သီချင်းနောက်ထပ် အသစ်တစ်ပုဒ်ကို ဟဲလေးနဲ့အတူတူ ဖန်တီးသွားမယ်လို ချမ်းမြေ့မောင်ချို ပြောဆို




REF: PANPYOELAT

UNICODE

မြန်ာမာအိုက်ဒေါက ချမ်းမြေ့မောင်ချိုကတော့ သီချင်းအမျိုးအစားတော်တော်များများနဲ့ လိုက်ဖက်သူတစ်ယောက်မို့ ဟဲလေးနဲ့အတူတူ ဖန်တီးထားတဲ့ သီချင်းသစ်လေးနဲ့ လည်း လိုက်ဖက် နေဦးမှာ အမှန်ပါပဲ။ မောင်ချိုရဲ့ ဟဲလေးနဲ့အတူ ဖန်တီးထားတဲ့ သီချင်းအသစ်လေး ထွက်လာရင်ရော အားပေးကြမှာ မလား ပရိသတ်ကြီးရေ။

မြန်မာအိုင်ဒေါ Season-3 ကနေတဆင့် ပရိသတ်အသိမှတ်ပြုအားပေးတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့သူ မောင်ချိုကတော့ ပရိ သတ် ရင်ထဲ ထိတဲ့ သီချင်းကောင်းတွေ ဆက်တိုက်ဆိုသလို သီဆိုနေသူပါ။ မကြာသေး ခင်ကမှ Ah Boy နဲ့အတူတူ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းအသစ်လေးကို သီဆိုခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာ ရရှိခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ အဆိုတော်ဟဲလေးနဲ့အတူတူ နောက်ထပ်တစ်ပုဒ်ထပ်မံဖန်တီးနေပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ် ပရိ သတ်ကြီးရေ ဟဲလေးကတော့ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သီချင်းပေါင်းမြောက်များစွာကို ဖန်တီးသီဆိုလေ့ရှိသူပါ။ ဒီတစ် ခေါက်မှာရော မောင်ချိုနဲ့အတူတူ ဘယ်လိုသီချင်းတွေ ဖန်တီးနေသလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲနော်။

REF:   PANPYOELAT

Add a Comment

Your email address will not be published. Required fields are marked *