သူမရဲ့ကင်ဆာအခြေအနေက မျှော်လင့်ချက်ကင်းမဲ့နေပြီလို့ မီးမီးခဲ၏ ဆရာဝန်များပြော





CRD: PANPYOELAT

UNICODE

အဆိုတော်မီးမီးခဲအနေနဲ့ ရင်သားကင်ဆာ အဆင့် ၄ကို ၂၀၁၇ခုနှစ်ကစတင်ခံစားရပြီး၊အရိုးထဲကိုပြန် နှံ့သွားခဲ့တယ်လို့ သိရပါတယ်။ ဒီ ရောဂါကိုတိုက်ထုတ်ဖို့ ဓာတ်၇ခါနဲ့ ကီမို ၅ ကြိမ်ပေးခဲ့ရကြောင်းနဲ့၂၀၁၈ ခုနှစ်မှာတော့ ခေါင်းနဲ့လည်ပင်း တွေမှာကင်ဆာ ဆဲလ်တွေ ထပ် ပေါ်လာလိုထပ်မံ Radiotherapy ၅ ကြိမ်လုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်။

အဆိုတော်မီးမီးခဲဟာ သူမရဲ့တကိုယ်တော်ဖျော်ဖြေပွဲ Back To You ကို ၂၀၂၀ ခုနှစ်ဇန်နဝါရီလ ၁၁ရက်မှာ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟို တယ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။အဆိုတော်မီးမီးခဲကတော့ ကင်ဆာရောဂါကိုပြင်ထန်စွာခံစားနေရတဲ့ သူတစ်ဦးဖြစ်ပါတယ် ။စိတ်ဓာတ်သန်မာသူပီပီ ကင်ဆာကို တွန်းလှန်နေခဲ့ပါတယ်။

သူမဟာ တေးသီချင်းသီဆိုမှုနဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲများကိုတောင် ပြီးခဲ့တဲ့ လတွေက ပြုလုပ်ခဲ့ပါသေးတယ်။လက်ရှိမှာတော့ အဆို တော်မီးမီးခဲရဲ့ ကင်ဆာရောဂါအခြေအနေက ဆရာဝန်တွေတောင် မျှော်လင့်ချက်ကင်းနေပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။

သြစတြေးလျမှာ ကင်ဆာရောဂါတိုက်ဖျက်ရေး ဆုံးရှုံးနေတဲ့ကျွန်မရဲ့ ချစ် သော ဝမ်းကွဲအစ်မ မီးမီးခဲ အတွက်ကျေးဇူးပြုပြီး ဆုတောင်း ပေး ပါ။ ဆရာဝန်တွေကလည်း မျှော်လင့်ချက်ကင်းမဲ့နေကြတယ်။သခင်သူ့ကိုအကာအကွယ်ပေးပါစေ” အစရှိတဲ့စာသားများ ရေးသား အသိပေး ခဲ့ပါတယ်။

CRD:  PANPYOELAT

Add a Comment

Your email address will not be published. Required fields are marked *