REF: အကုန်သိ
UNICODE
မြန်မာမော်ဒယ် များ၏ ပုံစံတူ ဆီလီကွန် အရုပ်များ ကို အိမ်အေ ရာက် မှာယူနိုင် ပီဟု အရုပ်ရောင်းချသူတစ်ဦး ပြောဆို
မှာယူနိုင်မည့် မြန်မာမော်ဒယ် ဆီလီကွန်အရုပ်များ ရဲ့ ဈေးနှုန်းက အရုပ် တစ်ရုပ်လျှင် အနိမ့်ဆုံး ကျပ် ၃၀၀၀၀ မှ ကျပ် ၁၅၀၀၀၀ အထိကို တန်ဖိုးနည်းအရုပ်ဟု သတ်မှတ်ကြောင်း ၊ အော်ဒါမှာသည့်အရုပ်များမှာ ကျပ် ၅၀၀၀၀၀၀ တန် တန်ဖိုးမြင့်အရုပ်များဖြစ်ကြောင်း၊ မိမိမှာ ယူလိုသည့် ဇိမ်ခံပစည်း အပေါ် မူတည်ပီး ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရကာ တန်ဖိုးမြင့် အရုပ်များကို ဖားကန့်ဖက်မှ အများဆုံးမှာ ယူကြပီး အရုပ်ဝယ်လိုသည့် Customer များမှာ အသက် ၃၀ မှာ ၅၀ ကြား လူလတ်ပိုင်းများ အများဆုံး မှာယူကြကြောင်း သိရသည်။
မှာယူသည့် သူများ အနေဖြင့် သီးသန့်အော်ဒါဖြစ်ပါက စတင်မှာယူသည့်နေ့မှစပီး မိမိလိုချင်သည့် မင်းသမီး၏ ဓါတ်ပုံကို ဂျပန်သို့ ပေးပို့ ခြင်း၊ ဂျပန်ဘက်မှလည်း ဆီလီကွန်အရုပ်အတွက် ပုံကြမ်းဆွဲခြင်း၊ သဘာဝအတိုင်း အထိအတွေ့ဖြစ်စေရေး အတွက် စနစ်တကျဖွဲ့စည်း တည်ဆောက်ခြင်းများကြောင့် အချိန် နှစ်လ မှာ သုံးလခန့် ကြာမြင့်ကြောင်း သိရသည်။သို့သော် မြန်မာဘက်မှ ရောင်းချသူ ထံတွင် ရှိနေ ပီးသား မင်းသမီး ပုံစံဖြစ်ပါက တစ်ပတ်အတွင်း အရောက် ပို့ပေးနေကြောင်းသိရသည်။
ငွေချေသည့်စနစ်ကိုလည်း လူချင်းတွေ့မှသာ ပေးချေစေလိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ဆီလီကွန်အရုပ် များနှင့် ပတ်သတ်ပီး မြန် မာနိုင်ငံ တွင် တရားဝင်ခြင်း မဝင်ခြင်းမှာ ဥပဒေအရ တိတိကျကျ ထုတ်ပြန် ထားခြင်း မရှိသည့်အတွက် နားလည်ရခက်ခဲကြောင်း သို့သော် လည်း ဝယ်ယူလိုသူများဘက်က ယင်းအကြောင်းကို လူသိရှင်ကြား အသိခံလိုခြင်း မရှိသည့် အတွက် တရားဝင်ခြင်း မဝင်ခြင်းကို ထည့် သွင်းစဉ်းစားမှု မရှိတော့ဘဲ ဝယ်ယူလိုသူများရဲ့ သဘောအတိုင်း အဆင်ပြေစေရန် စီစဉ်ပေးခြင်းသာ ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာငွေ သိန်း ၅၀ ရှိ လျှင် မြန်မာမင်းသား၊ မင်းသမီး၊ မော်လ်ဒယ်များ၏ ပုံစံတူ ဆီလီကွန် အရုပ်များကို စိတ်ကြိုက်ဝယ်ယူနိုင်ပြီ ဖြစ် ကြောင်း မြန်မာနိုင်ငံမှ(အမည်မဖော်လိုသူ) အရုပ်ရောင်းချသူတစ်ဦးက အကုန်သိ သတင်းဌာနကို ပြောသည်။ နိုင်ငံ တကာတွင် ယင်းအ ရုပ် ရောင်းချမှု ကျယ်ပြန့်နေသည်မှာ နှစ်အတော်များများ ကြာမြင့်နေပီဖြစ်သော်လည်း မြန်မာနိုင်ငံမှာတော့ အရုပ်ရောင်းချမှုမှာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ခန့်မှ စတင်ခဲ့သည်ဟု ရန်ကုန်မြို့တွင်နေထိုင်သော အဆိုပါ အရုပ်ရောင်းချသူမှ ပြောသည်။
ကျွန်တော် အရုပ်ရောင်း လာတာ တစ်နှစ်ခွဲလောက်ရှိပီ။ ကျန်ခဲ့တဲ့ ခြောက်လ လောက်ကမှ ရောင်းအား သိသိသာသာ တက်လာတယ်။ အ စကတော့ နီးစပ်ရာ မိတ်ဆွေ၊ သူငယ်ချင်းတွေ အတွက် ဂျပန်ကို အရုပ်လှမ်းမှာပေးရင်း နောက်ပိုင်း မှာတဲ့ အော်ဒါတွေ များလာလို့ အရုပ် တော်တော် များများ ရောင်းရလာတယ်။အခုနောက်ပိုင်း မှာတဲ့ အော်ဒါတွေ မှာ Customer အကြိုက် မြန်မာမင်းသား၊ မင်းသမီး ပုံစံ တွေ မှာ လာကြတယ်။ မှာတဲ့အပေါ်မှာ မူတည်ပြီး ဈေးနှုန်းက သိန်းငါးဆယ် ကနေ သိန်းခြောက်ဆယ်လောက် အထိပေးရတယ်။
လာမှာကြပါတယ်။ မြန်မာမင်းသား၊ မင်းသမီးတင် မဟုတ်ဘူး တကယ် နာမည်ကြီး အရုပ်မင်းသမီး ပုံစံတွေကိုပါ မှာလာကြတယ်။ ဈေး နှုန်းနဲ့ အသုံးပြုတဲ့ ဆီလီကွန် ပေါ်မူတည်ပီး ဈေးကွာတာတော့ရှိသွားမယ် ဟု ယင်း အရုပ်ရောင်းချသူက ပြောသည်။
REF:  အကုန်သိ
Add a Comment
Your email address will not be published. Required fields are marked *