တ႐ုတ္လူဦးေရ၏ ၃ပုံ၁ပုံခန႔္ ေရေအာက္ေရာက္သြား ႏိုင္ သည့္ ယန္ဇီျမစ္ေပၚရွိ ကမာၻ႔ အႀကီးဆုံး ေရကာ တာႀကီး ၿပိဳက်မည့္ အႏၲရာယ္ရွိေန

အေမရိကန္ ေဒၚလာ ၂၅ ဘီလီယံ အကုန္ခံ ေဆာက္လုပ္ ထားသည့္ ျမစ္က်ဥ္း သုံးသြယ္ ေရကာတာႀကီးေၾကာင့္ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈမ်ား ၊ ပထဝီ ေျမအေနအထားအေပၚ ထိခိုက္မႈမ်ား၊ စီးပြားေရးဆိုင္ရာ ျပႆနာမ်ား ရွိေနေၾကာင္း တ႐ုတ္ အစိုးရ က ၂၀၁၁ ခုႏွစ္ ေမလ တြင္ ဝန္ခံေျပာၾကားခဲ့ ပါတ ယ္။ျမစ္က်ဥ္း သုံးသြယ္ ေရကာတာ သည္ တ႐ုတ္ျပည္၏ အရွည္ဆုံးျမစ္ ယန္ဇီျမစ္ေပၚရွိ ဟူေပျပည္ နယ္ ဆန္းတုန္ဖိန္ၿမိဳ႕ အနီးတြင္ တည္ေဆာက္ထား သည့္ ေရကာတာျဖစ္ ပါတယ္။

၎သည္ ကမာၻေပၚတြင္ အႀကီးမား ဆုံးေသာ ေရအားလွ်ပ္စစ္စက္႐ုံျဖစ္ၿပီး ၁၈၂၀၀၀ မဂၢါဝပ္ ထုတ္လုပ္ေပးႏိုင္ စြမ္း ရွိပါတယ္။ ေရကာ တာကို ၂၀၀၆ ခုႏွစ္ တြင္ ေဆာက္လုပ္ၿပီးစီးခဲ့ကာ ၂၀၀၈ ခုႏွစ္ ေအာက္တိုဘာလ ၃၀ ရက္ေန႔မွစ၍ လွ်ပ္စစ္ဓာတ္ အား ထုတ္လႊတ္ေပးပါ တယ္။ ေရအားလွ်ပ္စစ္စက္႐ုံတြင္ ဓာတ္အား ၇၀၀ မဂၢါဝပ္ ထုတ္ေပးႏိုင္ သည့္ တာဗိုင္ေပါင္း ၂၆ ခုရွိပါတယ္။ လွ်ပ္ စစ္ဓာတ္အား အျပင္ ယန္ဇီျမစ္တေလွ်ာက္ ေရေၾကာင္းပို႔ေဆာင္ေရး စြမ္းအားကို ျမႇင့္တင္ေပးကာ ျမစ္ေရႀကီးမႈမ်ားကို ေလ်ာ့ပါးေစပါတယ္။

တ႐ုတ္အစိုးရက ယင္းေရကာတာကို ေဆာက္လုပ္ေရး၊ စီးပြားေရး၊ လူမႈေရး ဘက္ေပါင္းစုံတြင္ ေအာင္ျမင္သည့္ သမိုင္းဝင္ စီမံကိန္းတစ္ ရပ္ဟု ဂုဏ္ယူခဲ့ၾကပါတယ္။ သို႔ေသာ္လည္း ေရကာတာ ေဆာက္လုပ္ျခင္းေၾကာင့္ ယန္ဇီျမစ္ကမ္းေဘး တစ္ေလွ်ာက္ ရွိ ေရွးေဟာင္းယဥ္ ေက်းမႈ အေမြအႏွစ္မ်ား၊ လူေနရပ္ကြက္မ်ား ေရေအာက္နစ္ျမဳပ္သြားခဲ့သလို လူဦးေရ ၁.၃ သန္းခန႔္ ဌာေနကို စြန႔္ခြာကာ အျခားေနရာမ်ား သို႔ ေျပာင္းေ႐ႊ႕ခဲ့ရသည့္ အျပင္ ေျမၿပိဳျခင္းစသည့္ ပတ္ဝန္းက်င္ အေျပာင္းအလဲ ျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ ပိုမိုႀကီးမား လာေစပါတယ္။

အခု တ႐ုတ္ျပည္ ယန္ဇီျမစ္ေပၚ က ျမစ္က်ဥ္း သုံးသြယ္ ဆည္ႀကီး (Three George’s Dam) အေျခအေန မေကာင္းေတာ့ဘူး ။ ၿပိဳေတာ့ မယ္ လို႔ ကမာၻက ခန႔္မွန္းေနၾကၿပီ ။အဲ့မွာ ရာသီဥတု ကလည္း အရမ္း ဆိုးဝါးေန တယ္ ။ မိုးကလည္း အမုန္းႀကဲေနဆဲပဲ ။ ဗမာလူမ်ိဳးေတြ ရွိရင္ ျပန္လာၾကပါ ။ သူၿပိဳရင္ တ႐ုတ္ျပည္ လူဦးေရ ၁ / ၃ ပုံ ေရေအာက္ေရာက္ သြားႏိုင္ ပါ တယ္ ။သိေအာင္ေျပာျပ တာေနာ္ ။ အဲ့ဆည္ ႀကီး ေဆာက္ၿပီး ဟန္ခ်က္ပ်က္တာ မွ လည္ေနတဲ့ ကမာၻႀကီးေတာင္ ဝ.၀၆ မိုက္ခ႐ိုစကၠန႔္ ေႏွးသြားခဲ့တာဗ် ။ ေလွ်ာ့မတြက္ၾကပါနဲ႔ ။

(Thant Zin Aung)

REF: SHWE WIKI

UNICODE

အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ အကုန်ခံ ဆောက်လုပ် ထားသည့် မြစ်ကျဉ်း သုံးသွယ် ရေကာတာကြီးကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ၊ ပထဝီ မြေအနေအထားအပေါ် ထိခိုက်မှုများ၊ စီးပွားရေးဆိုင်ရာ ပြဿနာများ ရှိနေကြောင်း တရုတ် အစိုးရ က ၂၀၁၁ ခုနှစ် မေလ တွင် ဝန်ခံပြောကြားခဲ့ ပါတ ယ်။မြစ်ကျဉ်း သုံးသွယ် ရေကာတာ သည် တရုတ်ပြည်၏ အရှည်ဆုံးမြစ် ယန်ဇီမြစ်ပေါ်ရှိ ဟူပေပြည် နယ် ဆန်းတုန်ဖိန်မြို့ အနီးတွင် တည်ဆောက်ထား သည့် ရေကာတာဖြစ် ပါတယ်။

၎င်းသည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံးသော ရေအားလျှပ်စစ်စက်ရုံဖြစ်ပြီး ၁၈၂၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင် စွမ်း ရှိပါတယ်။ ရေကာ တာကို ၂၀၀၆ ခုနှစ် တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ် အား ထုတ်လွှတ်ပေးပါ တယ်။ ရေအားလျှပ်စစ်စက်ရုံတွင် ဓာတ်အား ၇၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင် သည့် တာဗိုင်ပေါင်း ၂၆ ခုရှိပါတယ်။ လျှပ် စစ်ဓာတ်အား အပြင် ယန်ဇီမြစ်တလျှောက် ရေကြောင်းပို့ဆောင်ရေး စွမ်းအားကို မြှင့်တင်ပေးကာ မြစ်ရေကြီးမှုများကို လျော့ပါးစေပါတယ်။

တရုတ်အစိုးရက ယင်းရေကာတာကို ဆောက်လုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် အောင်မြင်သည့် သမိုင်းဝင် စီမံကိန်းတစ် ရပ်ဟု ဂုဏ်ယူခဲ့ကြပါတယ်။ သို့သော်လည်း ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ယန်ဇီမြစ်ကမ်းဘေး တစ်လျှောက် ရှိ ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်များ၊ လူနေရပ်ကွက်များ ရေအောက်နစ်မြုပ်သွားခဲ့သလို လူဦးရေ ၁.၃ သန်းခန့် ဌာနေကို စွန့်ခွာကာ အခြားနေရာများ သို့ ပြောင်းရွှေ့ခဲ့ရသည့် အပြင် မြေပြိုခြင်းစသည့် ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုမိုကြီးမား လာစေပါတယ်။

အခု တရုတ်ပြည် ယန်ဇီမြစ်ပေါ် က မြစ်ကျဉ်း သုံးသွယ် ဆည်ကြီး (Three George’s Dam) အခြေအနေ မကောင်းတော့ဘူး ။ ပြိုတော့ မယ် လို့ ကမ္ဘာက ခန့်မှန်းနေကြပြီ ။အဲ့မှာ ရာသီဥတု ကလည်း အရမ်း ဆိုးဝါးနေ တယ် ။ မိုးကလည်း အမုန်းကြဲနေဆဲပဲ ။ ဗမာလူမျိုးတွေ ရှိရင် ပြန်လာကြပါ ။ သူပြိုရင် တရုတ်ပြည် လူဦးရေ ၁ / ၃ ပုံ ရေအောက်ရောက် သွားနိုင် ပါ တယ် ။သိအောင်ပြောပြ တာနော် ။ အဲ့ဆည် ကြီး ဆောက်ပြီး ဟန်ချက်ပျက်တာ မှ လည်နေတဲ့ ကမ္ဘာကြီးတောင် ဝ.၀၆ မိုက်ခရိုစက္ကန့် နှေးသွားခဲ့တာဗျ ။ လျှော့မတွက်ကြပါနဲ့ ။

(Thant Zin Aung)

REF: SHWE WIKI

Add a Comment

Your email address will not be published. Required fields are marked *