက္ ခြဲတက္ဖို႔ ျပည္နယ္အ လိုက္ ညႇိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔ ပညာေရးဝန္ႀကီးဌာက သိရပါတယ္။

အေျခခံပညာအဆင့္ အလယ္တန္းနဲ႔ မူလတန္းေတြကို ၾသဂုတ္လ ၄ရက္ နဲ႔ ၁၁ ရက္မွာ ဖြင့္ဖို႔စီစဥ္ထားေပမဲ့ အဲဒီရက္ေတြမွာ ဖြင့္ေတာ့မွာ မဟုတ္ဘဲ ေနာက္ထပ္ တစ္လခန္႔ေနာက္ဆုတ္ၿပီး ဖြင့္လွစ္သြားဖို႔ရွိတယ္လို႔ အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း က ေျပာပါတယ္။အခုလို ေနာက္ဆုတ္ရတာဟာ ကိုဗစ္ေရာဂါ အေျခအေနအရ ဗဟိုေကာ္မတီက အခုလို ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အရင္ က ႏွစ္ပတ္ေနၿပီး ဖြင့္မယ္လို႔ ေမွ်ာ္မွန္းထားေပမယ့္ အခုေတာ့ ေကာ္မတီရဲ႕ ၫႊန္ၾကားခ်က္ အတိုင္းလုပ္ရတာျဖစ္ၿပီး ဖြင့္မယ့္ရက္ကို ျပန္ လည္ ထုတ္ျပန္ေပးသြားမယ္လို႔လည္း သူကေျပာပါတယ္။တစ္ႏိုင္ငံလုံး ဖြင့္ဖိုျပင္ေနတဲ့ အထက္တန္းေက်ာင္း စုစုေပါင္း ခုႏွစ္ေထာင္ ေက်ာ္ရွိတဲ့အနက္ မနက္ျဖန္ ဇူလိုင္ ၂၁ ရက္ေန႔မွာ ေက်ာင္းအား လုံးဖြင့္ႏိုင္မယ့္ အေျခေနမရွိေသးပါဘူး။

ကိုဗစ္ သတ္မွတ္ခ်က္ အခ်က္ ၈၀လုံးကို ျပင္ဆင္ထားႏိုင္တဲ့ ေအ အဆင့္ေက်ာင္းေတြပဲ ဖြင့္လွစ္ဦးမွာ ျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

Ref: BBC

UNICODE

အခြေခံပညာ ကျောင်းတွေပြန်ဖွင့်ချိန်မှာ တော့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဖို့ ဆရာမတွေကို လမ်းညွှန်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက် တာတင်မောင်ဝင်းက ပြောဆိုလိုက်ပါတယ်။

အရင်က ကိုးတန်း၊ ဆယ်တန်းလို့ခေါ်တဲ့ Grade 10 နဲ့ Grade 11 အတန်း နှစ်တန်းကိုပဲ ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာလည်း ဖြစ်ပြီး တစ်ရက်ကို ၄ နာရီကျော်ပဲစာသင်ဖို့နဲ့ ကျောင်းတွေကို အသုတ်လိုက် ခွဲတက်ဖို့ ပြည်နယ်အ လိုက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာက သိရပါတယ်။

အခြေခံပညာအဆင့် အလယ်တန်းနဲ့ မူလတန်းတွေကို သြဂုတ်လ ၄ရက် နဲ့ ၁၁ ရက်မှာ ဖွင့်ဖို့စီစဥ်ထားပေမဲ့ အဲဒီရက်တွေမှာ ဖွင့်တော့မှာ မဟုတ်ဘဲ နောက်ထပ် တစ်လခန့်နောက်ဆုတ်ပြီး ဖွင့်လှစ်သွားဖို့ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောပါတယ်။အခုလို နောက်ဆုတ်ရတာဟာ ကိုဗစ်ရောဂါ အခြေအနေအရ ဗဟိုကော်မတီက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အရင် က နှစ်ပတ်နေပြီး ဖွင့်မယ်လို့ မျှော်မှန်းထားပေမယ့် အခုတော့ ကော်မတီရဲ့ ညွှန်ကြားချက် အတိုင်းလုပ်ရတာဖြစ်ပြီး ဖွင့်မယ့်ရက်ကို ပြန် လည် ထုတ်ပြန်ပေးသွားမယ်လို့လည်း သူကပြောပါတယ်။တစ်နိုင်ငံလုံး ဖွင့်ဖိုပြင်နေတဲ့ အထက်တန်းကျောင်း စုစုပေါင်း ခုနှစ်ထောင် ကျော်ရှိတဲ့အနက် မနက်ဖြန် ဇူလိုင် ၂၁ ရက်နေ့မှာ ကျောင်းအား လုံးဖွင့်နိုင်မယ့် အခြေနေမရှိသေးပါဘူး။

ကိုဗစ် သတ်မှတ်ချက် အချက် ၈၀လုံးကို ပြင်ဆင်ထားနိုင်တဲ့ အေ အဆင့်ကျောင်းတွေပဲ ဖွင့်လှစ်ဦးမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

Ref:  BBC

Add a Comment

Your email address will not be published. Required fields are marked *