ေခတ္ႀကီးက မလြယ္ေတာ့ဘူး၊ (၇) တန္း ေက်ာင္းသားက (၄)ႏွစ္ အ႐ြယ္ မိန္းကေလးကို ျပဳက်င့္မႈ ျဖစ္ပြား

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အမႈ ကို ခမုံဆိပ္နယ္ေျမရဲ စခန္းမွာ မိခင္ျဖစ္ သူ မမိုးမိုး က တရား လိုျပဳလုပ္ တိုင္တန္း တာေၾကာင့္ ပုဒ္ မ (၃၇၆) နဲ႔ အမႈဖြင့္ ၿပီး အေရး ေဆာင္႐ြက္ေနတယ္ လို႔ သိရပါတယ္။ လက္ပံတန္းၿမိဳ႕နယ္ မွာ ၂၀၂၀ ျပည့္ႏွစ္ အ တြင္း အခုအမႈ အပါအဝင္ သက္ငယ္ မုဒိမ္းမႈ ၄ ခုနဲ႔ မုဒိမ္းမႈ ၂၊ စုစုေပါင္း ၆ ခု ျဖစ္ပြားခဲ့တယ္လို႔ သိရၿပီး အမ်ားအားျဖင့္ ေက်း႐ြာေတြ ကပဲ ျဖစ္တယ္ လို႔ သိရပါ တယ္။

ပဲခူးတိုင္း ေဒသႀကီး(အေနာက္)၊ ျပည္ သာယာ ေဒသ အမ်ိဳး သမီး မ်ား ဖြံ႕ၿဖိဳးတိုး တက္ ေရး အဖြဲ႕ (PTY-Group) ရဲ႕ ဒါ႐ိုက္ တာ ေဒၚသက္ စုရီ က “သက္ငယ္ မုဒိမ္းေတြ ဟာ ေက်းလက္ ေနျပည္သူေတြၾကားမွာ အခု ေတြ႕လာရပါ တယ္။ အဓိက ကေတာ့ ဆယ္ ေက်ာ္သက္က ေလးေတြက အရာရာကို စမ္းသပ္ခ်င္ၾကတဲ့ အေန အထား မွာ ပတ္ဝန္းက်င္နဲ႔ မိဘက ေစာင့္ၾကည့္သြန္သင္ေပးဖို႔ အေရးႀကီး ပါတယ္။

အသိဉာဏ္ဆင္ျခင္မႈေတြအစား တလြဲေတြ သိလာၾကတယ္၊ phone ေတြထဲမွာလည္း လြယ္လြယ္ ကူကူ ၾကည့္လို႔ရေနေတာ့ အတုခိုးမွား ၿပီး၊ လြယ္လြယ္ပဲ က်ဴး လြန္ မိတာေပါ့” လို႔ ေျပာ ပါတယ္။ပဲခူးတိုင္း ၊ သာယာဝတီ ခ႐ိုင္ ၊ လက္ပံတန္း ၿမိဳ႕နယ္ ၊ ေက်ာက္အိုင္ ေက်း႐ြာ မွာ ဇူလိုင္ (၁၉) ရက္ ေန႔က (၄)ႏွစ္ မိန္းကေလးငယ္ ကို (၇)တန္း ေက်ာင္းသား က အဓမၼျပဳ က်င့္ခဲ့ တယ္ ဆိုၿပီး ။

မိခင္ျဖစ္ သူက အမႈဖြင့္ တိုင္တန္း ထားတယ္ လို႔ ခမုံဆိပ္ နယ္ေျမရဲ စခန္း နယ္ထိန္း အရာရွိ ဒုရဲအုပ္ သက္ေဝလြင္ က ေျပာပါ တယ္ ။ အ သက္ (၄)ႏွစ္ အ႐ြယ္ ကေလးငယ္ ကို မိခင္ အိပ္ ေပ်ာ္ေန တဲ့အခ်ိန္ မွာ အိမ္နီး ခ်င္းျဖစ္ သူ အသက္ (၁၄)ႏွစ္ အ႐ြယ္ (၇)တန္း ေက်ာင္းသား က အိမ္ေနာက္ ဘက္ ခ်ဥ္ေပါင္ ခင္းထဲ ေခၚယူ ၿပီး အဓမၼျပဳ က်င့္မႈ ျဖစ္ပြား ခဲ့တာ လို႔ ဆိုပါ တယ္။

“ျပဳ က်င့္တဲ့ ေကာင္ေလး ကလည္း အသက္ မျပည့္ေသးသူ တာေၾကာင့္ တရား႐ုံး မွာ ခ်က္ ခ်င္း ရမန္ ယူရမွာ ျဖစ္ ေပမဲ့ ႐ုံးပိတ္ ရက္ျဖစ္ေန တာေၾကာင့္ က်ေနာ္ တို႔ တရားသူႀကီး ကို အေၾကာင္း ၾကားထား ပါတယ္။ ရာဇဝတ္ မႈ ႀကီးျဖစ္ တဲ့အတြက္ သူ႔ကို စခန္းက အရာရွိအိမ္တ ခုမွာ ထိန္းသိမ္းထားပါတယ္။ မနက္ျဖန္ ႐ုံးဖြင့္တဲ့အခါမွ ကေလး သူငယ္ တရား႐ုံးမွာ ရမန္ယူရမွာ ျဖစ္ပါတယ္။”

crd: dvb news

UNICODE

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှု ကို ခမုံဆိပ်နယ်မြေရဲ စခန်းမှာ မိခင်ဖြစ် သူ မမိုးမိုး က တရား လိုပြုလုပ် တိုင်တန်း တာကြောင့် ပုဒ် မ (၃၇၆) နဲ့ အမှုဖွင့် ပြီး အရေး ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ လက်ပံတန်းမြို့နယ် မှာ ၂၀၂၀ ပြည့်နှစ် အ တွင်း အခုအမှု အပါအဝင် သက်ငယ် မုဒိမ်းမှု ၄ ခုနဲ့ မုဒိမ်းမှု ၂၊ စုစုပေါင်း ၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အများအားဖြင့် ကျေးရွာတွေ ကပဲ ဖြစ်တယ် လို့ သိရပါ တယ်။

ပဲခူးတိုင်း ဒေသကြီး(အနောက်)၊ ပြည် သာယာ ဒေသ အမျိုး သမီး များ ဖွံ့ဖြိုးတိုး တက် ရေး အဖွဲ့ (PTY-Group) ရဲ့ ဒါရိုက် တာ ဒေါ်သက် စုရီ က “သက်ငယ် မုဒိမ်းတွေ ဟာ ကျေးလက် နေပြည်သူတွေကြားမှာ အခု တွေ့လာရပါ တယ်။ အဓိက ကတော့ ဆယ် ကျော်သက်က လေးတွေက အရာရာကို စမ်းသပ်ချင်ကြတဲ့ အနေ အထား မှာ ပတ်ဝန်းကျင်နဲ့ မိဘက စောင့်ကြည့်သွန်သင်ပေးဖို့ အရေးကြီး ပါတယ်။

အသိဉာဏ်ဆင်ခြင်မှုတွေအစား တလွဲတွေ သိလာကြတယ်၊ phone တွေထဲမှာလည်း လွယ်လွယ် ကူကူ ကြည့်လို့ရနေတော့ အတုခိုးမှား ပြီး၊ လွယ်လွယ်ပဲ ကျူး လွန် မိတာပေါ့” လို့ ပြော ပါတယ်။ပဲခူးတိုင်း ၊ သာယာဝတီ ခရိုင် ၊ လက်ပံတန်း မြို့နယ် ၊ ကျောက်အိုင် ကျေးရွာ မှာ ဇူလိုင် (၁၉) ရက် နေ့က (၄)နှစ် မိန်းကလေးငယ် ကို (၇)တန်း ကျောင်းသား က အဓမ္မပြု ကျင့်ခဲ့ တယ် ဆိုပြီး ။

မိခင်ဖြစ် သူက အမှုဖွင့် တိုင်တန်း ထားတယ် လို့ ခမုံဆိပ် နယ်မြေရဲ စခန်း နယ်ထိန်း အရာရှိ ဒုရဲအုပ် သက်ဝေလွင် က ပြောပါ တယ် ။ အ သက် (၄)နှစ် အရွယ် ကလေးငယ် ကို မိခင် အိပ် ပျော်နေ တဲ့အချိန် မှာ အိမ်နီး ချင်းဖြစ် သူ အသက် (၁၄)နှစ် အရွယ် (၇)တန်း ကျောင်းသား က အိမ်နောက် ဘက် ချဉ်ပေါင် ခင်းထဲ ခေါ်ယူ ပြီး အဓမ္မပြု ကျင့်မှု ဖြစ်ပွား ခဲ့တာ လို့ ဆိုပါ တယ်။

“ပြု ကျင့်တဲ့ ကောင်လေး ကလည်း အသက် မပြည့်သေးသူ တာကြောင့် တရားရုံး မှာ ချက် ချင်း ရမန် ယူရမှာ ဖြစ် ပေမဲ့ ရုံးပိတ် ရက်ဖြစ်နေ တာကြောင့် ကျနော် တို့ တရားသူကြီး ကို အကြောင်း ကြားထား ပါတယ်။ ရာဇဝတ် မှု ကြီးဖြစ် တဲ့အတွက် သူ့ကို စခန်းက အရာရှိအိမ်တ ခုမှာ ထိန်းသိမ်းထားပါတယ်။ မနက်ဖြန် ရုံးဖွင့်တဲ့အခါမှ ကလေး သူငယ် တရားရုံးမှာ ရမန်ယူရမှာ ဖြစ်ပါတယ်။”

crd:  dvb news

Add a Comment

Your email address will not be published. Required fields are marked *