မြန်မာနိုင်ငံက အလွန် ထူးခြား တဲ့ လူ နဲ့ မြင်း လက်ဝှေ့ပွဲ (ရုပ်သံ)





REF: SHWE WIKI

UNICODE

အခုလိုသင်ကြားတဲ့ ဆရာကိုလည်း ဂုဏ်ယူမိပါတယ်ဗျာ။ အချိန် အတော်ကြာအောင် ပဒတ်ရပ်ပီး လက်ဝှေ့ထိုးသလို လူနဲ့ယှဉ်ပီး သရုပ်ပြ နေတာဟာ တစ်ကယ့်ကို ချီးကျူးစရာပါ။ ပီးတော့လည်း လူကို နာကျင်ထိခိုက်သွားတာမရှိပါဘူး။ တကယ်တန်း အဟုတ်ထိုးကြမယ်ဆို လူသားဘက်က သာနိုင် ပါတယ်။

တစ်ခါ တစ်ဖက်က အရိုင်းအစိုင်း ဆိုရင်လည်း ခွါနဲ့ တစ်ချက်လောက် ပေါက်ခံလိုက်ရရင် လူသား အဖို့ မသက်သာလှပါဘူး။ ဒါပေမယ့် သေချာကျနစွာ သင်ကြား ပီးတင်ဆက်ပြသွားတာ အရမ်းမိုက်ပါတယ်ဗျာ။ ကဲ ပရိတ်သတ်ကြီးရေ ဒီထူးဆန်းတဲ့ဗွီယိုလေး ကို ကိုယ့်မိတ် ဆွေတေလည်း ကြည့်ရအောင်၊ မြန်မာတွေ ဒီလိုလည်းဖြစ်တယ်ဆိုတာ အားလုံးသိရအောင် ရှဲပေးပါအုံးဗျာ။

ဒီ တစ်ခါ ပရိတ်သတ်ကြီးကို တင်ပြပေးချင် တာကတော့ လူ နဲ့ မြင်းနဲ့ လက်ဝှေ့ထိုး ကြတာဖြစ်ပါတယ်။ ဒီလက်ဝှေ့ပွဲဗွီယိုဖိုင်လေးကို လက် တလောမှာတော့ လူအများစိတ်ဝင်တစားကြည့်နေတဲ့ ဗွီယိုဖိုင်လေးတစ်ခုဖြစ်ပါတယ်။ တစ်ကယ်လည်း ချီးကျူ ဖို့ကောင်း လှပါတယ်။ တကယ့် လူလူချင်းထိုးတဲ့ လက်ဝှေ့ပွဲလို ဆိုင်းသံဗုံသံတွေ နဲ့ပါ။ မြင်းဖြူလေးကလည်း အရမ်းလိမ္မာလွန်းပါတယ်ဗျာ။

ဘယ်လိုတေများ သင်ထားသလဲမသိပါဘူး။ ငယ်ငယ်တုန်းက ဆင်လိမ္မာ မျောက်လိမ္မာ မြွေလိမ္မာ စတဲ့ နိုင်ငံခြားကားများ ကိုသာ ကြည့်ဖူး ပေမယ့် အခုအခါမှာတော့ ကိုယ့်မြန်မာတွေလည်း ခေသူတွေမဟုတ်ပါ။ တိရစ္ဆာန်တစ်ကောင်ကို အခုလိုဖြစ်အောင် သင်ကြားဖို့ဆိုတာ တော်ရုံစကေးနဲ့လည်း မဖြစ်နိုင်ပါဘူး။



Posted by အောင်ပါစေ on Saturday, December 7, 2019

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *