ရေဘေးကိစ္စကူညီပေးတဲ့ ဆရာတော်အရှင်ဆေကိန္ဒကို ဝေဖန်ဆဲဆိုနေသူတွေကို တုန့်ပြန်လိုက်တဲ့ စံရတီမိုးမြင့်
REF: PANPYOELAT
UNICODE
ဘုရားလဲ သူ့ပရိတ်သတ်နဲ့ သူဒေဝဒတ်လဲ သူ့ပရိတ်သတ်နဲ့သူပါ. သံဃာစော်ကားပြီး မန့်တော့မပိတ်ပါနဲ့ ဘုန်းဘုန်းကြီး အသက်ရှည်ကျန်း မာပြီး ပရဟိတအလုပ်တွေ ထာဝရလုပ်ပေးနိုင်ပါစေ ဘုရား ထာဝရဦး တင်လျက်ပါ။ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒဟာ ပြည်သူတွေကို ခလေးသဖွယ်စိုးရိမ်စိတ်ကြီးတယ်..။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက စကားပြောရင် ဒီပုံပါပဲ…မှားခဲ့ရင်တောင် စေတနာအမှားပါ။ ဖာသိဖာသာနေလို့ရရက်နဲ့ ရွှေတွေစိုရွှဲနေတာ တောင်ပူပန်နေတာပါ။ပြောနေတဲ့သူတွေတောင် အဲကွန်းခန်းထဲစောင်ခြုံပြီး Let’s Pray For ဘာညာ ဘာ ညာ Let’s save ဘာ ဘာ ဘာ နဲ့ အခန်းထဲကမထွက်ကြပါဘူး ။
ဒါဟာ သားသမီးကဲ့သို့ ချစ်ရတဲ့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်မှုတစ်ခုပါ။ဒီကိစ္စသိသလောက် ဝင်မပါရဘူးဆို ပြည်တော်ပြန်တွေ ကိစ္စ တုန်းက ဘုန်းဘုန်းကြီးရဲ့စေတနာမေတ္တာတွေကို ဘုန်းကြီးနဲ့မဆိုင် ဝင်မပါနဲ့လို့ ဘာလို့မဝေဖန်ကြတာလဲ? အခုပြောနေတဲ့ လူတွေလူတစ် ယောက်ကိုတောင်ကူခဲ့ပါသလား? တာကျိုးတဲ့ကိစ္စမှာ ကျောက်တစ်တုံး သဲတစ်အိတ်များ ဝင်ချပေးကြပါသလား?
REF: PANPYOELAT