ဧရာဝတီျမစ္ တာ႐ိုးက်ိဳးေပါက္မႈ ကို (၁၈)နာရီအတြင္း ပိတ္ႏိုင္သျဖင့္ မႏၲေလးၿမိဳ႕ေတာ္ဝန္ႏွင့္အဖြဲ႕ကို ခ်ီးက်ဴးဂုဏ္ျပဳ

မႏၲေလးခ႐ိုင္၊ အမရပူရၿမိဳ႕နယ္ မႏၲေလး-စစ္ကိုင္းကားလမ္းေဘးရွိ ေ႐ႊခဲေရထိန္းတံတား ဇူလိုင္ ၁၉ရက္ေန႔ ည ပိုင္းက က်ိဳးေပါက္မႈျဖစ္ ပြားခဲ့ၿပိး အနီးဝန္းက်င္ရွိ ေနအိမ္မ်ားအား အေရးေပၚ ေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း Myanmar Rescue Organization Mandalay သိရသည္။ဇူလိုင္ ၁၉ ရက္ ည ၈ နာရီခြဲ ခန႔္တြင္ တာေပါင္အတြင္းသို႔ ေရစတင္စိမ့္ဝင္ေနသည္ကိုသိရွိခဲ့ၿပီးဇူလိုင္ ၂၀ ရက္ နံနက္ ၂ နာရီ ခြဲခန႔္တြင္ စတင္က်ိဳးေပါက္ခဲ့ ေသာ တာ႐ိုးကို ည ၇ နာရီခြဲဝန္း က်င္တြင္ ေရစီးေၾကာင္းကို ပိတ္ ဆို႔ႏိုင္ခဲ့ပါတယ္။

၂၄ နာရီအ တြင္း ျပဳျပင္ႏိုင္ခဲ့ျခင္းျဖစ္သည္။ၿမိဳ႕ေတာ္အတြက္ အထူးသ တင္းေကာင္းပါ။ ဧရာဝတီျမစ္ တာ႐ိုးေပါက္တာ ေအာင္ျမင္စြာပိတ္ လိုက္ႏိုင္ပါၿပီ’ ဟု ေဒါက္တာ ရဲလြင္၏ လူမႈကြန္ရက္တြင္ ေရး သားခ်က္ကို သုံးနာရီေက်ာ္အ တြင္း ခ်ီးက်ဴးစကားေျပာၾကား သူ ၅,၀၀၀ ေက်ာ္ရွိခဲ့သည္။ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္ တာရဲလြင္သည္ ဇနီးသည္ ကြယ္ လြန္ၿပီးေနာက္ သုံးရက္အၾကာ တာ႐ိုးက်ိဳးေပါက္သည့္ ျဖစ္ စဥ္ ကို အနီးကပ္ႀကီးၾကပ္ခဲ့သည္။

‘မႏၲေလးၿမိဳ႕အတြက္ ဂုဏ္ ယူေလးစားပါေၾကာင္း’ ေနျပည္ ေတာ္ေကာင္စီနယ္ေျမ ဒုတိယၿမိဳ႕ ေတာ္ဝန္၊ ရန္ကုန္တိုင္းေဒသႀကီး စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးရဲမင္းဦးက လူမႈကြန္ရက္တြင္ ခ်ီးက်ဴးေရးသားသည္။မႏၲေလးၿမိဳ႕ စစ္ကိုင္း-မႏၲေလးလမ္း ေဒၚေအးၾကင္ ထမင္း ဆိုင္အနီးရွိ ကမ္းနားလမ္း ဧရာဝတီျမစ္ တာ႐ိုးက်ိဳးေပါက္မႈ ကို ၁၈ နာရီၾကာအတြင္း ေရစီး ေၾကာင္းရပ္တန႔္ရန္ ျပဳျပင္ႏိုင္ခဲ့ သည့္အေပၚ မႏၲေလး ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္ႏွင့္ တာ႐ိုးပိတ္ ေအာင္ ႀကိဳးစားခဲ့သူမ်ားကို ခ်ီးက်ဴးဂုဏ္ျပဳမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

စိမ္းလန္းအမိေျမဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း အုပ္ခ်ဳပ္မႈဒါ ႐ိုက္တာ ဦးဝင္းမ်ိဳးသူကလည္း‘‘ဦးရဲလြင္ရဲ႕ဇနီးသည္ဟာ ၁၇ ရက္ေန႔ကဆုံးတာ၊ ရက္ပိုင္းပဲ ရွိေသးတယ္။ ဒါေပမဲ့ ဆရာဟာ ဧရာဝတီျမစ္ တာက်ိဳးတဲ့ကိစၥမွာ အားထည့္ၿပီး ေရွ႕တန္းက စီမံခန႔္ ခြဲေနတယ္။ ဒီညေန တာ က်ိဳးေန တာ ပိတ္လိုက္ႏိုင္တယ္။ ဆက္ သြားတဲ့တာေပၚမွာ ဦးေဆာင္ၿပီး ေလွ်ာက္လွမ္း လာတဲ့ ဦးရဲလြင္ကို ဗီဒီယိုထဲမွာ ျမင္ေတြ႕ရေတာ့ ဝမ္း သာဝမ္းနည္းျဖစ္မိတယ္’’ ဟု သူ၏ လူမႈကြန္ရက္တြင္ ေရးသား ထားသည္။

တာ႐ိုးက်ိဳးေပါက္သည့္ ည အခ်ိန္တြင္ အနီးကပ္ႀကီးၾကပ္ေန သည့္ ၿမိဳ႕ေတာ္ဝန္ကို သတင္း ေထာက္မ်ားက ယင္းျဖစ္ရပ္ႏွင့္ ပတ္သက္၍ ေျဖၾကားေပးရန္ ေတာင္းဆိုမႈရွိခဲ့ေသာ္လည္း ၿမိဳ႕ ေတာ္ဝန္က ဇနီးသည္နာေရးေၾကာင့္ သုံးရက္တိုင္ မအိပ္ရ ေသးသည့္အတြက္ ေမးခြန္း မ်ား ကို ေျဖၾကားႏိုင္ျခင္း မရွိဟု ျငင္း ဆိုခဲ့သည္။

REF: 7DAY  DAILY

UNICODE

မန္တလေးခရိုင်၊ အမရပူရမြို့နယ် မန္တလေး-စစ်ကိုင်းကားလမ်းဘေးရှိ ရွှေခဲရေထိန်းတံတား ဇူလိုင် ၁၉ရက်နေ့ ည ပိုင်းက ကျိုးပေါက်မှုဖြစ် ပွားခဲ့ပြိး အနီးဝန်းကျင်ရှိ နေအိမ်များအား အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း Myanmar Rescue Organization Mandalay သိရသည်။ဇူလိုင် ၁၉ ရက် ည ၈ နာရီခွဲ ခန့်တွင် တာပေါင်အတွင်းသို့ ရေစတင်စိမ့်ဝင်နေသည်ကိုသိရှိခဲ့ပြီးဇူလိုင် ၂၀ ရက် နံနက် ၂ နာရီ ခွဲခန့်တွင် စတင်ကျိုးပေါက်ခဲ့ သော တာရိုးကို ည ၇ နာရီခွဲဝန်း ကျင်တွင် ရေစီးကြောင်းကို ပိတ် ဆို့နိုင်ခဲ့ပါတယ်။

၂၄ နာရီအ တွင်း ပြုပြင်နိုင်ခဲ့ခြင်းဖြစ်သည်။မြို့တော်အတွက် အထူးသ တင်းကောင်းပါ။ ဧရာဝတီမြစ် တာရိုးပေါက်တာ အောင်မြင်စွာပိတ် လိုက်နိုင်ပါပြီ’ ဟု ဒေါက်တာ ရဲလွင်၏ လူမှုကွန်ရက်တွင် ရေး သားချက်ကို သုံးနာရီကျော်အ တွင်း ချီးကျူးစကားပြောကြား သူ ၅,၀၀၀ ကျော်ရှိခဲ့သည်။ မန္တလေးမြို့တော်ဝန် ဒေါက် တာရဲလွင်သည် ဇနီးသည် ကွယ် လွန်ပြီးနောက် သုံးရက်အကြာ တာရိုးကျိုးပေါက်သည့် ဖြစ် စဉ် ကို အနီးကပ်ကြီးကြပ်ခဲ့သည်။

‘မန္တလေးမြို့အတွက် ဂုဏ် ယူလေးစားပါကြောင်း’ နေပြည် တော်ကောင်စီနယ်မြေ ဒုတိယမြို့ တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက လူမှုကွန်ရက်တွင် ချီးကျူးရေးသားသည်။မန္တလေးမြို့ စစ်ကိုင်း-မန္တလေးလမ်း ဒေါ်အေးကြင် ထမင်း ဆိုင်အနီးရှိ ကမ်းနားလမ်း ဧရာဝတီမြစ် တာရိုးကျိုးပေါက်မှု ကို ၁၈ နာရီကြာအတွင်း ရေစီး ကြောင်းရပ်တန့်ရန် ပြုပြင်နိုင်ခဲ့ သည့်အပေါ် မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့် တာရိုးပိတ် အောင် ကြိုးစားခဲ့သူများကို ချီးကျူးဂုဏ်ပြုမှုများ ပြုလုပ်ခဲ့ကြသည်။

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း အုပ်ချုပ်မှုဒါ ရိုက်တာ ဦးဝင်းမျိုးသူကလည်း‘‘ဦးရဲလွင်ရဲ့ဇနီးသည်ဟာ ၁၇ ရက်နေ့ကဆုံးတာ၊ ရက်ပိုင်းပဲ ရှိသေးတယ်။ ဒါပေမဲ့ ဆရာဟာ ဧရာဝတီမြစ် တာကျိုးတဲ့ကိစ္စမှာ အားထည့်ပြီး ရှေ့တန်းက စီမံခန့် ခွဲနေတယ်။ ဒီညနေ တာ ကျိုးနေ တာ ပိတ်လိုက်နိုင်တယ်။ ဆက် သွားတဲ့တာပေါ်မှာ ဦးဆောင်ပြီး လျှောက်လှမ်း လာတဲ့ ဦးရဲလွင်ကို ဗီဒီယိုထဲမှာ မြင်တွေ့ရတော့ ဝမ်း သာဝမ်းနည်းဖြစ်မိတယ်’’ ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသား ထားသည်။

တာရိုးကျိုးပေါက်သည့် ည အချိန်တွင် အနီးကပ်ကြီးကြပ်နေ သည့် မြို့တော်ဝန်ကို သတင်း ထောက်များက ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဖြေကြားပေးရန် တောင်းဆိုမှုရှိခဲ့သော်လည်း မြို့ တော်ဝန်က ဇနီးသည်နာရေးကြောင့် သုံးရက်တိုင် မအိပ်ရ သေးသည့်အတွက် မေးခွန်း များ ကို ဖြေကြားနိုင်ခြင်း မရှိဟု ငြင်း ဆိုခဲ့သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *