ဝါထပ်နှစ်ဖြစ်၍ ရေဘေးဖြစ်လာရင်ကူညီရန် ပရဟိတမင်းသားကြီးဝေဠုကျော် ပြင်ဆင်နေ




REF; PANPYOELAT

UNICODE

ပရဟိတမင်းသားကြီး ဝေဠုကျော်က COVID-၁၉ အတွက် လဲ ဆရာဦးကျော်ဇောက ဆက်ဦးဆောင်အုပ်ချုပ်ပြီး ကျိုက္ကဆံစခန်းကနေ ဆက်လက် လုပ်အားပေးသွားမှာ ဖြစ်တယ်လို့လည်း ပရိသတ်တွေကိုအသိပေးထားပါသေးတယ် ။ ဝေဠုကျော်ကို အားပေးကြတဲ့ ပရိ သတ်ကြီးအတွက် ကိုယ်တိုင်အပင်ပန်းခံပြင်ဆင်နေတဲ့ ပရဟိတမင်းသားကြီးရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

တခေတ်တစ်ခါက ပရိသတ်တွေအသည်းစွဲ သရုပ်ဆောင်ဝေဠုကျော်ကတော့ လက်ရှိမှာ အနုပညာခြေလှမ်းတွေ ကျဲနေပြီး ပရဟိတ အလုပ် တွေနဲ့ပျော်မွေ့နေတာကို တော့ အထူးပြောစရာ လိုမယ်မထင်ပါဘူးနော် ။ ပရဟိတ အလုပ်တွေ ကို ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံဆောင် ရွက်တတ်တဲ့ သူဖြစ်လို့ ပရိသတ်တွေက ပိုပြီးချစ်ခင်လေးစားနေကြတာပါ ။

ဒီနေ့ ဇူလိုင်လ (၂၂) ရက်နေ့မှာတော့ ဒီနှစ်က ဝါထပ်တဲ့နှစ်ဖြစ်တဲ့အတွက် ရေဘေးဖြစ်လာရင် ကူဖို့အတွက် စပြီး ပြင်ဆင်ရပါပြီ ။ သန် လျင်ခြံ ဂိုဒေါင်ထဲက စပိဘုတ် ကိုထုတ် ရေဆေးပေါ့။ မန္တလေး တမံကျိုးတာလဲ သူ့နယ်က ပရဟိတအဖွဲ့တွေနဲ့ နိုင် နေပါသေးတယ်။ မနိုင် လာရင်တော့ ပြေးကူဖို့ အသင့်ပြင်ပါပြီ ဆိုပြီးရေဘေးဖြစ်လာရင် ကူဖို့အတွက် ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

REF;   PANPYOELAT

Add a Comment

Your email address will not be published. Required fields are marked *