လိင္ပိုင္းဆိုင္ ရာေစာ္ကား ခဲ့ တဲ့ ဖခင္ကို သတ္ပစ္ခဲ့ၾက တဲ့ သမီး(၃)ေယာက္၏ အံံ့ဖြယ္လုပ္ရပ္

လူသတ္မႈ က်ဳူးလြန္ခဲ့တဲ့ မိန္းကေလးေတြကေတာ့ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္မႈေၾကာင့္ အျပစ္ေလ်ာ့သြားႏိုင္ေပမယ့္ တစ္ေယာက္ကို အနည္းဆုံး ေထာင္ဒဏ္(၈)ႏွစ္ေလာက္အထိေတာ့ က်ခံရဖို႔ရွိေနပါတယ္။ဒီ တိုက္ခိုက္မႈကို ညီအစ္မ (၃)ဦးစလုံး ပူးေပါင္းပါဝင္ခဲ့တာျဖစ္ၿပီး တစ္ေယာက္ ျပႆနာတက္ေနခ်ိန္မွာ က်န္တဲ့ အစ္မေတြကလည္း ဓားကိုယ္စီနဲ႔ ေရာက္ရွိလာခဲ့ၿပီး ဖခင္ကို ထိုးသတ္ခဲ့ၾကတာပါ။

႐ုရွားႏို င္ငံ၊ ေမာ္စကိုမွာေနထိုင္တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလး (၃)ေယာက္ဟာ သူတို႔ကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားႏွိပ္စက္မႈေတြ ျပဳလုပ္ခဲ့တဲ့ ဖခင္ရင္းကို ပူးေပါင္းၿပီး သတ္ပစ္ခဲ့ၾကပါတယ္။ အသက္ (၁၉)ႏွစ္အ႐ြယ္ ခရစၥတီးနား၊ အသက္(၁၈)ႏွစ္အ႐ြယ္ အိန္ဂ်လီနာနဲ႔ အသက္ (၁၇)ႏွစ္အ႐ြယ္ မာရီယာ တို႔ဟာ ခ်စ္စရာေကာင္းတဲ့ ဆယ္ေက်ာ္သက္မိန္းမပ်ိဳေလးေတြျဖစ္ၾကပါတယ္။

သူတို႔ရဲ႕ ဖခင္ကေတာ့ ႐ုရွားႏိုင္ငံရဲ႕ မာဖီးယား ဂိုဏ္းေခါင္းေဆာင္တစ္ေယာက္ပါ။ အသက္ (၅၇)ႏွစ္အ႐ြယ္ မစ္ေခးလ္ ကာခ်ာတာရန္ဟာ ႐ုရွားရဲ႕နာမည္ႀကီး လူဆိုးဂိုဏ္းအျဖစ္ ရပ္တည္ေနတဲ့ မာဖီးယားအဖြဲ႕ထဲက ေခါင္းေဆာင္တစ္ေယာက္ပါ။ သူက သူ႔ရဲ႕သမီး(၃)ေယာက္ကို အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္ေလ့ရွိၿပီး မူးယစ္ေဆးစြဲေနသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ အတြင္းမွာ မစ္ေခးလ္က သူ႔ရဲ႕သမီးေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ ျပဳလုပ္ခဲ့ၿပီး သူ မူးယစ္ေနတဲ့ အခ်ိန္ ေတြတိုင္းမွာ ျပႆနာေတြ ဖန္တီးခဲ့တာပါ။တစ္ရက္မွာေတာ့ မီေခးလ္က သူ႔ရဲ႕သမီးအငယ္ဆုံး မာရီယာကို ဓားနဲ႔ တိုက္ခိုက္မယ္လို႔ ၿခိမ္း ေျခာက္ရာကေန ညီအစ္မ (၃)ေယာက္က သူတို႔ရဲ႕ဖခင္ကို သတ္ပစ္လိုက္ၾကတာပါ။

ေမာ္စကိုၿမိဳ႕၊ အေဝးေျပးလမ္းမ အနီးက မစ္ေခးလ္ရဲ႕အိမ္မွာ သူ႔ကို ဓားဒဏ္ရာေပါင္းမ်ားစြာနဲ႔ ေသဆုံးေနတာကို ေတြ႕ခဲ့ရၿပီး သူ႔ရဲ႕သမီးေတြ ကိုယ္တိုင္က ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့တာပါ။ခရစၥတီးနားက သူမတို႔(၃)ေယာက္စလုံးက ဖခင္ျဖစ္သူကို အရမ္းမုန္းေနၾကၿပီး တစ္ခါ တစ္ေလ သူမတို႔(၃)ေယာက္တည္းကို အိမ္မွာထားခဲ့ၿပီး အခ်ိန္ေတြၾကာေအာင္ ေလ်ာက္သြားေနတတ္တယ္လို႔ ရဲတပ္ဖြဲ႕ကိုေျပာပါတယ္။

မစ္ေခးလ္က လြတ္ေျမာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မိန္းကေလး(၃)ေယာက္ကေတာ့ ဓားနဲ႔ဆက္ထိုးခဲ့ၾကတာေၾကာင့္ ဓာတ္ေလွကား အနီးမွာပဲ ေသဆုံးသြားခဲ့ရပါတယ္။မစ္ေခးလ္ရဲ႕ သူငယ္ခ်င္းေတြနဲ႔ အိမ္နီးခ်င္းေတြက မစ္ေခးလ္ဟာ ဇနီးျဖစ္သူကိုလည္း အဲဒီလို ႏွိပ္စက္မႈ ေတြျပဳလုပ္ခဲ့လို႔ ဇနီးသည္က အိမ္ကေန ထြက္သြားခဲ့ၿပီး သမီးေတြကိုလည္း အၿမဲလိုလို ႐ိုက္ႏွက္ေနတတ္တယ္လို႔ဆိုလိုက္ပါတယ္။

REF: SHWE WIKI

UNICODE

လူသတ်မှု ကျုူးလွန်ခဲ့တဲ့ မိန်းကလေးတွေကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုကြောင့် အပြစ်လျော့သွားနိုင်ပေမယ့် တစ်ယောက်ကို အနည်းဆုံး ထောင်ဒဏ်(၈)နှစ်လောက်အထိတော့ ကျခံရဖို့ရှိနေပါတယ်။ဒီ တိုက်ခိုက်မှုကို ညီအစ်မ (၃)ဦးစလုံး ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး တစ်ယောက် ပြဿနာတက်နေချိန်မှာ ကျန်တဲ့ အစ်မတွေကလည်း ဓားကိုယ်စီနဲ့ ရောက်ရှိလာခဲ့ပြီး ဖခင်ကို ထိုးသတ်ခဲ့ကြတာပါ။

ရုရှားနို င်ငံ၊ မော်စကိုမှာနေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃)ယောက်ဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဖခင်ရင်းကို ပူးပေါင်းပြီး သတ်ပစ်ခဲ့ကြပါတယ်။ အသက် (၁၉)နှစ်အရွယ် ခရစ္စတီးနား၊ အသက်(၁၈)နှစ်အရွယ် အိန်ဂျလီနာနဲ့ အသက် (၁၇)နှစ်အရွယ် မာရီယာ တို့ဟာ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်မိန်းမပျိုလေးတွေဖြစ်ကြပါတယ်။

သူတို့ရဲ့ ဖခင်ကတော့ ရုရှားနိုင်ငံရဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။ အသက် (၅၇)နှစ်အရွယ် မစ်ခေးလ် ကာချာတာရန်ဟာ ရုရှားရဲ့နာမည်ကြီး လူဆိုးဂိုဏ်းအဖြစ် ရပ်တည်နေတဲ့ မာဖီးယားအဖွဲ့ထဲက ခေါင်းဆောင်တစ်ယောက်ပါ။ သူက သူ့ရဲ့သမီး(၃)ယောက်ကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်လေ့ရှိပြီး မူးယစ်ဆေးစွဲနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ မစ်ခေးလ်က သူ့ရဲ့သမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပြီး သူ မူးယစ်နေတဲ့ အချိန် တွေတိုင်းမှာ ပြဿနာတွေ ဖန်တီးခဲ့တာပါ။တစ်ရက်မှာတော့ မီခေးလ်က သူ့ရဲ့သမီးအငယ်ဆုံး မာရီယာကို ဓားနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်း ခြောက်ရာကနေ ညီအစ်မ (၃)ယောက်က သူတို့ရဲ့ဖခင်ကို သတ်ပစ်လိုက်ကြတာပါ။

မော်စကိုမြို့၊ အဝေးပြေးလမ်းမ အနီးက မစ်ခေးလ်ရဲ့အိမ်မှာ သူ့ကို ဓားဒဏ်ရာပေါင်းများစွာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပြီး သူ့ရဲ့သမီးတွေ ကိုယ်တိုင်က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ခရစ္စတီးနားက သူမတို့(၃)ယောက်စလုံးက ဖခင်ဖြစ်သူကို အရမ်းမုန်းနေကြပြီး တစ်ခါ တစ်လေ သူမတို့(၃)ယောက်တည်းကို အိမ်မှာထားခဲ့ပြီး အချိန်တွေကြာအောင် လျောက်သွားနေတတ်တယ်လို့ ရဲတပ်ဖွဲ့ကိုပြောပါတယ်။

မစ်ခေးလ်က လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မိန်းကလေး(၃)ယောက်ကတော့ ဓားနဲ့ဆက်ထိုးခဲ့ကြတာကြောင့် ဓာတ်လှေကား အနီးမှာပဲ သေဆုံးသွားခဲ့ရပါတယ်။မစ်ခေးလ်ရဲ့ သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေက မစ်ခေးလ်ဟာ ဇနီးဖြစ်သူကိုလည်း အဲဒီလို နှိပ်စက်မှု တွေပြုလုပ်ခဲ့လို့ ဇနီးသည်က အိမ်ကနေ ထွက်သွားခဲ့ပြီး သမီးတွေကိုလည်း အမြဲလိုလို ရိုက်နှက်နေတတ်တယ်လို့ဆိုလိုက်ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *