ျမန္မာလုပ္သားမ်ားကို ထိုင္းက ျပန္ဝင္ခြင့္ျပဳေသာ္လည္း ကိုဗစ္ရွိ/မရွိ ၁၄ ရက္ၾကာ Quarantine ဝင္ရမည္

ကိုဗစ္-၁၉ ကပ္ေရာဂါကာလအ တြင္း ထိုင္းႏိုင္ငံ၌ အလုပ္လုပ္ ကိုင္ေနေသာ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သား တစ္သိန္းေက်ာ္ ေနရပ္ ျပန္လာခဲ့ သည္။ထိုင္းႏိုင္ငံ အလုပ္အကိုင္ခန႔္ထားေရး ဌာနမွ အလုပ္ရွင္မ်ားအေနျဖင့္ တရားမဝင္ အလုပ္သမားမ်ား အား ထိုင္းႏိုင္ငံသို႔ မေခၚယူရန္ ႏွင့္ ယင္းသို႔ေခၚယူပါက COVID- 19 ေရာဂါပ်ံ႕ႏွံ႔မႈျဖစ္လာႏိုင္ေၾကာင္း ထိုင္းအစိုးရက သတိေပးထား သည္။ ထိုင္းအလုပ္အကိုင္ခန႔္ထား ေရး ၫႊန္ၾကားေရးမႉးခ်ဳပ္ဆူခ်က္ ပြန္ဆိုင္ဝီဆက္ကူလ္က ႏိုင္ငံျခား အလုပ္သမားမ်ား လိုအပ္ေသာ အလုပ္ရွင္မ်ားအေနျဖင့္ တရားမ ဝင္ အလုပ္သမားပြဲစားမ်ား၏ လွည့္ျဖားမခံရေစေရး သတိေပး ရန္ အလုပ္သမား ဝန္ႀကီးက ၫႊန္ၾကားထားေၾကာင္း ေျပာၾကားသည္။

ထိုင္းအစိုးရက နယ္စပ္မ်ားကို ပိတ္ထားၿပီး ျပည္ဝင္ခြင့္ တင္းက်ပ္ထားေသာ္လည္း COVID- 19 ပ်ံ႕ႏွံ႔ မႈအတြင္း အိမ္နီး ခ်င္းႏိုင္ငံမ်ားမွ အလုပ္သမား မ်ားေခၚယူေပးႏိုင္သည္ဟုပြဲစား မ်ားက မၾကာခဏေျပာဆိုေနၾကသည္။ တရားမဝင္ ေ႐ႊ႕ေျပာင္းအ လုပ္သမားပြဲစားမ်ားအ ေနျဖင့္ ေထာင္ဒဏ္သုံးႏွစ္မွ (၁၀)ႏွစ္အ ထိ ခ်မွတ္ခံရႏိုင္ကာ ဒဏ္ ေငြ ဘတ္တစ္သန္း (သို႔မဟုတ္) ယင္း ျပစ္ဒဏ္ႏွစ္ရပ္စလုံး ခ်မွတ္ခံရ ႏိုင္သည္။ကိုဗစ္ကာလအ တြင္း ေနရပ္ျပန္ ျမန္ မာလုပ္ သားမ်ားကို ထိုင္းအစိုးရက ျပန္လည္ဝင္ ေရာက္ခြင့္ျပဳၿပီး ၁၄ ရက္ၾကာ ေစာင့္ ၾကည့္ခံရမည္ဟု ထိုင္းႏိုင္ငံ COVID-19 အေျခအေနစီမံ အုပ္ခ်ဳပ္ေရးစင္တာ (CCSA) က ေျပာၾကားလိုက္သည္။

CCSA ေျပာေရးဆိုခြင့္ရွိသူ တာဝီဆစ္ပ္ ဝီဆာႏုယိုသင္းက မိ မိတို႔စင္တာအေနျဖင့္ အလုပ္ ပါမစ္ရွိေသာ၊ ဗီဇာမ်ားရွိေသာအ လုပ္သမားမ်ား ႏွင့္ မရွိသူမ်ား ပါ ဝင္ေသာ ေ႐ႊ႕ေျပာင္းအလုပ္သ မားအုပ္စုႏွစ္ခုအတြက္ တားျမစ္ ထားမႈမ်ား ေျဖေလွ်ာ့ရန္စဥ္းစား ေနေၾကာင္း ေျပာၾကား သည္။ထို႔အျပင္ ထိုင္းႏိုင္ငံသို႔ ေ႐ႊ႕ေျပာင္းလုပ္သား မ်ားေခၚယူမည့္အလုပ္ရွင္မ်ားအေနျဖင့္ အ လုပ္သမားမ်ားအတြက္ အာမခံ ခ်က္မ်ား ေပးရမည္ဟု ၎က ေျပာၾကားသည္။ေ႐ႊ႕ေျပာင္းအလုပ္သမား ေတြဟာ ၁၄ ရက္ေရာဂါေျခခ်ဳပ္ ေနရပါမယ္၊ ေျခရာခံအက္ပလီ ေကးရွင္း ရွိရပါမယ္’’ ဟု ေဒါက္ တာတာဝီဆစ္ပ္က ေျပာၾကား သည္။

REF: 7DAY DAILY

UNICODE

ကိုဗစ်-၁၉ ကပ်ရောဂါကာလအ တွင်း ထိုင်းနိုင်ငံ၌ အလုပ်လုပ် ကိုင်နေသော မြန်မာရွှေ့ပြောင်း လုပ်သား တစ်သိန်းကျော် နေရပ် ပြန်လာခဲ့ သည်။ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေး ဌာနမှ အလုပ်ရှင်များအနေဖြင့် တရားမဝင် အလုပ်သမားများ အား ထိုင်းနိုင်ငံသို့ မခေါ်ယူရန် နှင့် ယင်းသို့ခေါ်ယူပါက COVID- 19 ရောဂါပျံ့နှံ့မှုဖြစ်လာနိုင်ကြောင်း ထိုင်းအစိုးရက သတိပေးထား သည်။ ထိုင်းအလုပ်အကိုင်ခန့်ထား ရေး ညွှန်ကြားရေးမှူးချုပ်ဆူချက် ပွန်ဆိုင်ဝီဆက်ကူလ်က နိုင်ငံခြား အလုပ်သမားများ လိုအပ်သော အလုပ်ရှင်များအနေဖြင့် တရားမ ဝင် အလုပ်သမားပွဲစားများ၏ လှည့်ဖြားမခံရစေရေး သတိပေး ရန် အလုပ်သမား ဝန်ကြီးက ညွှန်ကြားထားကြောင်း ပြောကြားသည်။

ထိုင်းအစိုးရက နယ်စပ်များကို ပိတ်ထားပြီး ပြည်ဝင်ခွင့် တင်းကျပ်ထားသော်လည်း COVID- 19 ပျံ့နှံ့ မှုအတွင်း အိမ်နီး ချင်းနိုင်ငံများမှ အလုပ်သမား များခေါ်ယူပေးနိုင်သည်ဟုပွဲစား များက မကြာခဏပြောဆိုနေကြသည်။ တရားမဝင် ရွှေ့ပြောင်းအ လုပ်သမားပွဲစားများအ နေဖြင့် ထောင်ဒဏ်သုံးနှစ်မှ (၁၀)နှစ်အ ထိ ချမှတ်ခံရနိုင်ကာ ဒဏ် ငွေ ဘတ်တစ်သန်း (သို့မဟုတ်) ယင်း ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရ နိုင်သည်။ကိုဗစ်ကာလအ တွင်း နေရပ်ပြန် မြန် မာလုပ် သားများကို ထိုင်းအစိုးရက ပြန်လည်ဝင် ရောက်ခွင့်ပြုပြီး ၁၄ ရက်ကြာ စောင့် ကြည့်ခံရမည်ဟု ထိုင်းနိုင်ငံ COVID-19 အခြေအနေစီမံ အုပ်ချုပ်ရေးစင်တာ (CCSA) က ပြောကြားလိုက်သည်။

CCSA ပြောရေးဆိုခွင့်ရှိသူ တာဝီဆစ်ပ် ဝီဆာနုယိုသင်းက မိ မိတို့စင်တာအနေဖြင့် အလုပ် ပါမစ်ရှိသော၊ ဗီဇာများရှိသောအ လုပ်သမားများ နှင့် မရှိသူများ ပါ ဝင်သော ရွှေ့ပြောင်းအလုပ်သ မားအုပ်စုနှစ်ခုအတွက် တားမြစ် ထားမှုများ ဖြေလျှော့ရန်စဉ်းစား နေကြောင်း ပြောကြား သည်။ထို့အပြင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား များခေါ်ယူမည့်အလုပ်ရှင်များအနေဖြင့် အ လုပ်သမားများအတွက် အာမခံ ချက်များ ပေးရမည်ဟု ၎င်းက ပြောကြားသည်။ရွှေ့ပြောင်းအလုပ်သမား တွေဟာ ၁၄ ရက်ရောဂါခြေချုပ် နေရပါမယ်၊ ခြေရာခံအက်ပလီ ကေးရှင်း ရှိရပါမယ်’’ ဟု ဒေါက် တာတာဝီဆစ်ပ်က ပြောကြား သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *