ဦးမန္း ဝင္း ကြယ္လြန္ၿပီး မွ ထူး ထူး ျခားျခား အိပ္မက္ေ ပးတဲ့ အေၾကာင္း ဇနီးျဖစ္သူ ေဒၚခင္ေအးၾကဴေျပာျပ လာ

က်န္ရစ္သူမိသားစုအေနနဲ႔ ဦးမန္းဝင္းအတြက္ ဘုရားတစ္ဆူ တည္ထားေပးဖို႔ အစီအစဥ္ရွိၿပီးေတာ့ ထိုဘုရားတည္ဖို႔အတြက္ နာေရးကူေငြ ေထာက္ပံ့ေငြမ်ားအားလုံးကို အသုံးျပဳသြားမယ္လို႔လည္းေျပာၾကားသြားခဲ့တာပါ။ဖခင္ဦးမန္းဝင္းကို သားသမီးေတြအၿမဲ သာဓုေခၚ ေကာင္း မႈကုသိုလ္ေပးႏိုင္ေအာင္နဲ႔ ဦးမန္းဝင္းအတြက္ ကူေငြထည့္ခဲ့ၾကသူေတြပါ ကုသိုလ္ေကာင္းမႈရရွိေစဖို႔ရည္႐ြယ္တယ္လို႔လည္း ေဒၚခင္ေအးက ေျပာဆိုသြားခဲ့တာပါ။

သမီးျဖစ္သူရဲ႕ အိပ္မက္အရကေတာ့ ဟာသလူ႐ႊင္ေတာ္ႀကီးဦးမန္းဝင္းတစ္ေယာက္ ေကာင္းရာ မြန္ရာသို႔ေရာက္ရွိသြားေလာက္ၿပီ လို႔ ယူ ဆရပါတယ္ေနာ္။ ကြၽန္ေတာ္တို႔ ေ႐ႊေရာင္ျမန္မာ အဖြဲ႕သားမ်ားကလည္းဦးမန္းဝင္းတစ္ေယာက္ ေကာင္းရာမြန္ရာ သို႔ အျမန္ဆုံးေရာက္ရွိ ႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္။

လူအမ်ား ကို ႏွစ္ေပါင္းမ်ားစြာ ေပ်ာ္႐ႊင္ရေအာင္ ေဖ်ာ္ေျဖေပးခဲ့တဲ့ ဟာသအႏုပညာရွင္ႀကီး တစ္ဦး ျဖစ္တဲ့ ဦးမန္းဝင္းကေတာ့ သူခ်စ္တဲ့ မိ သားစုနဲ႔ ပရိသတ္ႀကီးကို စြန႔္ခြာကာဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ၿပီပဲျဖစ္ပါတယ္။ဦးမန္းဝင္းရဲ႕ အသုဘကို အႏုပညာရွင္ ေပါင္းမ်ားစြာ ဟာသလူ႐ႊင္ေတာ္တပည့္တပန္းမ်ားစြာတို႔ လိုက္ပါပို႔ေဆာင္ ခဲ့ၾကတာကိုလည္းေတြ႕ရပါတယ္။ဦးမန္းဝင္းရဲ႕ ဇနီးျဖစ္သူ ေဒၚခင္ေအး က ေတာ့ ဦးမန္းဝင္းကြယ္လြန္သြားၿပီးေနာက္ အိပ္မက္ေပးမႈေတြရွိတယ္ဆိုတဲ့ အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာေျပာၾကား ခဲ့ပါတယ္။

ေဒၚခင္ေအးက “၁၄ရက္ေန႔မွာ သမီးကို အိပ္မက္ေပးတယ္ အမိုးအကာပါတဲ့ ကြတ္ပ်စ္ေလးမွာ ေယာဂီ ဝတ္စုံေလးနဲ႔ အိပ္ေနတယ္ သူ႔အ တြက္ ေနစရာ ခိုစရာအရိပ္ေလးနဲ႔ ေယာဂီဝတ္စုံဆိုေတာ့ ေအးေအးခ်မ္းခ်မ္းေလး ျဖစ္သြားၿပီထင္တယ္…..လို႔ ဦးမန္းဝင္း အိပ္မက္ေပးတဲ့ အေၾကာင္း ဖြင့္ဟလာခဲ့တာပါ။အခုခ်ိန္ထိ ထူးထူးျခားျခား အသံေပးတာ အနံ႔ေပးတာမ်ိဳးမရွိသလို သူခရီးထြက္သြားသလိုပဲ ခံစားရပါတယ္ လို႔ လည္းဆိုပါတယ္။

Credit : Shwe Yaung Myanmar

UNICODE

ကျန်ရစ်သူမိသားစုအနေနဲ့ ဦးမန်းဝင်းအတွက် ဘုရားတစ်ဆူ တည်ထားပေးဖို့ အစီအစဉ်ရှိပြီးတော့ ထိုဘုရားတည်ဖို့အတွက် နာရေးကူငွေ ထောက်ပံ့ငွေများအားလုံးကို အသုံးပြုသွားမယ်လို့လည်းပြောကြားသွားခဲ့တာပါ။ဖခင်ဦးမန်းဝင်းကို သားသမီးတွေအမြဲ သာဓုခေါ် ကောင်း မှုကုသိုလ်ပေးနိုင်အောင်နဲ့ ဦးမန်းဝင်းအတွက် ကူငွေထည့်ခဲ့ကြသူတွေပါ ကုသိုလ်ကောင်းမှုရရှိစေဖို့ရည်ရွယ်တယ်လို့လည်း ဒေါ်ခင်အေးက ပြောဆိုသွားခဲ့တာပါ။

သမီးဖြစ်သူရဲ့ အိပ်မက်အရကတော့ ဟာသလူရွှင်တော်ကြီးဦးမန်းဝင်းတစ်ယောက် ကောင်းရာ မွန်ရာသို့ရောက်ရှိသွားလောက်ပြီ လို့ ယူ ဆရပါတယ်နော်။ ကျွန်တော်တို့ ရွှေရောင်မြန်မာ အဖွဲ့သားများကလည်းဦးမန်းဝင်းတစ်ယောက် ကောင်းရာမွန်ရာ သို့ အမြန်ဆုံးရောက်ရှိ နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

လူအများ ကို နှစ်ပေါင်းများစွာ ပျော်ရွှင်ရအောင် ဖျော်ဖြေပေးခဲ့တဲ့ ဟာသအနုပညာရှင်ကြီး တစ်ဦး ဖြစ်တဲ့ ဦးမန်းဝင်းကတော့ သူချစ်တဲ့ မိ သားစုနဲ့ ပရိသတ်ကြီးကို စွန့်ခွာကာဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ဦးမန်းဝင်းရဲ့ အသုဘကို အနုပညာရှင် ပေါင်းများစွာ ဟာသလူရွှင်တော်တပည့်တပန်းများစွာတို့ လိုက်ပါပို့ဆောင် ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ဦးမန်းဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေး က တော့ ဦးမန်းဝင်းကွယ်လွန်သွားပြီးနောက် အိပ်မက်ပေးမှုတွေရှိတယ်ဆိုတဲ့ အကြောင်း အင်တာဗျူးတစ်ခုမှာပြောကြား ခဲ့ပါတယ်။

ဒေါ်ခင်အေးက “၁၄ရက်နေ့မှာ သမီးကို အိပ်မက်ပေးတယ် အမိုးအကာပါတဲ့ ကွတ်ပျစ်လေးမှာ ယောဂီ ဝတ်စုံလေးနဲ့ အိပ်နေတယ် သူ့အ တွက် နေစရာ ခိုစရာအရိပ်လေးနဲ့ ယောဂီဝတ်စုံဆိုတော့ အေးအေးချမ်းချမ်းလေး ဖြစ်သွားပြီထင်တယ်…..လို့ ဦးမန်းဝင်း အိပ်မက်ပေးတဲ့ အကြောင်း ဖွင့်ဟလာခဲ့တာပါ။အခုချိန်ထိ ထူးထူးခြားခြား အသံပေးတာ အနံ့ပေးတာမျိုးမရှိသလို သူခရီးထွက်သွားသလိုပဲ ခံစားရပါတယ် လို့ လည်းဆိုပါတယ်။

Credit :  Shwe Yaung Myanmar

Add a Comment

Your email address will not be published. Required fields are marked *