ေတာင္တ႐ုတ္ပင္လယ္အေရး ျမန္မာႏိုင္ငံအေပၚသက္ေရာက္ႏိုင္မႈ အေမရိကန္သံ႐ုံး၏ ေရးသားခ်က္ တ႐ုတ္သံ႐ုံးက ျပင္းျပင္းထန္ထန္ကန႔္ကြက္

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး၏ ေဆာင္းပါးသည္ လိုရာဆြဲေတြး၊ အမွားကိုအမွန္လုပ္ၿပီး တ႐ုတ္ႏိုင္ငံအေပၚ တမင္သက္သက္ တိုက္ ခိုက္နာမည္ဖ်က္႐ုံသာမက တ႐ုတ္-ျမန္မာ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို တမင္တကာ ေသြးခြဲျခင္းျဖစ္ေၾကာင္း တ႐ုတ္ သံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ေဆာင္းပါးတြင္ လြန္စြာက်ိဳးေၾကာင္းမဆီေလ်ာ္သည့္ ေတြးေခၚပုံမ်ားျဖင့္ ျမန္မာႏိုင္ငံ ႏွင့္ ေဟာင္ေကာင္အေရး၊ ေတာင္တ႐ုတ္ပင္လယ္အေရးတို႔ကို ခ်ိတ္ဆက္၍ အေမရိကန္မွ ေႂကြးေၾကာ္ေနေသာ ဒီမိုကေရစီႏွင့္ အခ်ဳပ္အ ျခာအာဏာ အေရးကိစၥမ်ားကို ခ်ိတ္ဆက္ကာေရးသားထားေၾကာင္း ေျပာဆိုသည္။

ထိုေဆာင္းပါးတြင္ တ႐ုတ္-ျမန္မာဆက္ဆံေရး၊ ႏွစ္ဖက္ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ကပ္ေရာဂါတိုက္ဖ်က္ေရးဆိုင္ရာ ေထာက္ပံ့ကူညီမႈ မ်ားကို ကဲ့ရဲ႕ျပစ္တင္ထားေၾကာင္း၊ ယင္းမွာ ျပည္ပႏိုင္ငံအေျခစိုက္ အေမရိကန္အဖြဲ႕အစည္းမွ တ႐ုတ္ႏိုင္ငံကို တိုက္ခိုက္ရန္အတြက္ နည္း လမ္းမေ႐ြး လုပ္ေဆာင္လာသည္ကို ေဖာ္ျပေနျခင္းပင္ျဖစ္ေၾကာင္း၊ တ႐ုတ္သံ႐ုံး ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။လက္ရွိတြင္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ နယ္ပယ္အသီးသီးက Belt and Road ႏွင့္ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍကို အတူတကြတည္ေဆာက္လ်က္ရွိၿပီး အရည္ အေသြးျမင့္၍ စဥ္ဆက္မျပတ္သည့္ အတူတကြဖြံၿဖိဳးတိုးတက္မႈကို ေဖာ္ေဆာင္ေနသည္ ဆိုသည္။

ႏွစ္ႏိုင္ငံျပည္သူမ်ားက သာယာလွပေသာဘ၀အေပၚ ေမွ်ာ္မွန္းေတာင့္တမႈကိုျဖည့္ဆည္းေနပါေၾကာင္း ႏွစ္ဦးႏွစ္ဖက္က တည္ၿငိမ္ေအးခ်မ္း မႈကို အတူတကြထိန္းသိမ္း၍ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံ၏ဆႏၵကို ေလးစားသည့္အေျခခံေပၚတြင္ ျမန္မာႏိုင္ငံ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးေဖာ္ေဆာင္ေရးအတြက္ အျပဳသေဘာေဆာင္သည့္အခန္းက႑မွ ဆက္လက္ပါဝင္သြား မည္ျဖစ္ေၾကာင္းလည္း တ႐ုတ္သံ႐ုံး ေၾကညာခ်က္က ဆိုသည္။ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး ယာယီတာဝန္ခံ၏ တ႐ုတ္ႏိုင္ငံႏွင့္ စပ္လ်ဥ္း၍ ေျပာၾကားခ်က္မ်ားကို ပယ္ခ်ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၁၈ ရက္ေန႔တြင္ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး ယာယီတာဝန္ခံ George N. Sibley သည္ တ႐ုတ္ႏိုင္ငံ၏ ႏိုင္ငံ ေရးမူဝါဒႏွင့္ ပတ္သက္၍ ေဝဖန္သည့္ ေဆာင္းပါးတစ္ပုဒ္ကို ေရးသားခဲ့ၿပီး အဆိုပါ ေဆာင္းပါးကို ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး၏ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚတြင္ ေဖာ္ျပခဲ့သည္။ေတာင္တ႐ုတ္ပင္လယ္က ျပႆနာ ျမန္မာအေပၚ ဘယ္လိုသက္ေရာက္ေနလဲ” ဆိုသည့္ အဆိုပါ ေဆာင္းပါးတြင္ တ႐ုတ္ႏိုင္ငံ၏ ေဟာင္ေကာင္အပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအေပၚ လႊမ္းမိုးရန္လုပ္ေဆာင္ေနမႈမ်ားႏွင့္ ယင္းလုပ္ေဆာင္ခ်က္မ်ားသည္ ျမန္မာႏိုင္ငံအပါအဝင္ ေဒသတြင္း အိမ္နီးခ်င္းႏိုင္ငံမ်ား၏ အခ်ဳပ္အျခာအာဏာကို ထိပါးလာႏိုင္ေၾကာင္း။

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးယာယီတာဝန္ခံက ခ်ိတ္ဆက္ေရးသားထားျခင္းျဖစ္သည္။အဆိုပါ ေဆာင္းပါးအေပၚ တုံ႔ျပန္သည့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး၏ ေၾကညာခ်က္တြင္ ျပင္းထန္သည့္ စကားလုံးအသုံးအႏႈန္းမ်ားကို အသုံးျပဳကာ ျပင္းျပင္းထန္ထန္ ေဝဖန္ကန႔္ကြက္ခဲ့ျခင္းလည္းျဖစ္သည္။

REF: THE VOICE

UNICODE

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ဆောင်းပါးသည် လိုရာဆွဲတွေး၊ အမှားကိုအမှန်လုပ်ပြီး တရုတ်နိုင်ငံအပေါ် တမင်သက်သက် တိုက် ခိုက်နာမည်ဖျက်ရုံသာမက တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တမင်တကာ သွေးခွဲခြင်းဖြစ်ကြောင်း တရုတ် သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ဆောင်းပါးတွင် လွန်စွာကျိုးကြောင်းမဆီလျော်သည့် တွေးခေါ်ပုံများဖြင့် မြန်မာနိုင်ငံ နှင့် ဟောင်ကောင်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့ကို ချိတ်ဆက်၍ အမေရိကန်မှ ကြွေးကြော်နေသော ဒီမိုကရေစီနှင့် အချုပ်အ ခြာအာဏာ အရေးကိစ္စများကို ချိတ်ဆက်ကာရေးသားထားကြောင်း ပြောဆိုသည်။

ထိုဆောင်းပါးတွင် တရုတ်-မြန်မာဆက်ဆံရေး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှု များကို ကဲ့ရဲ့ပြစ်တင်ထားကြောင်း၊ ယင်းမှာ ပြည်ပနိုင်ငံအခြေစိုက် အမေရိကန်အဖွဲ့အစည်းမှ တရုတ်နိုင်ငံကို တိုက်ခိုက်ရန်အတွက် နည်း လမ်းမရွေး လုပ်ဆောင်လာသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ တရုတ်သံရုံး ကြေညာချက်တွင်ဖော်ပြထားသည်။လက်ရှိတွင် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ်အသီးသီးက Belt and Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်လျက်ရှိပြီး အရည် အသွေးမြင့်၍ စဉ်ဆက်မပြတ်သည့် အတူတကွဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နေသည် ဆိုသည်။

နှစ်နိုင်ငံပြည်သူများက သာယာလှပသောဘ၀အပေါ် မျှော်မှန်းတောင့်တမှုကိုဖြည့်ဆည်းနေပါကြောင်း နှစ်ဦးနှစ်ဖက်က တည်ငြိမ်အေးချမ်း မှုကို အတူတကွထိန်းသိမ်း၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ဆန္ဒကို လေးစားသည့်အခြေခံပေါ်တွင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွား မည်ဖြစ်ကြောင်းလည်း တရုတ်သံရုံး ကြေညာချက်က ဆိုသည်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ ပြောကြားချက်များကို ပယ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ George N. Sibley သည် တရုတ်နိုင်ငံ၏ နိုင်ငံ ရေးမူဝါဒနှင့် ပတ်သက်၍ ဝေဖန်သည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ပြီး အဆိုပါ ဆောင်းပါးကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ” ဆိုသည့် အဆိုပါ ဆောင်းပါးတွင် တရုတ်နိုင်ငံ၏ ဟောင်ကောင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအပေါ် လွှမ်းမိုးရန်လုပ်ဆောင်နေမှုများနှင့် ယင်းလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးလာနိုင်ကြောင်း။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံက ချိတ်ဆက်ရေးသားထားခြင်းဖြစ်သည်။အဆိုပါ ဆောင်းပါးအပေါ် တုံ့ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ကြေညာချက်တွင် ပြင်းထန်သည့် စကားလုံးအသုံးအနှုန်းများကို အသုံးပြုကာ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ခြင်းလည်းဖြစ်သည်။

REF:  THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *