အေျခခံပညာအထက္တန္းေက်ာင္းမ်ား ယေန႔ ဇူလိုင္ ၂၁ ရက္တြင္ ျပန္လည္ဖြင့္လွစ္

အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းသားဦးေရ တိုး တက္မ်ားျပားလာျခင္း၊ ေက်ာင္းအပ္ႏွံႏႈန္းျမင့္မားလာျခင္း၊ ထပ္ ေက်ာ့ ေက်ာင္း အပ္ႏွံျခင္းတို႔ ေၾကာင့္ ေက်ာင္းသုံး ျပ႒ာန္းစာ အုပ္မ်ားကို လုံေလာက္စြာ ျဖန႔္ ေဝေပးလိုသျဖင့္ ၿမိဳ႕နယ္အလိုက္ သတ္မွတ္နယ္ေျမမ်ား တြင္သာ ေက်ာင္းအပ္ႏွံၾကရန္ ၂၀၂၀- ၂၁ ပညာသင္ႏွစ္ မိဘ၊ အုပ္ထိန္းသူ၊ ျပည္သူမ်ားသို႔ ပညာေရးဝန္ႀကီး ဌာန၏ ေမတၱာရပ္ခံခ်က္တြင္ ေဖာ္ျပထားသည္။

အေျခခံပညာ အ ထက္တန္း အဆင့္ေက်ာင္းအပ္လက္ခံမႈမ်ား ကို ဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္ အထိ ေဆာင္႐ြက္မည္ျဖစ္သည္။ ေက်ာင္းသား ေက်ာင္းသူမ်ားေန ထိုင္သည့္ ၿမိဳ႕နယ္ဧရိယာအလိုက္ အပ္ႏွံရမည့္ အေျခခံပညာ ေက်ာင္းမ်ားကို သတ္မွတ္ထား သည္။ အ ထက္တန္းအ ဆင့္ ေက်ာင္းသားသစ္မ်ား ေက်ာင္း အပ္ႏွံရာတြင္ သတ္မွတ္နယ္ေျမ အတြင္းရွိ အေျခခံပညာအထက္ တန္းေက်ာင္းတြင္သာ အပ္ႏွံရန္ လည္း ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားက ေၾကညာခ်က္မ်ား ထုတ္ျပန္ထား သည္။

ရန္ကုန္တိုင္းရွိ အေျခခံ ပညာေက်ာင္းတိုင္းတြင္ ေက်ာင္း တည္ေနရာအလိုက္ School Catchment Area (ေက်ာင္း နယ္ေျမ)ကို သတ္ မွတ္ထားသည္။COVID-19 ေရာဂါအႏၲရာယ္ေၾကာင့္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကို ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ၂ လနီးပါး ေနာက္က်ၿပီး ယေန႔ ဇူလိုင္ ၂၁ ရက္တြင္ ျပန္လည္ဖြင့္လွစ္သည္။ေက်ာင္းသူေက်ာင္းသားမ်ား ေက်ာင္းဝင္းအတြင္းသို႔ဝင္ေရာက္ခ်ိန္တြင္ အပူခ်ိန္တိုင္းတာျခင္း၊ ႏွာေခါင္းစည္းတပ္ျခင္း၊ တဦးႏွင့္တဦး ၆ေပခြာ၍ေနထိုင္ေစျခင္းမ်ား ျပဳလုပ္ေစသည္။

ကိုဗစ္အႏၲရာယ္ လုံးဝ ကင္းစင္သြားျခင္းမဟုတ္ေသာ္လည္း ေက်ာင္းသူေက်ာင္းသားမ်ား ပညာသင္ယူခြင့္မဆုံးရႈံးေစေရးအတြက္ ယခုလို ဖြင့္လွစ္ျခင္းျဖ စ္ေၾကာင္း ပညာေရးဝန္ႀကီးဌာမွ တာဝန္ရွိသူမ်ား၏ ေျပာၾကားခ်က္ မ်ားအရ သိရသည္။ ပညာေရး ဝန္ႀကီးဌာန အေနျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ Faceshield ႏွင့္ ႏွာေခါင္းစည္းမ်ား အခမဲ့ ပံ့ပိုးေပးထားေၾကာင္း သိရသည္။

REF: NEWS WATCH

UNICODE

အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေ တိုး တက်များပြားလာခြင်း၊ ကျောင်းအပ်နှံနှုန်းမြင့်မားလာခြင်း၊ ထပ် ကျော့ ကျောင်း အပ်နှံခြင်းတို့ ကြောင့် ကျောင်းသုံး ပြဋ္ဌာန်းစာ အုပ်များကို လုံလောက်စွာ ဖြန့် ဝေပေးလိုသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများ တွင်သာ ကျောင်းအပ်နှံကြရန် ၂၀၂၀- ၂၁ ပညာသင်နှစ် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ ပညာရေးဝန်ကြီး ဌာန၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။

အခြေခံပညာ အ ထက်တန်း အဆင့်ကျောင်းအပ်လက်ခံမှုများ ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက် အထိ ဆောင်ရွက်မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများနေ ထိုင်သည့် မြို့နယ်ဧရိယာအလိုက် အပ်နှံရမည့် အခြေခံပညာ ကျောင်းများကို သတ်မှတ်ထား သည်။ အ ထက်တန်းအ ဆင့် ကျောင်းသားသစ်များ ကျောင်း အပ်နှံရာတွင် သတ်မှတ်နယ်မြေ အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်းတွင်သာ အပ်နှံရန် လည်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးမှူးရုံးများက ကြေညာချက်များ ထုတ်ပြန်ထား သည်။

ရန်ကုန်တိုင်းရှိ အခြေခံ ပညာကျောင်းတိုင်းတွင် ကျောင်း တည်နေရာအလိုက် School Catchment Area (ကျောင်း နယ်မြေ)ကို သတ် မှတ်ထားသည်။COVID-19 ရောဂါအန္တရာယ်ကြောင့် အခြေခံပညာအထက်တန်းကျောင်းများကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် ၂ လနီးပါး နောက်ကျပြီး ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သည်။ကျောင်းသူကျောင်းသားများ ကျောင်းဝင်းအတွင်းသို့ဝင်ရောက်ချိန်တွင် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ တဦးနှင့်တဦး ၆ပေခွာ၍နေထိုင်စေခြင်းများ ပြုလုပ်စေသည်။

ကိုဗစ်အန္တရာယ် လုံးဝ ကင်းစင်သွားခြင်းမဟုတ်သော်လည်း ကျောင်းသူကျောင်းသားများ ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက် ယခုလို ဖွင့်လှစ်ခြင်းဖြ စ်ကြောင်း ပညာရေးဝန်ကြီးဌာမှ တာဝန်ရှိသူများ၏ ပြောကြားချက် များအရ သိရသည်။ ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကျောင်းသားကျောင်းသူများအတွက် Faceshield နှင့် နှာခေါင်းစည်းများ အခမဲ့ ပံ့ပိုးပေးထားကြောင်း သိရသည်။

REF:   NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *