အေလးျပဳပါတယ္” သီခ်င္းေလးကို အာဇာနည္ေန႔အတြက္ ဂုဏ္ျပဳသီဆိုခဲ့တဲ့ ျမန္မာအိုက္ေဒါမွ ေအးျမျဖဴ(႐ုပ္သံ)

ေအးျမျဖဴကေတာ့ အာဇာနည္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ သမီး ဒီသီခ်င္းေလးကို အိမ္မွာပဲ စႏၵရားဆရာ ကိုႀကီး ရဲမင္းဟန္ေရာက္တုန္း ေလး ဆိုလိုက္ပါတယ္” လို႔ေရးသားကာ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။ ျမန္မာသံပိုင္ႏိုင္ၿပီး မူရင္းေတးသီခ်င္းရဲ႕အႏွစ္သာရမပ်က္ေအာင္ အေကာင္းဆုံး Cover ျပန္လည္သီဆိုထားတဲ့ ေအးျမျဖဴရဲ႕ “အေလးျပဳပါတယ္” ဆိုတဲ့သီခ်င္းေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ် ေဝေပးလိုက္ပါတယ္ေနာ္။

ျမန္မာအိုင္ေဒါ Season-4 Top 3 ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့ ေအးျမျဖဴကေတာ့ ျမန္မာသံပိုင္ႏိုင္တဲ့ၿပိဳင္ပြဲဝင္တစ္ေယာက္အျဖစ္ ပရိ သတ္အသိမွတ္ျပဳအားေပးျခင္းရရွိခဲ့သူပါ။ ငယ္႐ြယ္ေသးေပမယ့္ အဆိုပိုင္းသာမက သ႐ုပ္ေဆာင္ပိုင္း၊ဘက္ေပါင္းစုံမွာ အႏုပညာအရည္ အေသြးျပည့္ဝသူတစ္ေယာက္ျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက အခ်စ္ပိုေနရတာပါ။ ေအးျမျဖဴကေတာ့ မၾကာခဏဆိုသလို ျမန္မာ သံစဥ္သီခ်င္းေလးေတြကို Cover သီဆိုကာ ပရိသတ္ေတြကို မွ်ေဝ ေလ့ရွိပါတယ္။

မေန႔ကက်ေရာက္တဲ့ အာဇာနည္ေန႔အတြက္ ဂုဏ္ျပဳေတးသီခ်င္းေလးျဖစ္တဲ့ ေတးသံရွင္ ေမလွၿမိဳင္သီဆိုထားတဲ့ “အေလးျပဳပါတယ္” သီခ်င္းေလးကိုလည္း ကာဗာသီဆိုကာ မွ်ေဝေပးခဲ့ျပန္ပါတယ္။ ဒီေန႔ကေတာ့ ျမန္မာတစ္မ်ိဳးသားလုံးမေမ့အပ္တဲ့ ေန႔ထူးေန႔ျမတ္တစ္ခု ျဖစ္တဲ့ (၇၃) ႀကိမ္ေျမာက္အာဇာနည္ေန႔ျဖစ္ၿပီး ေအးျမျဖဴကေတာ့ သီခ်င္းေလးနဲ႔ ဂုဏ္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။

REF: PANPYOELAT

UNICODE

အေးမြဖြူကတော့ အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမီး ဒီသီချင်းလေးကို အိမ်မှာပဲ စန္ဒရားဆရာ ကိုကြီး ရဲမင်းဟန်ရောက်တုန်း လေး ဆိုလိုက်ပါတယ်” လို့ရေးသားကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာသံပိုင်နိုင်ပြီး မူရင်းတေးသီချင်းရဲ့အနှစ်သာရမပျက်အောင် အကောင်းဆုံး Cover ပြန်လည်သီဆိုထားတဲ့ အေးမြဖြူရဲ့ “အလေးပြုပါတယ်” ဆိုတဲ့သီချင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်။

မြန်မာအိုင်ဒေါ Season-4 Top 3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ မြန်မာသံပိုင်နိုင်တဲ့ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိ သတ်အသိမှတ်ပြုအားပေးခြင်းရရှိခဲ့သူပါ။ ငယ်ရွယ်သေးပေမယ့် အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်း၊ဘက်ပေါင်းစုံမှာ အနုပညာအရည် အသွေးပြည့်ဝသူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။ အေးမြဖြူကတော့ မကြာခဏဆိုသလို မြန်မာ သံစဉ်သီချင်းလေးတွေကို Cover သီဆိုကာ ပရိသတ်တွေကို မျှဝေ လေ့ရှိပါတယ်။

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့အတွက် ဂုဏ်ပြုတေးသီချင်းလေးဖြစ်တဲ့ တေးသံရှင် မေလှမြိုင်သီဆိုထားတဲ့ “အလေးပြုပါတယ်” သီချင်းလေးကိုလည်း ကာဗာသီဆိုကာ မျှဝေပေးခဲ့ပြန်ပါတယ်။ ဒီနေ့ကတော့ မြန်မာတစ်မျိုးသားလုံးမမေ့အပ်တဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်တဲ့ (၇၃) ကြိမ်မြောက်အာဇာနည်နေ့ဖြစ်ပြီး အေးမြဖြူကတော့ သီချင်းလေးနဲ့ ဂုဏ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

အလေးပြုပါတယ် – အေးမြဖြူ

"အလေးပြုပါတယ်"မူရင်းတေးဆို – မေလှမြိုင်တေးရေး – ဂီတာတင်အုန်း စန္ဒရား – ရဲမင်းဟန်မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမီး ဒီသီချင်းလေးကို အိမ်မှာပဲ စန္ဒရားဆရာ ကိုကြီး ရဲမင်းဟန်ရောက်တုန်းလေး ဆိုလိုက်ပါတယ် 🙏🏻

Posted by AYE MYA PHYU on Saturday, July 18, 2020

REF:   PANPYOELAT

Add a Comment

Your email address will not be published. Required fields are marked *