ထ႐ုတ္နဲ႔ အေမရိကန္အၾကား ျမန္မာျပည္အေနျဖင့္ ဘယ္သူ႔ဘက္က ရပ္တည္လဲဆိုတာ ေၾကျငာခ်က္ထုတ္ျပန္

ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းလဲျဖစ္ အဓိကကုန္သြယ္ဘက္ ႏိုင္ငံတခုျဖစ္တဲ့ တ႐ုတ္ႏိုင္ငံဟာ အရင္တုန္းက ျမန္မာစစ္အစိုးရေတြ လက္ထက္ ကတည္းက ႏိုင္ငံ ေရး၊ စီးပြားေရးအရ ၾသဇာ ေညာင္းတယ္လို႔ အမ်ားက ယူဆခဲ့ ၾကတာပါ။ ျမန္မာႏိုင္ငံမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ၿပီးေနာက္မွာလည္း တ႐ုတ္ႏိုင္ငံက ဆက္ဆံေရး တည္ေဆာက္ဖို႔ ႀကိဳးပမ္းတာေတြ ရွိခဲ့သလို၊ တ႐ုတ္သမၼတ Xi Jinping ကိုယ္တိုင္လည္း ဒီႏွစ္ ဇန္နဝါရီလထဲမွာပဲ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ပါတယ္။ခရီးစဥ္အတြင္း တ ႐ုတ္ ႏိုင္ငံရဲ႕ ခါးပတ္လမ္းစီမံကိန္းနဲ႔ ပတ္သက္တာေတြ အပါအဝင္ သေဘာတူညီခ်က္ ၃၃ ခုကိုလည္း လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံဟာ အိမ္နီးခ်င္း မဟာအင္အားႀကီး ႏိုင္ငံျဖစ္သလို၊ ျမန္မာႏိုင္ငံထဲမွာလည္း တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးလုပ္ငန္း ေတြ၊ စီမံကိန္းေတြ အမ်ားအျပား ရွိတာေတြလည္း တစ္ေၾကာင္း၊ ေနာက္ အေမရိကန္ျပည္ေထာင္စုဟာဆိုရင္လည္း က်ေနာ္တို႔ႏိုင္ငံ ဒီမိုက ေရစီအေျပာင္းအလဲအတြက္ကို အင္မတန္မွ အေရးႀကီးတဲ့၊ အေမရိကန္ျပည္ေထာင္စုရဲ႕ ေထာက္ခံမႈနဲ႔အတူ ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲမႈ ကို ဆက္ၿပီးေဖာ္ေဆာင္ရန္ လိုအပ္ေနတဲ့ အေျခအေနပါ။ ဒီႏွစ္ႏိုင္ငံလုံးနဲ႔ ဆက္ဆံေရးကို အေမွ်ာ္အျမင္ရွိရွိနဲ႔ သူလည္းႏိုင္၊ ကိုယ္လည္း ႏိုင္၊ ေနာက္ ျပည္သူလူထုလည္း အက်ိဳးရွိမယ့္ ဘက္ကေန ဦးတည္ေဖာ္ေဆာင္ႏိုင္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ”

ျမန္မာႏိုင္ငံအေရးမွာ တ႐ုတ္ႏိုင္ငံရဲ႕ ေဆာင္႐ြက္မႈေတြအေပၚ အေမရိကန္သံ႐ုံး အႀကီးအကဲက မၾကာေသးခင္ကပဲ ထိုးႏွက္ေဝဖန္ ေျပာဆို လိုက္တဲ့အေပၚ တ႐ုတ္ႏိုင္ငံကလည္း ခ်က္ျခင္းဆိုသလို တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။ ကမာၻ႔အင္အားႀကီး ႏွစ္ ႏိုင္ငံၾကား သံတမန္ေရးအရ အ ေခ်အတင္ ျဖစ္စရာေတြ ေပၚေပါက္ေနေပမဲ့လည္း ျမန္မာႏိုင္ငံ အေနနဲ႔ကေတာ့ လက္ရွိႏိုင္ငံျခားေရး မူဝါဒေတြအတိုင္း ဆက္လက္ ရပ္ တည္ေနဆဲ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေအာင္ကိုက ေျပာပါတယ္။ လြတ္လပ္ ၿပီး တက္ႂကြတဲ့ ဘက္မလိုက္တဲ့ ႏိုင္ငံျခားေရးမူဝါဒနဲ႔အညီ ဆက္လက္က်င့္သုံးတယ္။

အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရးလည္း အေလးထားပါတယ္။ အေရွ႕ရယ္၊ အေနာက္ရယ္လို႔ မဟုတ္ပါဘူးေနာ္။ ႏိုင္ငံတိုင္းနဲ႔ ခ်စ္ၾကည္ ရင္းႏွီးတဲ့ ဆက္ဆံေရးကို က်ေနာ္တို႔ရဲ႕ ႏိုင္ငံျခားေရးမူဝါဒနဲ႔ အညီ ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံ၊ လိုက္နာက်င့္သုံးေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံ အျဖစ္ ေပါ့ေနာ္။ ဘယ္ႏိုင္ငံနဲ႔ မဆို ဆက္ဆံေရးေကာင္းေအာင္ ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးကို ထူေထာင္ထားတယ္။ ဒါေပမဲ့ ဒီကိစၥကေတာ့ သူတို႔ရဲ႕ သံ႐ုံးရဲ႕ သေဘာထားကို ထုတ္ေဖာ္ၿပီး ေျပာၾကားတာေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္တို႔လည္း လူႀကီးေတြကိုေတာ့ သက္ဆိုင္ရာကိုေတာ့ တင္ျပထားပါတယ္။”

ျမန္မာႏိုင္ငံအေျခစိုက္ အေမရိကန္သံ႐ုံး ယာယီတာဝန္ခံ ‌‌ေဂ်ာ့ဆိုက္ဘေလ ရဲ႕ သေဘာထားအျမင္ ေဆာင္းပါးမွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ လုပ္ရပ္ေတြေၾကာင့္ အိမ္နီးခ်င္း ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈကို ထိခိုက္ေနတယ္ဆိုၿပီး ေရးသားထားတာပါ။ တ႐ုတ္ ႏိုင္ငံက စီးပြားေရး လုပ္ငန္းေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ သဘာဝပတ္ဝန္းက်င္နဲ႔ လူမႈဘဝေတြ ထိခိုက္နစ္နာရေၾကာင္းလည္း ေျပာဆို ထားပါတယ္။ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ အေမရိကန္သံ႐ုံးယာယီတာဝန္ခံရဲ႕ ေရးသားခ်က္ဟာ အေမရိကန္က အေရွ႕ေတာင္အာရွမွာ သံတမန္ေရးအရ ေျခလွမ္းသစ္ျပင္လာတာ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ပါတယ္။

“အေမရိကန္အစိုးရအေနနဲ႔ အေရွ႕ေတာင္အာရွ ေဒသမွာ တ႐ုတ္နဲ႔ပတ္သက္တဲ့ ဆက္ဆံေရးဆိုင္ရာ ေျခလွမ္းသစ္တစ္ခုကို အစျပဳဖို႔ ဦး တည္လိုက္တယ္လို႔ ျမင္ပါတယ္။ တစ္နည္းအားျဖင့္ေတာ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြအေပၚမွာ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံေရးအရ စီးပြားေရး အရ လႊမ္းမိုးမႈေတြကို ေလ်ာ့ခ်ႏိုင္ဖို႔၊ တန္ျပန္ႏိုင္ဖို႔ ရည္႐ြယ္တဲ့ ကနဦးေျခလွမ္း၊ ျဖစ္လိမ့္မယ္လို႔ သုံးသပ္ပါတယ္။” အေမရိကန္သံတမန္ရဲ႕ ေရးသားခ်က္အေပၚမွာေတာ့ တ႐ုတ္-ျမန္မာ ၂ ႏိုင္ငံ ဆက္ဆံေရး အဆင္ေျပေနတာကို မနာလိုမရႈစိမ့္တဲ့ လုပ္ရပ္အျဖစ္ ျမန္မာႏိုင္ငံ အေျခ စိုက္ တ႐ုတ္သံ႐ုံးကလည္း ခ်က္ျခင္းဆိုသလို တုံ႔ျပန္ခဲ့ပါတယ္။

တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ထိခိုက္ေအာင္ ႀကိဳးပမ္းတဲ့ အေမရိကန္ရဲ႕ လုပ္ရပ္ေတြဟာ ေအာင္ျမင္မႈရွိမွာ မဟုတ္ေၾကာင္းလည္း တ႐ုတ္ သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ႏိုင္ငံေရးသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ အင္အားႀကီး ၂ ႏိုင္ငံၾကား သံတမန္ေရးတင္းမာ မႈေတြၾကားမွာ ျမန္မာႏိုင္ငံအေနနဲ႔ ဆက္ဆံေရးမွာ သတိထားဖို႔လိုမယ္လို႔ သုံးသပ္ပါတယ္။

REF: GIRNARI ONLINE

UNICODE

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းလဲဖြစ် အဓိကကုန်သွယ်ဘက် နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ အရင်တုန်းက မြန်မာစစ်အစိုးရတွေ လက်ထက် ကတည်းက နိုင်ငံ ရေး၊ စီးပွားရေးအရ သြဇာ ညောင်းတယ်လို့ အများက ယူဆခဲ့ ကြတာပါ။ မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်မှာလည်း တရုတ်နိုင်ငံက ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့သလို၊ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်လည်း ဒီနှစ် ဇန်နဝါရီလထဲမှာပဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ခရီးစဉ်အတွင်း တ ရုတ် နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်းနဲ့ ပတ်သက်တာတွေ အပါအဝင် သဘောတူညီချက် ၃၃ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အိမ်နီးချင်း မဟာအင်အားကြီး နိုင်ငံဖြစ်သလို၊ မြန်မာနိုင်ငံထဲမှာလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း တွေ၊ စီမံကိန်းတွေ အများအပြား ရှိတာတွေလည်း တစ်ကြောင်း၊ နောက် အမေရိကန်ပြည်ထောင်စုဟာဆိုရင်လည်း ကျနော်တို့နိုင်ငံ ဒီမိုက ရေစီအပြောင်းအလဲအတွက်ကို အင်မတန်မှ အရေးကြီးတဲ့၊ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုနဲ့အတူ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု ကို ဆက်ပြီးဖော်ဆောင်ရန် လိုအပ်နေတဲ့ အခြေအနေပါ။ ဒီနှစ်နိုင်ငံလုံးနဲ့ ဆက်ဆံရေးကို အမျှော်အမြင်ရှိရှိနဲ့ သူလည်းနိုင်၊ ကိုယ်လည်း နိုင်၊ နောက် ပြည်သူလူထုလည်း အကျိုးရှိမယ့် ဘက်ကနေ ဦးတည်ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”

မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေအပေါ် အမေရိကန်သံရုံး အကြီးအကဲက မကြာသေးခင်ကပဲ ထိုးနှက်ဝေဖန် ပြောဆို လိုက်တဲ့အပေါ် တရုတ်နိုင်ငံကလည်း ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နှစ် နိုင်ငံကြား သံတမန်ရေးအရ အ ချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်နေပေမဲ့လည်း မြန်မာနိုင်ငံ အနေနဲ့ကတော့ လက်ရှိနိုင်ငံခြားရေး မူဝါဒတွေအတိုင်း ဆက်လက် ရပ် တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ကိုက ပြောပါတယ်။ လွတ်လပ် ပြီး တက်ကြွတဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ဆက်လက်ကျင့်သုံးတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးလည်း အလေးထားပါတယ်။ အရှေ့ရယ်၊ အနောက်ရယ်လို့ မဟုတ်ပါဘူးနော်။ နိုင်ငံတိုင်းနဲ့ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေးကို ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အညီ ဆောင်ရွက်နေတဲ့ နိုင်ငံ၊ လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ပေါ့နော်။ ဘယ်နိုင်ငံနဲ့ မဆို ဆက်ဆံရေးကောင်းအောင် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ သူတို့ရဲ့ သံရုံးရဲ့ သဘောထားကို ထုတ်ဖော်ပြီး ပြောကြားတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့လည်း လူကြီးတွေကိုတော့ သက်ဆိုင်ရာကိုတော့ တင်ပြထားပါတယ်။”

မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံး ယာယီတာဝန်ခံ ‌‌ဂျော့ဆိုက်ဘလေ ရဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်နေတယ်ဆိုပြီး ရေးသားထားတာပါ။ တရုတ် နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်နစ်နာရကြောင်းလည်း ပြောဆို ထားပါတယ်။မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အမေရိကန်သံရုံးယာယီတာဝန်ခံရဲ့ ရေးသားချက်ဟာ အမေရိကန်က အရှေ့တောင်အာရှမှာ သံတမန်ရေးအရ ခြေလှမ်းသစ်ပြင်လာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“အမေရိကန်အစိုးရအနေနဲ့ အရှေ့တောင်အာရှ ဒေသမှာ တရုတ်နဲ့ပတ်သက်တဲ့ ဆက်ဆံရေးဆိုင်ရာ ခြေလှမ်းသစ်တစ်ခုကို အစပြုဖို့ ဦး တည်လိုက်တယ်လို့ မြင်ပါတယ်။ တစ်နည်းအားဖြင့်တော့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရ စီးပွားရေး အရ လွှမ်းမိုးမှုတွေကို လျော့ချနိုင်ဖို့၊ တန်ပြန်နိုင်ဖို့ ရည်ရွယ်တဲ့ ကနဦးခြေလှမ်း၊ ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။” အမေရိကန်သံတမန်ရဲ့ ရေးသားချက်အပေါ်မှာတော့ တရုတ်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အဆင်ပြေနေတာကို မနာလိုမရှုစိမ့်တဲ့ လုပ်ရပ်အဖြစ် မြန်မာနိုင်ငံ အခြေ စိုက် တရုတ်သံရုံးကလည်း ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်အောင် ကြိုးပမ်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ အောင်မြင်မှုရှိမှာ မဟုတ်ကြောင်းလည်း တရုတ် သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အင်အားကြီး ၂ နိုင်ငံကြား သံတမန်ရေးတင်းမာ မှုတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ဆက်ဆံရေးမှာ သတိထားဖို့လိုမယ်လို့ သုံးသပ်ပါတယ်။

REF:   GIRNARI  ONLINE

Add a Comment

Your email address will not be published. Required fields are marked *