သူ့ ထက်(၁၇)နှစ် ပိုငယ်တဲ့ချစ်သူလေး ကို ချစ်မိလာတ ယ်ဆို တဲ့ ဇွဲနိုင်ဝင်း
Source: Zwe Naing Win
UNICODE
သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့သူ့ရဲ့အချစ်ရေးကတော့ အဆိုတော်သရုပ်ဆောင်မလေး မှူးသခင်နဲ့ ဖြစ်ကြောင်း ပရိသတ်တွေကို ချပြထား တာပါ။ဒီနေ့မှာတော့ ” ချစ်သူစဖြစ်ပြီးအချိန်ကနေ ချစ်ခါစထပ် အချိန်တွေရလာတာနဲ့အမျှ တဖြည်းဖြည်း ကိုယ့် ချစ်သူကို ကိုယ်ယုံကြည် ပြီးပိုဂရုတစိုက်နဲ့ တကယ်ကို တန်ဖိုးထားပြီး ချစ်လာခဲ့တယ်။
အဲ့ဒါ မညာဘူး ။ ကိုယ်နဲ့ အသက် က (၁၇)နှစ်ကွာတယ်။တစ်ခါတစ်လေမှာ သူစိတ်ကောက်ပြီး ဖုန်းပိတ်တာတို့ ဖုန်းမကိုင်တာတို့ ဖြစ်ရင် ဘယ်လို နေလို့နေရမှန်းမသိဘူး။အဲ့ဒါ ချစ်လို့ ဖြစ်တာဖြစ်မယ်နော်။”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ စိတ်လေးကို ပြောပြလာ ခဲ့တာပါ။ ချစ်တတ်တဲ့စိတ်လေးကတော့ တကယ့်ကိုရိုမန့်တစ်ဆန်လွန်းပါတယ်နော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဇွဲနိုင်ဝင်းကတော့ အနုပညာမျိုးရိုးရှိတဲ့သူဖြစ်ပြီး ယခင်က ရုပ်ရှင်ဇာတ်ကား ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့သူ တစ်ဦးပါ။
ရုပ်ရှင်လောကရဲ့ဆရာတစ်ဆူလို့ပြောရမယ့် မင်းသားကြီးကျော်ဟိန်းနဲ့ဒွေးတို့နဲ့ အမျိုးတော်ဆက်သူလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ အနုပညာအလုပ်တွေ ခြေလှမ်းကြဲသွားပေမယ့် ပရိသတ်တွေကတော့ သဘာဝမင်းသားတစ်လက်ဖြစ်တဲ့ဇွဲနိုင်ဝင်းကို သတိတရနဲ့အားပေးနေကြဆဲပါပဲနော်။
Source: Zwe Naing Win