၎တြင္ အျမင့္ဆုံးပိုင္ဆိုင္မႈ အေနျဖင့္ (၁၅) သိန္းတန္ iPad ၁ လုံးသာရွိေၾကာင္း မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေျပာ

NLDပါတီမွ ေဒါက္တာေအာင္မိုးညိဳဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ပြင့္ျဖဴၿမိဳ႕နယ္ မဲဆႏၵနယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူျဖစ္ၿပီး မ ေကြးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ျခင္း ခံခဲ့ရပါတယ္။၎တြင္ ပိုင္ဆိုင္မႈ အျမင့္ဆုံးအေနနဲ႔ ၁၅ သိန္းတန္ အိုင္ပက္ ၁ လုံးသာ ရွိတယ္လို႔ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားလိုက္ပါတယ္။

မေကြးတိုင္းဝန္းႀကီးခ်ဳပ္ဟာ ဝန္ႀကီးခ်ဳပ္ျဖစ္စတုန္းက ဘာပိုင္ဆိုင္မႈမွမရွိဘဲ ေငြ ၁ ေသာင္းပဲ ရွိတယ္ေျပာဖူးတယ္၊… အခု ေဒါက္တာ ေအာင္မိုးညိဳ ပိုင္ဆိုင္မႈက သိန္း ၁၃၅၀ ရွိပါတယ္။ သူ႔ရဲ႕ပိုင္ဆိုင္မႈကို ျပႏိုင္မွ မဲေပးပါဆို”ၿပီး အင္တာနက္စာမ်က္ႏွာေတြမွာ ေဝဖန္ေရး သားတာနဲ႔ ပတ္သက္ၿပီး တုံ႔ျပန္ေျပာဆိုလိုက္တာပါ။

အဲဒီ အိုင္ပက္ကိုလည္း အေမရိကန္က ျပန္လာတဲ့ သူငယ္ခ်င္းဆီကေန အရစ္က်ေပးၿပီး ဝယ္ယူထားတာလို႔ ေျပာပါတယ္။က်ေနာ့္မွာ တ ျပားမွမရွိဘူး၊ မေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္း၊ တိုက္တာ၊ ၿခံေျမ ဘာမွမရွိဘူး က်ေနာ္ပိုင္တာ။ က်ေနာ္ပိုင္တဲ့ပစၥည္းေတြထဲက တန္ဖိုးအႀကီးဆုံး ပစၥည္းဆိုရင္ က်ေနာ္အခုသုံးေနတဲ့ i Pad 11 ပဲ၊ ၁၅ သိန္းလားမသိဘူး ေပးရတယ္။

လြန္ခဲ့တဲ့ ၁ ႏွစ္ေလာက္ကဝယ္တာ။ အေမရိကန္က ျပန္လာတဲ့ သူငယ္ခ်င္း မိတ္ေဆြတေယာက္ဆီက ဝယ္တာ။ အဲဒါေတာင္မွ အရစ္က် ေပးဝယ္တာ”ဟု ေျပာဆိုပါတယ္။

REF: PANPYOELAT

UNICODE

NLDပါတီမှ ဒေါက်တာအောင်မိုးညိုဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး မ ကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။၎င်းတွင် ပိုင်ဆိုင်မှု အမြင့်ဆုံးအနေနဲ့ ၁၅ သိန်းတန် အိုင်ပက် ၁ လုံးသာ ရှိတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပါတယ်။

မကွေးတိုင်းဝန်းကြီးချုပ်ဟာ ဝန်ကြီးချုပ်ဖြစ်စတုန်းက ဘာပိုင်ဆိုင်မှုမှမရှိဘဲ ငွေ ၁ သောင်းပဲ ရှိတယ်ပြောဖူးတယ်၊… အခု ဒေါက်တာ အောင်မိုးညို ပိုင်ဆိုင်မှုက သိန်း ၁၃၅၀ ရှိပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကို ပြနိုင်မှ မဲပေးပါဆို”ပြီး အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်ရေး သားတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုလိုက်တာပါ။

အဲဒီ အိုင်ပက်ကိုလည်း အမေရိကန်က ပြန်လာတဲ့ သူငယ်ချင်းဆီကနေ အရစ်ကျပေးပြီး ဝယ်ယူထားတာလို့ ပြောပါတယ်။ကျနော့်မှာ တ ပြားမှမရှိဘူး၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ တိုက်တာ၊ ခြံမြေ ဘာမှမရှိဘူး ကျနော်ပိုင်တာ။ ကျနော်ပိုင်တဲ့ပစ္စည်းတွေထဲက တန်ဖိုးအကြီးဆုံး ပစ္စည်းဆိုရင် ကျနော်အခုသုံးနေတဲ့ i Pad 11 ပဲ၊ ၁၅ သိန်းလားမသိဘူး ပေးရတယ်။

လွန်ခဲ့တဲ့ ၁ နှစ်လောက်ကဝယ်တာ။ အမေရိကန်က ပြန်လာတဲ့ သူငယ်ချင်း မိတ်ဆွေတယောက်ဆီက ဝယ်တာ။ အဲဒါတောင်မှ အရစ်ကျ ပေးဝယ်တာ”ဟု ပြောဆိုပါတယ်။

REF:  PANPYOELAT

Add a Comment

Your email address will not be published. Required fields are marked *