ကမာၻ က အေျဖရွာ လာ ရၿပီ ျဖစ္တဲ့ “ကိုဗစ္ သည္ ဗုဒၶဘာသာ ႏိုင္ငံ မ်ား အား ခ်မ္းသာေ ပး ခဲ့ေလ သလား

COVID-19နဲ႔ ပတ္သက္ၿပီး အထူးသျဖင့္ ျမန္မာ ႏွင့္ တ႐ုတ္ နယ္ျခားတြင္ ယိုေပါက္မ်ားက မ်ားစြာ ရွိေနသည္။ သို႔ဆိုက တ႐ုတ္ ခရီးသြား မ်ား ေၾကာင့္ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ားတြင္ အဘယ္ေၾကာင့္ ေရာဂါပိုး မပ်ံ႕ႏွံ႔ခဲ့ရသနည္း။ အမ်ားစု သံသယ ရွိေနသည္က ပ်ံ႕ႏွံ႔သြားေစခဲ့ သည္ဟူေသာ သီအိုရီပင္ ျဖစ္သည္။ ေရာဂါ စမ္းသပ္မႈ မ်ားသည္ ကေမာၻဒီယား၊ လာအို ႏွင့္ ျမန္မာ တြင္ သူ႔အတိုင္းအတာ ႏွင့္ သူ သာ လုပ္ ႏိုင္ခဲ့သည္။ သို႔ေသာ္ ျမန္မာ ႏိုင္ငံအႏွံ႔ ေဆးခန္း အေျမာက္အျမား ဖြင့္လွစ္ခဲ့သည့္ ၊ ကုသိုလ္ျဖစ္ ပရဟိတ အသင္းတခု ျဖစ္သည့္၊ Medical Action Myanmar မွ ဖရန႔္ စမစ္သယူစ္ သည္ ခါးခါးသီးသီး ျငင္းဆန္ခဲ့သည္။

အကယ္၍သာ လူအေျမာက္အျမား ကူးစက္ ခံရပါက သူ၏အဖြဲ႕ အေနျဖင့္ မည္သို႔မွ် မသိပဲ ေနလိမ့္မည္ မဟုတ္ေၾကာင္းႏွင့္ အထူးသျဖင့္ ျမန္မာလို ကမာၻတြင္ အတင္းအဖ်င္း အေျပာဆုံး (သူ႔စကားအရ ဆိုမူ world’s gossip country number one) ႏိုင္ငံ မ်ိဳးတြင္ မည္သို႔မွ် ဖုံးဖိထား၍ မရဟု ဆိုသည္။ အလားတူပင္ ကေမာၻဒီယား၊ ထိုင္း ႏွင့္ ဗီယက္နမ္တို႔ရွိ ကြၽမ္းက်င္သူမ်ားကလည္း ေရာဂါပိုး လကၡဏာရွိသူ အေျမာက္အျမား ေဆး႐ုံမ်ားသို႔ ေရာက္လာျခင္း မရွိ၍ ျပည္တြင္း တြင္ အရွိန္အဟုန္ ႏွင့္ ကူးစက္ ခံရသည့္ အေထာက္အထားမ်ား မေတြ႕ရ ဟု ေထာက္ခံ ေျပာဆို လာခဲ့ၾကသည္။

ကမာၻ အႏွံ႔ ျဖစ္ပြားေနေသာ ကိုဗစ္-၁၉က ပ္ေရာဂါ ဆိုးႀကီး ကူးစက္မႈ အား ေလ့လာေန သူမ်ား အဖို႔ အႀကီး မားဆုံး ပေဟဠိႀကီး ပမာ ျဖစ္ ေနခဲ့ရသည့္ ေနရာမွာ အေရွေတာင္ အာရွ ပင္ ျဖစ္သည္။ ကိုဗစ္-၁၉ စတင္ ျဖစ္ပြားရာ တ႐ုတ္ႏို င္ငံႏွင့္ နီးကပ္စြာ တည္ရွိေ နသည့္ အျပင္ လက္ရွိ အရွိန္အ ဟုန္ႏွင့္ ျဖစ္ပြား ေနေသာ အိႏၵိယ ႏွင့္လည္း ထိစပ္ေနေ သာ္ျငားလည္း ဗုဒၶဘာသာ တစိတ္တ ပိုင္း သို႔မဟုတ္ အဓိက ႏိုင္ငံမ်ား ျဖစ္သည့္ ကေမာၻဒီယား၊ လာအို၊ ျမန္မာ၊ ထိုင္း ႏွင့္ ဗီယက္နမ္ ႏိုင္ငံမ်ား တြင္ ႏွာေခ်သံပင္ မၾကားရသေလာက္ တိတ္ဆိတ္ေနခဲ့ ေပသည္။ထိုအထဲတြင္ ဗီယက္နမ္ သည္ က်န္ႏိုင္ငံမ်ားထက္ ေခါင္းျပဴ ထြက္ႏိုင္ခဲ့သည္ဟု ဆိုရမည္ ျဖစ္သည္။

လူဦးေရ ၉၇ သန္း ရွိေသာ္လည္း အေသအေပ်ာက္ တဦးတေလ မွ်ပင္ မရွိခဲ့ေပ။ လူဦးေရ သန္း ၇၀ ရွိေသာ ထိုင္းႏိုင္ငံတြင္ ေသဆုံးသူ ၅၈ ဦး ႏွင့္ ျပည္တြင္း ကူးစက္မႈ သုံည ျဖစ္လာေန သည္မွာ ရက္ ၄၀ ပင္ ေက်ာ္လာခဲ့ၿပီ ျဖစ္သည္။ ဆင္းရဲေသာ ျမန္မာတြင္ ကူးစက္သူ ၃၁၇ ဦး ႏွင့္ ေသဆုံးခဲ့သူ ၆ ဦး သာ ရွိသည္။ ကေမာၻဒီယားတြင္ ကူးစက္ အတည္ျပဳ လူနာ ၁၄၁ ဦး ႏွင့္ လာအိုတြင္ ၁၉ ဦး ရွိၿပီး ေသဆုံးသူ မရွိ၊ ျပည္ တြင္း ကူးစက္မႈတြင္ ဧၿပီလ မွစ၍ မရွိ ဟု ဆိုသည္။အဆိုပါ ႏိုင္ငံမ်ား ႏွင့္ မလွမ္းမကမ္း တြင္ ရွိေသာ ကြၽန္းႏိုင္ငံႀကီးမ်ား ျဖစ္ေသာ အင္ဒိုနီ ရွားတြင္ ကူးစက္သူ ၆၈,၁၀၀ ႏွင့္ ေသဆုံးသူ ၁,၄၀၀ ၊ ဖိလစ္ပိုင္တြင္ ကူးစက္သူ ၅၀,၄၀၀ ႏွင့္ ေသဆုံးသူ ၁,၃၀၀ ရွိေနၾကသည္။

ထိုျဖစ္စဥ္ အေပၚ သုံးသပ္ရာတြင္ ကံ ကံ၏ အက်ိဳး ဆိုသည္ကို ဖယ္ ထားမွ ျဖစ္မည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ဗီယက္နမ္သည္ ဘာသာမဲ့ အာဏာရွင္ စနစ္ က်င့္သုံးေနေသာေၾကာင့္ပင္ ျဖစ္သည္။ ဗီယက္နမ္၏ ေအာင္ျမင္မႈ သည္က ေျဖရွင္းခ်က္ ထုတ္ရန္ အလြယ္ကူဆုံး ပင္ ျဖစ္သည္။ ယင္းသည္ အိမ္နီးခ်င္း ျဖစ္ေသာ တ႐ုတ္ႏိုင္ငံ အေပၚ ရာစုႏွစ္ေပါင္းမ်ားစြာ ကူးလူး ဆက္ဆံခဲ့ရာမွ အျမစ္တြယ္လာခဲ့ေသာ သံသ ယ က ရွိေနခဲ့ၿပီး ျဖစ္သည္။ႏွစ္စကတည္း ကပင္ တ႐ုတ္၏ အာမခံ ႏွစ္သိမ့္စကားမ်ားကို လက္မခံပဲ ေရာဂါျဖစ္ပြားရာ လမ္းေၾကာင္းႏွင့္ ပတ္သက္ၿပီး သတင္း အခ်က္အလက္မ်ား ပိုမိုသိႏိုင္ရန္ ဆိုက္ဘာ မွ တဆင့္ တိုက္ခိုက္ ထုတ္ႏႈတ္ယူႏိုင္ခဲ့သည္။

နယ္ျခား ကိုလည္း ပိတ္ျပစ္ခဲ့ၿပီး အာဏာရွင္မ်ား ပီပီ လူမ်ားသြားလာမႈ ကို ပိတ္ဆို႔ကာ ကူးစက္သူမ်ား အား ေျခရာခံၿပီး သီးျခားထား ရွိႏိုင္ ခဲ့သည္။ ဤသည္ကလည္း တ႐ုတ္ ကြန္ျမဴနစ္ အာဏာပိုင္မ်ား လုပ္နည္းအတိုင္း ပင္ ျဖစ္သည္။ က်န္ ႏိုင္ငံအမ်ားစုတြင္ေတာ့ တ႐ုတ္ ႏွင့္ ဗီယက္နမ္တို႔ကို အတုယူ လိုက္လုပ္ ရန္ အႂကြင္းမဲ့အာဏာ လည္း မရွိ ထိေရာက္သည့္ က်န္းမာေရး စနစ္ကလည္း ခ်ိဳ႕တဲ့ေနျပန္သည္။ သို႔ ေသာ္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ဖန္တီးထားသည့္ အတုအေယာင္ ဒီမိုကေရစီ စနစ္ေအာက္ရွိ ထိုင္း ႏိုင္ငံသည္ အဆိုပါ ႏွစ္ႏိုင္ငံႏွင့္ အနီးစပ္ဆုံး တူ ေအာင္ လိုက္လုပ္ႏိုင္ခဲ့သည္ဟု ဆိုရမည္ ျဖစ္သည္။

ထိုင္းတြင္ နဂိုကတည္းကပင္ အဆင္ျမင့္ က်န္းမာေရး ကုသမႈ မ်ားက ရွိေနၿပီး ျဖစ္သျဖင့္ ေဒသတြင္း လူနာမ်ား စုၿပဳံေရာက္ရွိခဲ့ရာ ေနရာ လည္း ျဖစ္သည္။ ထို႔အျပင္ အစိုးရ မွ ကိုဗစ္-၁၉ တိုက္ဖ်က္ ေရး အထူး တပ္ဖြဲ႕ကို အလွ်င္အျမန္ ဖြဲ႕စည္း ေပးႏိုင္ခဲ့သည္။ ထိုင္း ႏိုင္ငံ၏ ေအာင္ျမင္မႈသည္ လူအမ်ားအျပား မွာ တ႐ုတ္ႏွင့္ အသြားအလာမပ်က္ ရွိေနသည့္ၾကားမွ ကူးစက္မႈ ပ်ံ႕ပြားလာျခင္း မရွိပဲ ထြက္ေပၚလာ ျခင္း ျဖစ္သည္။ ထိုင္းႏိုင္ငံသည္ တ႐ုတ္ ခရီးသြားမ်ားကို ကပ္ေရာဂါ အရွိန္ျမင့္လာေနသည့္ မတ္လထဲေရာက္သည့္တိုင္ လက္ခံေနခဲ့သည္။

တ႐ုတ္ ကုန္သည္မ်ား၊ ေမွာင္ခိုသမားမ်ား ႏွင့္ ေဆာက္လုပ္ေရး သမားမ်ား ဝင္ထြက္သြားလာေနသည့္ လာအို၊ ျမန္မာ၊ ကေမာၻဒီယား တို႔ အားလည္း တ႐ုတ္က နယ္ျခားကို မပိတ္ရန္ ဖိအားေပးထားခဲ့သည္။မည္သို႔ပင္ ျဖစ္ေစ အဆင္းရဲဆုံး ႏိုင္ငံမ်ားသည္ပင္ ေကာ္႐ိုနာ ဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ႏိုင္သည့္ အစီအမံမ်ား ခ်မွတ္ေဆာင္႐ြက္ႏိုင္စြမ္း ရွိေၾကာင္း ျပဆိုႏိုင္ခဲ့သည္။ ထိုင္းႏိုင္ငံမွ ျပန္သြားၾကေသာ ျမန္မာ ေ႐ႊ႕ ေျပာင္း အလုပ္သမားမ်ားကို သူတို႔၏ ႐ြာအျပင္တြင္ တဲမ်ားထိုး၍ ၁၄ ရက္ၾကာ သီးျခား ေစာင့္ၾကည့္ခဲ့ၾက သည္။ အျခားေသာ အေၾကာင္း မ်ား ျဖစ္သည့္ လူမ်ားသည္ ၿမိဳ႕ႀကီးမ်ားတြင္ စုၿပဳံတိုးေဝွ႔မေနပဲ ေက်းလက္ေဒသမ်ားတြင္သာ ေနထိုင္ၾကျခင္း၊

ေလေအးေပးစက္ထက္ ပန္ကာမ်ား၊ ေလေကာင္း ေလသန႔္ရရန္ ျပတင္းေပါက္မ်ား ဖြင့္၍ ေနရျခင္းကို အားသန္ၾကျခင္း၊ လူငယ္ လူ႐ြယ္ အမ်ားအျပား ရွိေနျခင္း ႏွင့္ ႏွာေခါင္းစည္းမ်ား တပ္ရန္ လိုလိုလားလား ရွိခဲ့မႈမ်ားတို႔ေၾကာင့္လည္း ျဖစ္သည္။ ဘာသာေရး ဝိေသသ တခု ျဖစ္သည့္ တဦးႏွင့္တဦး လက္အုပ္ခ်ီ ႏႈတ္ဆက္မႈမ်ားေၾကာင့္လည္း လူခ်င္းခြာေနရန္ ဆိုသည့္ သတ္မွတ္ခ်က္ ကို အေကာင္အထည္ ေဖၚ ႏိုင္ခဲ့ျပန္သည္။ယခုအခါ ေမးခြန္းထုတ္စရာ ျဖစ္လာေနသည္က အေရွ႕ေတာင္ အာရွ ရွိ ဗုဒၶဘာသာဝင္ ႏိုင္ငံမ်ားသည္ ဒုတိယ ႏွင့္ တတိယ လႈိင္းမ်ားကို ေက်ာ္လႊားႏိုင္မည္လား ဆိုသည္ပင္ ျဖစ္သည္။

ယခုအခါ ကူးစက္မႈ လမ္းေၾကာင္းသည္ တ႐ုတ္ျပည္မွ မဟုတ္ေတာ့ပဲ ကမာၻအႏွံ႔ အျပားမွ ဝင္ေရာက္လာေနၾကၿပီ ျဖစ္သည္။ အထူးသျဖင့္ ေဟာင္ေကာင္တြင္ သိသာ ထင္ရွားေနသည္။ယခုအပတ္အတြင္း အေရွ႕ေတာင္ အာရွရွိ ဘုရားေက်ာင္းကန္မ်ားတြင္ ဝါဆိုလျပည့္ အခမ္း အနားမ်ား က်င္းပဖို႔ ရွိေနရာ ကိုဗစ္-၁၉ အေပၚ အကာအကြယ္မ်ားက အလြယ္တကူ ၿပိဳလဲသြားဖို႔ ရွိေနၿပီ ျဖစ္သည္။ (၂၀၂၀ ဇူလိုင္ ၁၁ ရက္ေန႔ထုတ္ အီေကာ္ေနာ္မစ္ မဂၢဇင္းပါ “Why has the pandemic spared the Buddhist parts of South East Asia?”) Hla Soe Wai

REF: SHWE WIKI

UNICODE

COVID-19နဲ့ ပတ်သက်ပြီး အထူးသဖြင့် မြန်မာ နှင့် တရုတ် နယ်ခြားတွင် ယိုပေါက်များက များစွာ ရှိနေသည်။ သို့ဆိုက တရုတ် ခရီးသွား များ ကြောင့် အရှေ့တောင် အာရှ နိုင်ငံများတွင် အဘယ်ကြောင့် ရောဂါပိုး မပျံ့နှံ့ခဲ့ရသနည်း။ အများစု သံသယ ရှိနေသည်က ပျံ့နှံ့သွားစေခဲ့ သည်ဟူသော သီအိုရီပင် ဖြစ်သည်။ ရောဂါ စမ်းသပ်မှု များသည် ကမ္ဘောဒီယား၊ လာအို နှင့် မြန်မာ တွင် သူ့အတိုင်းအတာ နှင့် သူ သာ လုပ် နိုင်ခဲ့သည်။ သို့သော် မြန်မာ နိုင်ငံအနှံ့ ဆေးခန်း အမြောက်အမြား ဖွင့်လှစ်ခဲ့သည့် ၊ ကုသိုလ်ဖြစ် ပရဟိတ အသင်းတခု ဖြစ်သည့်၊ Medical Action Myanmar မှ ဖရန့် စမစ်သယူစ် သည် ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။

အကယ်၍သာ လူအမြောက်အမြား ကူးစက် ခံရပါက သူ၏အဖွဲ့ အနေဖြင့် မည်သို့မျှ မသိပဲ နေလိမ့်မည် မဟုတ်ကြောင်းနှင့် အထူးသဖြင့် မြန်မာလို ကမ္ဘာတွင် အတင်းအဖျင်း အပြောဆုံး (သူ့စကားအရ ဆိုမူ world’s gossip country number one) နိုင်ငံ မျိုးတွင် မည်သို့မျှ ဖုံးဖိထား၍ မရဟု ဆိုသည်။ အလားတူပင် ကမ္ဘောဒီယား၊ ထိုင်း နှင့် ဗီယက်နမ်တို့ရှိ ကျွမ်းကျင်သူများကလည်း ရောဂါပိုး လက္ခဏာရှိသူ အမြောက်အမြား ဆေးရုံများသို့ ရောက်လာခြင်း မရှိ၍ ပြည်တွင်း တွင် အရှိန်အဟုန် နှင့် ကူးစက် ခံရသည့် အထောက်အထားများ မတွေ့ရ ဟု ထောက်ခံ ပြောဆို လာခဲ့ကြသည်။

ကမ္ဘာ အနှံ့ ဖြစ်ပွားနေသော ကိုဗစ်-၁၉က ပ်ရောဂါ ဆိုးကြီး ကူးစက်မှု အား လေ့လာနေ သူများ အဖို့ အကြီး မားဆုံး ပဟေဠိကြီး ပမာ ဖြစ် နေခဲ့ရသည့် နေရာမှာ အရှေတောင် အာရှ ပင် ဖြစ်သည်။ ကိုဗစ်-၁၉ စတင် ဖြစ်ပွားရာ တရုတ်နို င်ငံနှင့် နီးကပ်စွာ တည်ရှိေ နသည့် အပြင် လက်ရှိ အရှိန်အ ဟုန်နှင့် ဖြစ်ပွား နေသော အိန္ဒိယ နှင့်လည်း ထိစပ်နေေ သာ်ငြားလည်း ဗုဒ္ဓဘာသာ တစိတ်တ ပိုင်း သို့မဟုတ် အဓိက နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများ တွင် နှာချေသံပင် မကြားရသလောက် တိတ်ဆိတ်နေခဲ့ ပေသည်။ထိုအထဲတွင် ဗီယက်နမ် သည် ကျန်နိုင်ငံများထက် ခေါင်းပြူ ထွက်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

လူဦးရေ ၉၇ သန်း ရှိသော်လည်း အသေအပျောက် တဦးတလေ မျှပင် မရှိခဲ့ပေ။ လူဦးရေ သန်း ၇၀ ရှိသော ထိုင်းနိုင်ငံတွင် သေဆုံးသူ ၅၈ ဦး နှင့် ပြည်တွင်း ကူးစက်မှု သုံည ဖြစ်လာနေ သည်မှာ ရက် ၄၀ ပင် ကျော်လာခဲ့ပြီ ဖြစ်သည်။ ဆင်းရဲသော မြန်မာတွင် ကူးစက်သူ ၃၁၇ ဦး နှင့် သေဆုံးခဲ့သူ ၆ ဦး သာ ရှိသည်။ ကမ္ဘောဒီယားတွင် ကူးစက် အတည်ပြု လူနာ ၁၄၁ ဦး နှင့် လာအိုတွင် ၁၉ ဦး ရှိပြီး သေဆုံးသူ မရှိ၊ ပြည် တွင်း ကူးစက်မှုတွင် ဧပြီလ မှစ၍ မရှိ ဟု ဆိုသည်။အဆိုပါ နိုင်ငံများ နှင့် မလှမ်းမကမ်း တွင် ရှိသော ကျွန်းနိုင်ငံကြီးများ ဖြစ်သော အင်ဒိုနီ ရှားတွင် ကူးစက်သူ ၆၈,၁၀၀ နှင့် သေဆုံးသူ ၁,၄၀၀ ၊ ဖိလစ်ပိုင်တွင် ကူးစက်သူ ၅၀,၄၀၀ နှင့် သေဆုံးသူ ၁,၃၀၀ ရှိနေကြသည်။

ထိုဖြစ်စဉ် အပေါ် သုံးသပ်ရာတွင် ကံ ကံ၏ အကျိုး ဆိုသည်ကို ဖယ် ထားမှ ဖြစ်မည်။ အဘယ်ကြောင့် ဆိုသော် ဗီယက်နမ်သည် ဘာသာမဲ့ အာဏာရှင် စနစ် ကျင့်သုံးနေသောကြောင့်ပင် ဖြစ်သည်။ ဗီယက်နမ်၏ အောင်မြင်မှု သည်က ဖြေရှင်းချက် ထုတ်ရန် အလွယ်ကူဆုံး ပင် ဖြစ်သည်။ ယင်းသည် အိမ်နီးချင်း ဖြစ်သော တရုတ်နိုင်ငံ အပေါ် ရာစုနှစ်ပေါင်းများစွာ ကူးလူး ဆက်ဆံခဲ့ရာမှ အမြစ်တွယ်လာခဲ့သော သံသ ယ က ရှိနေခဲ့ပြီး ဖြစ်သည်။နှစ်စကတည်း ကပင် တရုတ်၏ အာမခံ နှစ်သိမ့်စကားများကို လက်မခံပဲ ရောဂါဖြစ်ပွားရာ လမ်းကြောင်းနှင့် ပတ်သက်ပြီး သတင်း အချက်အလက်များ ပိုမိုသိနိုင်ရန် ဆိုက်ဘာ မှ တဆင့် တိုက်ခိုက် ထုတ်နှုတ်ယူနိုင်ခဲ့သည်။

နယ်ခြား ကိုလည်း ပိတ်ပြစ်ခဲ့ပြီး အာဏာရှင်များ ပီပီ လူများသွားလာမှု ကို ပိတ်ဆို့ကာ ကူးစက်သူများ အား ခြေရာခံပြီး သီးခြားထား ရှိနိုင် ခဲ့သည်။ ဤသည်ကလည်း တရုတ် ကွန်မြူနစ် အာဏာပိုင်များ လုပ်နည်းအတိုင်း ပင် ဖြစ်သည်။ ကျန် နိုင်ငံအများစုတွင်တော့ တရုတ် နှင့် ဗီယက်နမ်တို့ကို အတုယူ လိုက်လုပ် ရန် အကြွင်းမဲ့အာဏာ လည်း မရှိ ထိရောက်သည့် ကျန်းမာရေး စနစ်ကလည်း ချို့တဲ့နေပြန်သည်။ သို့ သော် ဗိုလ်ချုပ်ကြီးများ ဖန်တီးထားသည့် အတုအယောင် ဒီမိုကရေစီ စနစ်အောက်ရှိ ထိုင်း နိုင်ငံသည် အဆိုပါ နှစ်နိုင်ငံနှင့် အနီးစပ်ဆုံး တူ အောင် လိုက်လုပ်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ထိုင်းတွင် နဂိုကတည်းကပင် အဆင်မြင့် ကျန်းမာရေး ကုသမှု များက ရှိနေပြီး ဖြစ်သဖြင့် ဒေသတွင်း လူနာများ စုပြုံရောက်ရှိခဲ့ရာ နေရာ လည်း ဖြစ်သည်။ ထို့အပြင် အစိုးရ မှ ကိုဗစ်-၁၉ တိုက်ဖျက် ရေး အထူး တပ်ဖွဲ့ကို အလျှင်အမြန် ဖွဲ့စည်း ပေးနိုင်ခဲ့သည်။ ထိုင်း နိုင်ငံ၏ အောင်မြင်မှုသည် လူအများအပြား မှာ တရုတ်နှင့် အသွားအလာမပျက် ရှိနေသည့်ကြားမှ ကူးစက်မှု ပျံ့ပွားလာခြင်း မရှိပဲ ထွက်ပေါ်လာ ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် တရုတ် ခရီးသွားများကို ကပ်ရောဂါ အရှိန်မြင့်လာနေသည့် မတ်လထဲရောက်သည့်တိုင် လက်ခံနေခဲ့သည်။

တရုတ် ကုန်သည်များ၊ မှောင်ခိုသမားများ နှင့် ဆောက်လုပ်ရေး သမားများ ဝင်ထွက်သွားလာနေသည့် လာအို၊ မြန်မာ၊ ကမ္ဘောဒီယား တို့ အားလည်း တရုတ်က နယ်ခြားကို မပိတ်ရန် ဖိအားပေးထားခဲ့သည်။မည်သို့ပင် ဖြစ်စေ အဆင်းရဲဆုံး နိုင်ငံများသည်ပင် ကော်ရိုနာ ဗိုင်းရပ်စ် ပျံ့ပွားမှု ထိန်းချုပ်နိုင်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်စွမ်း ရှိကြောင်း ပြဆိုနိုင်ခဲ့သည်။ ထိုင်းနိုင်ငံမှ ပြန်သွားကြသော မြန်မာ ရွှေ့ ပြောင်း အလုပ်သမားများကို သူတို့၏ ရွာအပြင်တွင် တဲများထိုး၍ ၁၄ ရက်ကြာ သီးခြား စောင့်ကြည့်ခဲ့ကြ သည်။ အခြားသော အကြောင်း များ ဖြစ်သည့် လူများသည် မြို့ကြီးများတွင် စုပြုံတိုးဝှေ့မနေပဲ ကျေးလက်ဒေသများတွင်သာ နေထိုင်ကြခြင်း၊

လေအေးပေးစက်ထက် ပန်ကာများ၊ လေကောင်း လေသန့်ရရန် ပြတင်းပေါက်များ ဖွင့်၍ နေရခြင်းကို အားသန်ကြခြင်း၊ လူငယ် လူရွယ် အများအပြား ရှိနေခြင်း နှင့် နှာခေါင်းစည်းများ တပ်ရန် လိုလိုလားလား ရှိခဲ့မှုများတို့ကြောင့်လည်း ဖြစ်သည်။ ဘာသာရေး ဝိသေသ တခု ဖြစ်သည့် တဦးနှင့်တဦး လက်အုပ်ချီ နှုတ်ဆက်မှုများကြောင့်လည်း လူချင်းခွာနေရန် ဆိုသည့် သတ်မှတ်ချက် ကို အကောင်အထည် ဖေါ် နိုင်ခဲ့ပြန်သည်။ယခုအခါ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်က အရှေ့တောင် အာရှ ရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံများသည် ဒုတိယ နှင့် တတိယ လှိုင်းများကို ကျော်လွှားနိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။

ယခုအခါ ကူးစက်မှု လမ်းကြောင်းသည် တရုတ်ပြည်မှ မဟုတ်တော့ပဲ ကမ္ဘာအနှံ့ အပြားမှ ဝင်ရောက်လာနေကြပြီ ဖြစ်သည်။ အထူးသဖြင့် ဟောင်ကောင်တွင် သိသာ ထင်ရှားနေသည်။ယခုအပတ်အတွင်း အရှေ့တောင် အာရှရှိ ဘုရားကျောင်းကန်များတွင် ဝါဆိုလပြည့် အခမ်း အနားများ ကျင်းပဖို့ ရှိနေရာ ကိုဗစ်-၁၉ အပေါ် အကာအကွယ်များက အလွယ်တကူ ပြိုလဲသွားဖို့ ရှိနေပြီ ဖြစ်သည်။ (၂၀၂၀ ဇူလိုင် ၁၁ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Why has the pandemic spared the Buddhist parts of South East Asia?”) Hla Soe Wai

REF:   SHWE  WIKI

Add a Comment

Your email address will not be published.