CRD: Cele Connections
UNICODE
တခြားအနုပညာရှင်တွေလို မာန်မာနမရှိတဲ့ မင်းသမီးချောလေး မြတ်သူသူ မီဒီယာသမားတွေကို တောင်းပန်လာ
ဒီနေ့မှာတော့ ” ချစ်ရတဲ့ မီဒီယာက အကို အမတွေ အားလုံးကို မြတ်သူ တောင်းပန်ပါတယ်။မြတ်သူ ဖုန်းကို အင်တာဗျူးအတွက်ဆို တိုက် ရိုက်ဆက်ပေးပါနော်။မြတ်သူက chat box မသုံးဖြစ်တော့ တချို့မေးထားတာတွေ မသိတော့လို့ပါ။ အားလည်းနာပါတယ်။ မြတ်သူအလုပ် လေးတွေရှုပ်နေရလို့ ပြန်မဖြေမိခဲ့တာတွေ မမြင်ခဲ့တာတွေရှိရင် တောင်းပန်ပါရစေ ” ဆိုတဲ့စာလေးနဲ့ မေတ္တာရပ်ခံခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း အမြဲလူတိုင်းကိုတလေးတစားဆက်ဆံတတ်တဲ့ မင်းသမီးလေး မြတ်သူသူကို ချစ်ရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ မြတ် သူသူ ကတော့ MRTV- (4 ) ဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်ပြီး ” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ် လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။
မြညိုလို့ ပရိသတ်တွေသတိမထားမိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့ အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။မကြာသေးမီက ဇာတ်သိမ်းသွားပြီဖြစ်တဲ့ ” တတိယမြောက်ဆုံမှတ် ” ဇာတ်လမ်းတွဲမှာလည်း ” ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ခဲ့တာပါ။
ချစ်တဲ့ပရိသတ်တွေအတွက် မြညိုလေးက TikTok လေးတွေကိုအမြဲဆော့ကစားကာ ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစား ဆက်ဆံတတ်သူ လေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတာပါနော်။
CRD:  Cele Connections
Add a Comment
Your email address will not be published. Required fields are marked *