ဟင်းပေါ်မည့်သူများ နားမလည်နိုင်ဖြစ် ခဲ့ရတဲ့ ရွာသာကြီး သားသတ်ရုံမှ သတ်ခါနီး ထွက်ပြေးသွားသော ကျွဲတစ်ကောင်အကြောင်း
၂၀.၇.၂၀၁၇..မနက်၈နာရီ….
#သာဂိ
UNICODE
တကယ်တော့ တိရစ္ဆန်တစ်ကောင်ဟာ သူ့ကိုသတ်မယ့် ဆိုတာကို သိတဲ့အကောင်လည်း သိသလို၊ မသိတဲ့အကောင်တေလည်း မသိကြ ပါဘူး။ သေရမှာကိုတော့ မကြောက်တဲ့သတ္တဝါဆိုတာ ရှားပါတယ်။ တော်တော်များများက သေရမှာ ကြောက်ကြပါတယ်။အခုလည်း ဒီကျွဲ ဟာ ထူးဆန်းစွာ သူ့ကိုသတ်မှာကိုသိနေပီး သတ်မယ့်လူတွေကို လိုက်ခွေ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပါဗျာ သတ္တဝါလေးတွေ သနားစ ရာပါဗျာ။ အထူးသဖြင့် ကျွဲနွားတေဆိုတာ လူသားတွေကို အကျိုးပြုလုပ်ကျွေးနေတဲ့ သတ္တဝါတွေဖြစ်ကြပါတယ်။
လူတွေအနေနဲ့ ကြင်နာသနားကြဖို့လိုပါတယ်။ ရွာသာကြီးသားသတ်ရုံမှ သတ်ခါနီး ကျွဲပေါက် တစ်ကောင်အတင်းရုန်းကန်ထွက်ပြေးရာ အနောက်မှ ထပ်ကြပ်မကွာသားသတ်သမားများမှလည်းအတင်းထိုးလိုက် ပြန်မိရေးအတွက်၊ ပြန်ပေါ်(သတ်)နိုင်ရေးအတွက်။ ကျွဲပေါက် ကလည်းသူ့အသက်အန္တာရယ်ကင်းရှင်းရေး အတွက်အသက်လုပြေး လိုက်တန်းပြေးတန်း ပေါ့….။ အဲ့ဒီမှာ သားသတ်သမားတစ်ဦးမှ အနီး ကပ်ဖမ်းရာမှ အခွေ့ခံခဲ့ရတယ်..။
တောင်ဒဂုံ(၂၀)ရပ်ကွက်မိတ်ဆွေကောင်းလူနာတင်ယာဉ် နှင့်ဆေးရုံသို့ပို့ဆောင်ခဲ့ရတယ်။ အားလုံးကလည်း ကျွဲရိုင်းတစ်ကောင်က လူတွေ ကိုလိုက်ရန်ပြု့တယ်ပဲထင်ကြတယ်..ကျနော်လည်းပြည်သူတွေက ဖုန်းဆက်တော့ပြည်သူများ အန္တာရယ်ကင်းစေရေးအတွက် သက်ဆိုင် ရာတွေအကြောင်းကြား ခဲ့ပါတယ်။မြို့နယ်ရဲတပ်ဖွဲ့များ..စည်ပင်များ..တိကုခရိုင်မှူးစသည်များစုံစုံလင်လင်နဲ့ ပြည်သူများပါမကျန် ပူး ပေါင်းဖမ်းဆီးခဲ့ကြတယ်..။ကျွဲအနေနဲ့လည်းအတင်းထိုးပြေတာနေရာကိုတော်တော့်ကိုစုံသွားတယ်..။
နောက်ဆုံးဇုံ(၃)မှာ ကားကြီးတွေနဲ့ပိတ်ဖမ်းတဲ့အခါမှာမိသွားပါတယ်..။ကျနော်လည်းပြောပြပါတယ် မိလည်းမိသွားပြီကြိုးအထပ်ထပ် နဲ့တုတ်နှောင်ပြီးပြီဖြစ်သဖြင့်မရိုက်ဖို့မနှက်ဖို့ကိုတော့ စည်ပင်တာဝန်ရှိသူတွေကို မေတ္တာရပ်ခံတောင်းပန် ခံပါတယ်။ ထိခိုက်ဒဏ်ရာရ သူ(၈)ဦးလောက်ရှိသည်ဟုလမ်းတောက်လျောက် လိုက်သူပြည်သူများ၏ ပြောပြချက်အရ သိရပါတယ်.. အဓိကကျွဲရဲ့ ပစ်မှတ်က သူ့ကို သတ်မည့် သူတွေကိုသာတိုက်ခိုက်သည်ဟုသိရပါတယ်။
ထိခိုက်ဒဏ်ရာသူများကိုလည်းတာဝန်ရှိသူတွေအနေနဲ့ဆေးရုံ ဖြစ်ဖြစ်အိမ်ဖြစ်ဖြစ် လိုအပ်သည်များကို လိုက်လံဆောင်ရွက်ပေးဖို့ ပြောခဲ့ ပါတယ်..တာဝန်ရှိသူစည်ပင်များမှလိုလေသေးမရှိဆောင်ရွက်ပေးသွားမည်ကိုဂတိပေးသွားပါတယ်။ထပ်မံပြီးကျနော် အနေနဲ့ ကျွဲရဲ့တန် ဖိုးအတိုင်းပေးလျော်ပြီး ဇီဝိတဒါနလွှတ်ပေးဖို့ကိုလည်းဆုံးဖြတ်ခဲ့ပါတယ်..ထပ်မံပြီးညှိနိူင်းဆောင်ရွက်မှု့တွေဆက်လုပ်သွားပါဦးမည်။ သတ္တဝါတွေ ဘေးကင်းလုံခြုံကြပါစေ….။
၂၀.၇.၂၀၁၇..မနက်၈နာရီ….
#သာဂိ
Add a Comment
Your email address will not be published. Required fields are marked *