အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေချိန်ဖြစ်၍ (၂၀၂၀)ရွေးကောက်ပွဲတွင် ပြည်သူများ တက်ကြွစွာမဲပေးကြရန် တိုင်းရင်းသားပါတီများ ပြောဆို






REF: ဆဲဗင်းဒေး

UNICODE

(၂၀၂၀)ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP) ၏ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော် မတီဝင် ဦးထွန်းအောင်ကျော်က လည်း မဲဆန္ဒပေးပိုင်ခွင့်သည် နိုင်ငံသားတစ်ဦး ရသင့်ရထိုက် သည့် အရေးကြီးသည့်အခွင့်အ ရေးဖြစ်ကြောင်းပြောသည်။ မြန်မာနိုင်ငံ အနေ ဖြင့် စစ် အာဏာရှင်စနစ် အောက်တွင် နှစ်ပေါင်း ၅၀ ကျော်ကြာပြည်သူ များ အခွင့်အရေးများဆုံးရှုံးခဲ့ရ ကြောင်း၊ ၂၀၁၀ တွင် ဒီမိုကရေစီ အခွင့်အရေးကို မြေစမ်းခရမ်းပျိုး အနေဖြင့်စတင်ရရှိခဲ့ကြောင်း ၎င်း ကဆိုသည်။

‘ဒီမိုကရေစီအခွင့်အရေးဆို တာ အများသဘောဆန္ဒနဲ့အညီ ဆုံးဖြတ်လုပ်ကိုင်ရတဲ့ အခွင့်အ ရေးတစ်ခုပေါ့။ အဲဒါကြောင့် ဒီမို ကရေစီနဲ့ ရွေး ကောက်ပွဲ၊ ရွေး ကောက်ပွဲနဲ့ မဲဆန္ဒပေးခြင်းဆိုတာ တစ်ခုနဲ့တစ်ခု ဘယ်လိုမှခွဲခြား လို့မရဘူး’’ဟု ၎င်းကဆိုသည်။ ပြည်သူများအနေဖြင့် အစိုးရ ဖြစ်လာမည့်သူများကို မိမိဆန္ဒနှင့် မဲပေးရွေးချယ်နိုင်ကြောင်းလည်း ဦးထွန်းအောင်ကျော်က ပြော သည်။အတင်းအကျပ်ကတော့ မဲ ပေးရမယ်၊မပေးရဘူး အဲဒီလိုလုပ် လို့တော့မရဘူး။ ဒါကတော့ မိမိ တို့ရဲ့ ပြည်သူတွေရဲ့လွတ်လပ် တဲ့စိတ်ဆန္ဒပဲ။

ကိုယ်ကမကြိုက် တိုင်းသူများကို မပေးနဲ့ဆိုတာက တော့ ဒီမိုကရေစီစနစ်နဲ့ နည်းနည်းသွေဖည်နေတယ်လို့ မြင်တယ်’’ဟု ၎င်း ကဆိုသည်။ အာဏာရှင်စနစ်မှ ဒီမို ကရေစီစနစ်သို့ ကူးပြောင်းနေ သည့် ကာလဖြစ်၍ ရွေးကောက်ပွဲ တွင် ပြည်သူများတက်ကြွစွာမဲပေး ကြ ရန် အရေး ကြီးကြောင်း ရှမ်း၊ ရခိုင်နှင့် တအာင်းနိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောကြား သည်။လာမည့်ရွေးကောက်ပွဲတွင် မဲမပေးရန် အွန်လိုင်း မှ လုပ်ဆောင်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံ ရေးပါတီခေါင်းဆောင်များက အ ထက်ပါအတိုင်း တိုက်တွန်းခြင်း ဖြစ်သည်။

ဒီမိုကရေစီကို ကူးပြောင်းရန် ဝိုင်းဝန်းကြိုးပမ်းနေသည်မှာဆယ် စုနှစ်တစ်ခုပင် မပြည့်သေး ကြောင်း၊ ဒီမိုကရေစီသွားရာလမ်း ကြောင်း တွင် ရွေးကောက်ပွဲကို မဖြစ်မနေဖြတ်သန်းရမည် ဖြစ် ကြောင်း၊ ယင်းအခြေအနေတွင် မဲမပေးသည့် လှုပ်ရှားမှုလုပ် ဆောင်ခြင်းသည် ဒီမို ကရေစီအ တွက် အထောက်အကူကောင်းမ ဟုတ်ကြောင်း ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း လိတ်ကပြောသည်။ဒီတော့ ၂၀၂၀ – ၂၀၂၅ အကူးအပြောင်းမှာ ဒီကြားကာလ မှာ အာဏာရှင်ဘက်ကို ပြန်ပြီး လှည့်မလား။

ဒီမိုကရေစီဘက်ကို ဆက်လက်ချီတက်မလားဆိုတာ လူထုကနေရွေးချယ်ရမှာပါ။ ဒီအ ချိန်မှာလူထုကို အမြင်မှားစေတဲ့ ဟာမျိုး၊ ဝေဝါးစေ တဲ့ဟာမျိုးက မလုပ်တာအကောင်းဆုံးပဲဗျ။ ဒါ က ဘယ်ပါတီကိုမဲပေးပါ၊ ဘယ် ပါတီကို မဲမပေးဘူးဆိုတာနဲ့မဆိုင် ဘူး’’ဟု ဦးစိုင်းလိတ်က ပြောဆိုကြောင်း သိရ သည်။

REF:   ဆဲဗင်းဒေး

Add a Comment

Your email address will not be published. Required fields are marked *