အမ်ိဳးသမီး(၁)ဦးအား စစ္သည္(၂)ဦးမွ လုယက္မႈက်ဴးလြန္ၿပီး ေသနတ္ျဖင့္ပစ္ခတ္၍ ေသဆုံး

တပ္မေတာ္သားမ်ားအေနျဖင့္ မိမိကိုင္ေဆာင္သည့္ လက္နက္အား ရန္သူႏွင့္ ႏွစ္ဖက္ထိေတြ႕တိုက္ခိုက္ခ်ိန္မွ လြဲ၍ ရည္႐ြယ္ခ်က္ ရွိသည္ ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အျခားသူ တစ္ဦးဦးအား ထိခိုက္ဒဏ္ရာရရွိေစျခင္း၊ အ သက္အႏၲရာယ္ ျဖစ္ေစျခင္းမ်ိဳးကို ဥပေဒအရတင္းၾကပ္စြာ တားျမစ္ထားၿပီးျဖစ္သည့္ အျပင္ လုံးဝသည္းခံခြင့္လႊတ္ခဲ့ျခင္းလည္း မရွိသည့္အစဥ္အလာအတိုင္း က်ဴးလြန္သူစစ္သည္မ်ားႏွင့္ တာဝန္ရွိ သူမ်ားကိုထိေရာက္ျပင္းထန္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

ပဏာမစုံစမ္းေဖာ္ထုတ္ခ်က္အရ ျပစ္မႈက်ဴး လြန္ခဲ့ေၾကာင္း ဝန္ခံသည့္ တရားခံစစ္သည္ (၂)ဦးအား ဘီးလင္းတပ္နယ္စစ္ဘက္အခ်ဳပ္ ၌ ခ်ဳပ္ေႏွာင္ထားရွိၿပီး စစ္စည္းကမ္းအရဥပ ေဒႏွင့္အညီ ထိေရာက္စြာအေရးယူရန္အ တြက္ ပြင့္လင္းျမင္သာစြာ အျမန္ဆုံး စစ္ေဆးအေရး ယူေဆာင္႐ြက္သြားမည္ျဖစ္သည္။စစ္သည္ (၂)ဦးထြက္ေျပး၊ ေပ်ာက္ ဆုံးေနျခင္းႏွင့္ မႈခင္းျဖစ္စဥ္အားသက္ ဆိုင္ရာအထက္ဌာနမ်ားသို႔ အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းမပို႔ခဲ့သည့္ စခန္းမွတာ ဝန္ရွိသူမ်ားကိုလည္း စစ္တရား႐ုံး၏ စစ္ေဆးေတြ႕ရွိခ်က္အတိုင္း စစ္စည္းကမ္းအရ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္းသိရသည္။

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္၊ ပိုလိုထေက်း႐ြာ၌ အမ်ိဳးသမီး တစ္ဦးအားတပ္မေတာ္သားႏွစ္ဦးက ပစၥည္းလုယက္၍ ေသနတ္ျဖင့္ ပစ္ ခတ္ခဲ့သျဖင့္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။တပ္မေတာ္က သတင္းရလွ်င္ရရခ်င္း သက္ဆိုင္ရာနယ္ေျမသို႔ တာဝန္ရွိသူအရာရွိႏွင့္ အ ဖြဲ႕အား ဇူလိုင္လ ၁၉ ရက္တြင္ခ်က္ခ်င္းစုဖြဲ႕ေစလႊတ္ခဲ့ၿပီး စုံစမ္းေဖာ္ထုတ္ခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က သတင္း ထုတ္ျပန္ခဲ့သည္။က်ဴးလြန္သူမ်ားမွာ ပိုလိုထေက်း႐ြာႏွင့္ ၎နယ္ေျမတဝိုက္ရွိတပ္စခန္းတစ္ခုမွ တပ္သားအဆင့္ရွိ သန္းစိုးလြင္ႏွင့္ ဟိန္းမင္းထက္တို႔ ျဖစ္သည္။

၎တို႔(၂)ဦးသည္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၁၆ ရက္နံနက္အေစာပိုင္းတြင္ စခန္းမွခြင့္ျပဳခ်က္မရဘဲ လက္နက္ငယ္ႏွစ္လက္ႏွင့္အတူ ပိုလို ထေက်း႐ြာသို႔ ေရာက္ရွိၿပီး ႐ြာသား သုံးဦးႏွင့္အတူ ႐ြာတြင္းရွိအရက္ပုန္းဆိုင္၌ အရက္အတူေသာက္ခဲ့ၾကေၾကာင္းသိရသည္။ အရက္ ေသာက္ၿပီးေနာက္ ႐ြာသားမ်ားႏွင့္ လမ္းခြဲကာ႐ြာမွ စခန္းသို႔ျပန္လာစဥ္ အမူးလြန္သည့္ စစ္သည္ ႏွစ္ ဦးအနက္ တပ္သားသန္းစိုးလြင္မွ အရက္ဆိုင္ရွင္ အ မ်ိဳးသမီးဝတ္ဆင္ထားသည့္ ေ႐ႊဆြဲႀကိဳးအား မေတာ္မ တရားရယူရန္ ရည္႐ြယ္ခ်က္ျဖင့္ ႐ြာတြင္းအရက္ဆိုင္သို႔ ေန႔လယ္ ပိုင္းတြင္ ျပန္လည္ေရာက္ရွိခဲ့ၿပီး ဆြဲႀကိဳးအားလုယက္ခဲ့သည္။

ဆိုင္ရွင္အမ်ိဳးသမီးႏွင့္ ႐ုန္းရင္း ဆန္ ခတ္ျဖစ္ကာ ၎ကိုင္ေဆာင္ေသာေသနတ္မွ က်ည္ ေပါက္ထြက္ၿပီးေနာက္ ဆိုင္ရွင္အမ်ိဳးသမီး၏ ဦး ေခါင္းေနာက္ပိုင္းႏွင့္ ေနာက္ေက်ာေနရာအား က်ည္ထိမွန္လ်က္ ေနရာတြင္ပင္ လဲက်ေသဆုံးခဲ့ေၾကာင္းသိရသည္။ထို႔ေနာက္ အဆိုပါ စစ္သည္ ႏွစ္ဦးမွာေၾကာက္လန႔္၍ ႐ြာႏွင့္စခန္းၾကားေတာတြင္းသို႔ ထြက္ေျပးပုန္းေရွာင္ရာမွ ဇူလိုင္လ ၁၇ ရက္တြင္ စခန္းရွိရာသို႔ ျပန္လည္ အဖမ္းခံခဲ့ေၾကာင္း ပဏာမစုံစမ္းေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

REF; The Fifth Wave News

UNICODE

တပ်မတော်သားများအနေဖြင့် မိမိကိုင်ဆောင်သည့် လက်နက်အား ရန်သူနှင့် နှစ်ဖက်ထိတွေ့တိုက်ခိုက်ချိန်မှ လွဲ၍ ရည်ရွယ်ချက် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားသူ တစ်ဦးဦးအား ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ အ သက်အန္တရာယ် ဖြစ်စေခြင်းမျိုးကို ဥပဒေအရတင်းကြပ်စွာ တားမြစ်ထားပြီးဖြစ်သည့် အပြင် လုံးဝသည်းခံခွင့်လွှတ်ခဲ့ခြင်းလည်း မရှိသည့်အစဉ်အလာအတိုင်း ကျူးလွန်သူစစ်သည်များနှင့် တာဝန်ရှိ သူများကိုထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ပဏာမစုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူး လွန်ခဲ့ကြောင်း ဝန်ခံသည့် တရားခံစစ်သည် (၂)ဦးအား ဘီးလင်းတပ်နယ်စစ်ဘက်အချုပ် ၌ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်းအရဥပ ဒေနှင့်အညီ ထိရောက်စွာအရေးယူရန်အ တွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးအရေး ယူဆောင်ရွက်သွားမည်ဖြစ်သည်။စစ်သည် (၂)ဦးထွက်ပြေး၊ ပျောက် ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အားသက် ဆိုင်ရာအထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းမပို့ခဲ့သည့် စခန်းမှတာ ဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီး တစ်ဦးအားတပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ် ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။တပ်မတော်က သတင်းရလျှင်ရရချင်း သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိသူအရာရှိနှင့် အ ဖွဲ့အား ဇူလိုင်လ ၁၉ ရက်တွင်ချက်ချင်းစုဖွဲ့စေလွှတ်ခဲ့ပြီး စုံစမ်းဖော်ထုတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။ကျူးလွန်သူများမှာ ပိုလိုထကျေးရွာနှင့် ၎င်းနယ်မြေတဝိုက်ရှိတပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့ ဖြစ်သည်။

၎င်းတို့(၂)ဦးသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်နံနက်အစောပိုင်းတွင် စခန်းမှခွင့်ပြုချက်မရဘဲ လက်နက်ငယ်နှစ်လက်နှင့်အတူ ပိုလို ထကျေးရွာသို့ ရောက်ရှိပြီး ရွာသား သုံးဦးနှင့်အတူ ရွာတွင်းရှိအရက်ပုန်းဆိုင်၌ အရက်အတူသောက်ခဲ့ကြကြောင်းသိရသည်။ အရက် သောက်ပြီးနောက် ရွာသားများနှင့် လမ်းခွဲကာရွာမှ စခန်းသို့ပြန်လာစဉ် အမူးလွန်သည့် စစ်သည် နှစ် ဦးအနက် တပ်သားသန်းစိုးလွင်မှ အရက်ဆိုင်ရှင် အ မျိုးသမီးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား မတော်မ တရားရယူရန် ရည်ရွယ်ချက်ဖြင့် ရွာတွင်းအရက်ဆိုင်သို့ နေ့လယ် ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ဆွဲကြိုးအားလုယက်ခဲ့သည်။

ဆိုင်ရှင်အမျိုးသမီးနှင့် ရုန်းရင်း ဆန် ခတ်ဖြစ်ကာ ၎င်းကိုင်ဆောင်သောသေနတ်မှ ကျည် ပေါက်ထွက်ပြီးနောက် ဆိုင်ရှင်အမျိုးသမီး၏ ဦး ခေါင်းနောက်ပိုင်းနှင့် နောက်ကျောနေရာအား ကျည်ထိမှန်လျက် နေရာတွင်ပင် လဲကျသေဆုံးခဲ့ကြောင်းသိရသည်။ထို့နောက် အဆိုပါ စစ်သည် နှစ်ဦးမှာကြောက်လန့်၍ ရွာနှင့်စခန်းကြားတောတွင်းသို့ ထွက်ပြေးပုန်းရှောင်ရာမှ ဇူလိုင်လ ၁၇ ရက်တွင် စခန်းရှိရာသို့ ပြန်လည် အဖမ်းခံခဲ့ကြောင်း ပဏာမစုံစမ်းတွေ့ရှိခဲ့ကြောင်းသိရသည်။

REF;  The  Fifth  Wave  News

Add a Comment

Your email address will not be published. Required fields are marked *