(၂၀-၇-၂၀၂၀) ရက္ေန႔၊ည (၈:၀၀)နာရီCOVID-19 ေရာဂါႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

ဓာတ္ခြဲ အတည္ျပဳလူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲ နမူနာစစ္ေဆးမႈ တြင္ (၂) ႀကိမ္ဆက္ တိုက္ ပိုးမေတြ႕ရွိသူ (၂)ဦး (Case- 263 ႏွင့္ 314) ရွိရ သျဖင့္ ယေန႔အထိ COVID-19 ေရာဂါပိုးကင္းစင္လာသူ လူနာ စုစုေပါင္း (၂၇၈) ဦးရွိပါသည္။

၎တို႔အနက္ (၂၆၅)ဦးအား ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာ မ်ားတြင္ အသြားအလာဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ ၾကည့္ရႈလ်က္ရွိပါသည္။ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။(၁၉-၇-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၀-၇-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၂၂) ဦး ရွိပါသည္။

(၂၀-၇-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL ) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၃၈၀)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၁၂၈) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈ ဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၇၆) ခု၊

ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) (PHL, Mawlamyine) မွ ဓာတ္ခြဲနမူနာ (၂၅၆) ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁,၀၀၀) မွ ဓာတ္ခြဲနမူနာ (၁၈၂) ခု၊ စုစုေပါင္း (၁,၀၂၂)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္မေတြ႕ရွိပါ။

(၂၀-၇-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံ တြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳ လူနာ (၃၄၁) ဦး ရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲ အတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲ နမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက် တိုက် ပိုးမတွေ့ရှိသူ (၂)ဦး (Case- 263 နှင့် 314) ရှိရ သဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ လူနာ စုစုပေါင်း (၂၇၈) ဦးရှိပါသည်။

၎င်းတို့အနက် (၂၆၅)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။(၁၉-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၀-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၂) ဦး ရှိပါသည်။

(၂၀-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၈၀)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၂၈) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၇၆) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၈၂) ခု၊ စုစုပေါင်း (၁,၀၂၂)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိပါ။

(၂၀-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၃၄၁) ဦး ရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *