စာေရးဆရာသရဝဏ္(ျပည္)၏ ေရးသားခ်က္မ်ားသည္ ယခင္အစိုးရမ်ား၏ဂုဏ္သိကၡာ က်ဆင္းသည္ဆိုကာ ျပည္ခိုင္ၿဖိဳးပါတီမွတရားစြဲ

စာေရးဆရာသရဝဏ္(ျပည္)ရဲ႕ေဆာင္းပါမွာအဓိကကေတာ့မမွန္တဲ့သတင္းကိုေရးတာပါ ၊ အုန္းကြၽန္းလို႔ေခၚတဲ့ စိန႔္မာတင္ကြၽန္းကို ေပး လိုက္ရတယ္ဆိုတာကအမွားပါ ။ေျပာရရင္ျမန္မာႏိုင္ငံကစိန႔္မာတင္ကြၽန္းကိုမပိုင္ခဲ့ဘူး စိန႔္မာတင္ကြၽန္းသည္ျမန္မာပိုင္ကြၽန္းမဟုတ္ဘူး ဘဂၤလားေဒ့ရ္ွပိုင္ကြၽန္းျဖစ္ပါတယ္ သူေရးထားတာက စစ္အစိုးရလက္ထက္မွာ အျငင္းပြားခဲ့ေသာျမန္မာအေခၚရွင္မျဖဴကြၽန္းတဲ့ နံပါတ္၁ အဲ့တာကမွားပါတယ္ ရွင္မျဖဴကြၽန္းသည္စိန႔္မာတင္ကြၽန္းမဟုတ္ပါ စိန႔္မာတင္ကြၽန္းရဲ႕ ျမန္မာလိုအေခၚကအုန္းကြၽန္းျဖစ္ပါတယ္။

အဲ့ဒီအုန္းကြၽန္းသည္ ဘဂၤလားပိုင္နက္ျဖစ္ပါတယ္ ျမန္မာပိုင္မဟုတ္ပါဘူး အဲ့ဒါေၾကာင့္ အဲ့ဒီကြၽန္းကို အမႈရႈံးၿပီးေပးလိုက္ရတယ္ဆိုတာ သတင္းအမွားကိုေရးတာပါ ၊ ဒါ့ေၾကာင့္တပ္မေတာ္အစိုးရေရာ၊သမၼတႀကီးဦးသိန္းစိန္အစိုးရေရာ အစိုးရႏွစ္ရပ္လုံးကို ျပည္သူကအထင္အ ျမင္လြဲမွာေစတယ္ ႏိုင္ငံေတာ္အစိုးရေတြကို ျပည္သူလူထုကအထင္အျမင္လြဲမွားေစတာဟာ ဂုဏ္သိကၡာက်ဆင္းေစတာဟာ ႏိုင္ငံေတာ္ကို အၾကည္ညိဳပ်က္ေစတာပါ ေနာက္ၿပီး ႏိုင္ငံအခ်င္းခ်င္း တရားရင္ဆိုင္ရာမွာ ရႈံးပါတယ္လို႔ေရးတာဟာ။

ႏိုင္ငံေတာ္နဲ႔ႏိုင္ငံသားတို႔ရဲ႕ဂုဏ္သိကၡာကိုက်ဆင္းေစပါတယ္။ေဆာင္းပါးပါေရးသားတြင္NLDအစိုးရလက္ထက္တြင္သာအဆိုပါအျဖစ္အပ်က္မ်ိဳးျဖစ္ပါက တစ္ႏိုင္ငံလုံးဆႏၵျပပြဲမ်ား၊ကန႔္ကြက္ရႈံခ်ပြဲမ်ားျဖစ္ႏိုင္မည္ဟုေရးသားထားျခင္း၊ ထိုျဖစ္ရပ္မ်ားကိုတာဝန္ရွိသူမ်ားက လႊတ္ေတာ္တြင္းလာေရာက္ေျဖၾကားခဲ့ျခင္းအေပၚမ်က္ကြယ္ျပဳ၍ သတင္းအေမွာင္ခ်သည္ဟု ေရးသားခဲ့ျခင္းမ်ားေၾကာင့္ ယခုကဲ့သို႔ တရား စြဲဆိုျခင္းျဖစ္ေၾကာင္း ေျပာသည္။ အဆိုပါကိစၥကိုလည္း စာနယ္ဇင္းေကာင္စီသို႔ အေၾကာင္းၾကားထားေၾကာင္းသိရသည္။

စာေရးဆရာသရဝဏ္(ျပည္)ကိုျပည္ခိုင္ၿဖိဳးပါတီကတရားစြဲဆိုရန္ ေနျပည္ေတာ္ ဒကၡိဏသီရိ တရား႐ုံးသို႔ဦးတိုက္ေလွ်ာက္ထား ေနၿပီျဖစ္ ေၾကာင္းျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(႐ုံးခ်ဳပ္)ေနျပည္ေတာ္၏႐ုံးအုပ္ႀကီးဦေအာင္ပိုင္မင္းကေျပာသည္။ေစာင့္ၾကည့္သတင္းဂ်ာနယ္ပါအတြဲ၁၅ အမွတ္၁၇ပါ စာေရးဆရာသရဝဏ္(ျပည္)၏ နစ္ျမဳတ္ေနဆဲ သေဘၤာႀကီးေပၚက လူမ်ားအမည္ရ ေဆာင္းပါးအခ်က္ အလက္အခ်ိဳ႕မွာမွားယြင္းေနသည္ဟုဆိုသည္။

၎၏ေရးသားေဖာ္ျပခ်က္မ်ားမွာ တာဝန္ထမ္းေဆာင္ၿပီးခဲ့ေသာအစိုးရမ်ား၏ ေဆာင္႐ြက္ခ်က္မ်ားအေပၚ အမ်ားျပည္သူအထင္အျမင္ လြဲ မွားေစသည့္အတြက္တရားစြဲဆိုရန္ ေနျပည္ေတာ္ ဒကၡိဏသီရိ တရား႐ုံးသို႔ဦးတိုက္ေလွ်ာက္ထားေနၿပီဟုဆိုသည္။ အဆိုပါကိစၥႏွင့္ ပတ္ သတ္၍စာေရးဆရာသရဝဏ္(ျပည္)ကိုဆက္သြယ္ေမးျမန္းရာ”ဒီကိစၥမသိရ‌ ေသးဘူးဘာမွ မသိရေသးေတာ့ ဘာမွေျပာစရာမရွိပါဘူး” ဟုျပန္လည္ေျဖၾကားခဲ့သည္။

REF: THE FIFTH WAVE NEWS

UNICODE

စာရေးဆရာသရဝဏ်(ပြည်)၏ ရေးသားချက်များသည် ယခင်အစိုးရများ၏ဂုဏ်သိက္ခာ ကျဆင်းသည်ဆိုကာ ပြည်ခိုင်ဖြိုးပါတီမှတရားစွဲ

စာရေးဆရာသရဝဏ်(ပြည်)ရဲ့ဆောင်းပါမှာအဓိကကတော့မမှန်တဲ့သတင်းကိုရေးတာပါ ၊ အုန်းကျွန်းလို့ခေါ်တဲ့ စိန့်မာတင်ကျွန်းကို ပေး လိုက်ရတယ်ဆိုတာကအမှားပါ ။ပြောရရင်မြန်မာနိုင်ငံကစိန့်မာတင်ကျွန်းကိုမပိုင်ခဲ့ဘူး စိန့်မာတင်ကျွန်းသည်မြန်မာပိုင်ကျွန်းမဟုတ်ဘူး ဘင်္ဂလားဒေ့ရ်ှပိုင်ကျွန်းဖြစ်ပါတယ် သူရေးထားတာက စစ်အစိုးရလက်ထက်မှာ အငြင်းပွားခဲ့သောမြန်မာအခေါ်ရှင်မဖြူကျွန်းတဲ့ နံပါတ်၁ အဲ့တာကမှားပါတယ် ရှင်မဖြူကျွန်းသည်စိန့်မာတင်ကျွန်းမဟုတ်ပါ စိန့်မာတင်ကျွန်းရဲ့ မြန်မာလိုအခေါ်ကအုန်းကျွန်းဖြစ်ပါတယ်။

အဲ့ဒီအုန်းကျွန်းသည် ဘင်္ဂလားပိုင်နက်ဖြစ်ပါတယ် မြန်မာပိုင်မဟုတ်ပါဘူး အဲ့ဒါကြောင့် အဲ့ဒီကျွန်းကို အမှုရှုံးပြီးပေးလိုက်ရတယ်ဆိုတာ သတင်းအမှားကိုရေးတာပါ ၊ ဒါ့ကြောင့်တပ်မတော်အစိုးရရော၊သမ္မတကြီးဦးသိန်းစိန်အစိုးရရော အစိုးရနှစ်ရပ်လုံးကို ပြည်သူကအထင်အ မြင်လွဲမှာစေတယ် နိုင်ငံတော်အစိုးရတွေကို ပြည်သူလူထုကအထင်အမြင်လွဲမှားစေတာဟာ ဂုဏ်သိက္ခာကျဆင်းစေတာဟာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာပါ နောက်ပြီး နိုင်ငံအချင်းချင်း တရားရင်ဆိုင်ရာမှာ ရှုံးပါတယ်လို့ရေးတာဟာ။

နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေပါတယ်။ဆောင်းပါးပါရေးသားတွင်NLDအစိုးရလက်ထက်တွင်သာအဆိုပါအဖြစ်အပျက်မျိုးဖြစ်ပါက တစ်နိုင်ငံလုံးဆန္ဒပြပွဲများ၊ကန့်ကွက်ရှုံချပွဲများဖြစ်နိုင်မည်ဟုရေးသားထားခြင်း၊ ထိုဖြစ်ရပ်များကိုတာဝန်ရှိသူများက လွှတ်တော်တွင်းလာရောက်ဖြေကြားခဲ့ခြင်းအပေါ်မျက်ကွယ်ပြု၍ သတင်းအမှောင်ချသည်ဟု ရေးသားခဲ့ခြင်းများကြောင့် ယခုကဲ့သို့ တရား စွဲဆိုခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါကိစ္စကိုလည်း စာနယ်ဇင်းကောင်စီသို့ အကြောင်းကြားထားကြောင်းသိရသည်။

စာရေးဆရာသရဝဏ်(ပြည်)ကိုပြည်ခိုင်ဖြိုးပါတီကတရားစွဲဆိုရန် နေပြည်တော် ဒက္ခိဏသီရိ တရားရုံးသို့ဦးတိုက်လျှောက်ထား နေပြီဖြစ် ကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ရုံးချုပ်)နေပြည်တော်၏ရုံးအုပ်ကြီးဦအောင်ပိုင်မင်းကပြောသည်။စောင့်ကြည့်သတင်းဂျာနယ်ပါအတွဲ၁၅ အမှတ်၁၇ပါ စာရေးဆရာသရဝဏ်(ပြည်)၏ နစ်မြုတ်နေဆဲ သင်္ဘောကြီးပေါ်က လူများအမည်ရ ဆောင်းပါးအချက် အလက်အချို့မှာမှားယွင်းနေသည်ဟုဆိုသည်။

၎င်း၏ရေးသားဖော်ပြချက်များမှာ တာဝန်ထမ်းဆောင်ပြီးခဲ့သောအစိုးရများ၏ ဆောင်ရွက်ချက်များအပေါ် အများပြည်သူအထင်အမြင် လွဲ မှားစေသည့်အတွက်တရားစွဲဆိုရန် နေပြည်တော် ဒက္ခိဏသီရိ တရားရုံးသို့ဦးတိုက်လျှောက်ထားနေပြီဟုဆိုသည်။ အဆိုပါကိစ္စနှင့် ပတ် သတ်၍စာရေးဆရာသရဝဏ်(ပြည်)ကိုဆက်သွယ်မေးမြန်းရာ”ဒီကိစ္စမသိရ‌ သေးဘူးဘာမှ မသိရသေးတော့ ဘာမှပြောစရာမရှိပါဘူး” ဟုပြန်လည်ဖြေကြားခဲ့သည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *