အမ်ိဳးသမီးတစ္ဦးအား ပစၥည္းလုယက္သတ္ျဖတ္ခဲ့သည့္ စစ္သည္(၂)ဦးကို ဖမ္းဆီးထားၿပီး ျပင္းထန္စြာအေရးယူမည္ဟု တပ္မေတာ္ထုတ္ျပန္

တပ္မေတာ္သားမ်ားသည္ မိမိကိုင္ေဆာင္သည့္ လက္နက္အား ရန္သူႏွင့္ ႏွစ္ဖက္ထိ ေတြ႕ တိုက္ခိုက္ခ်ိန္မွလြဲ၍ ရည္႐ြယ္ခ်က္ရွိသည္ ျဖစ္ ေစ၊ မရွိသည္ျဖစ္ေစ အျခားသူတစ္ဦးဦးအား ထိခိုက္ဒဏ္ရာရရွိေစျခင္း၊ အသက္အႏၲရာယ္ျဖစ္ေစျခင္းမ်ိဳးကို ဥပေဒအရ တင္းက်ပ္စြာ တား ျမစ္ထားၿပီးျဖစ္သည့္အျပင္ လုံးဝသည္းခံခြင့္လႊတ္ျခင္းလည္း အစဥ္အလာ မရွိေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က သ တင္းထုတ္ျပန္ခဲ့သည္။

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္၊ ပိုလိုထေက်း႐ြာတြင္ အမ်ိဳးသမီးတစ္ဦးအား ပစၥည္းလုယက္သတ္ျဖတ္ခဲ့သည့္ စစ္သည္ႏွစ္ဦးကို ဖမ္းဆီး ထားၿပီး အဆိုပါစစ္သည္ႏွစ္ဦးႏွင့္အတူ တာဝန္ရွိသူမ်ားကို ထိေရာက္ျပင္းထန္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဇူလိုင္ ၂၀ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။ဖာပြန္ၿမိဳ႕နယ္ ပိုလိုထေက်း႐ြာတြင္ အမ်ိဳးသမီးတစ္ဦးအား တပ္မေတာ္ သားႏွစ္ဦးက ပစၥည္းလုယက္၍ ပစ္ခတ္ခဲ့သျဖင့္ ေသဆုံးသြားေၾကာင္းကို ဇူလိုင္ ၁၉ ရက္တြင္ တပ္မေတာ္က သတင္းရရွိခဲ့သည္။

အဆိုပါသတင္းသည္ ျပည္သူလူထုႏွင့္ပတ္သက္၍လည္းေကာင္း၊ မိမိလက္နက္ႏွင့္ပတ္သက္၍ ႀကီးေလးေသာ ရာဇဝတ္ျပစ္မႈမ်ိဳးျဖစ္သည့္ အတြက္လည္းေကာင္း သတင္းရလွ်င္ ရခ်င္း သက္ဆိုင္ရာနယ္ေျမသို႔ တာဝန္ရွိသူအရာရွိႏွင့္အဖြဲ႕အား ဇူလိုင္ ၁၉ ရက္တြင္ပင္ ခ်က္ခ်င္းစုဖြဲ႕ ေစလႊတ္၍ စုံစမ္းေဖာ္ထုတ္ခဲ့ေၾကာင္း အဆိုပါ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့သည္။ စိစစ္ေဖာ္ထုတ္ခ်က္အရ ပိုလိုထေက်း႐ြာႏွင့္ ၎ နယ္ေျမတစ္ဝိုက္ရွိ တပ္စခန္းတစ္ခုမွ တပ္သားအဆင့္သန္းစိုးလြင္ႏွင့္ ဟိန္းမင္းထက္တို႔ႏွစ္ဦးသည္ ဇူလိုင္ ၁၆ ရက္ နံနက္အေစာပိုင္းတြင္။

စခန္းမွ ခြင့္ျပဳခ်က္မရဘဲ လက္နက္ငယ္ႏွစ္လက္ႏွင့္အတူ ပိုလိုထေက်း႐ြာသို႔ေရာက္ရွိၿပီး ႐ြာသားသုံးဦးႏွင့္အတူ ႐ြာအတြင္းရွိ အရက္ပုန္း ဆိုင္တြင္ အရက္ေသာက္ခဲ့ေၾကာင္း တပ္မေတာ္၏ သတင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။အရက္ေသာက္ၿပီးေနာက္ ႐ြာသားမ်ားႏွင့္ လမ္းခြဲ ကာ ႐ြာမွစခန္းသို႔ ျပန္လာစဥ္ အမူးလြန္ေနသည့္ စစ္သည္ႏွစ္ဦးအနက္ တပ္သားသန္းစိုးလြင္က အရက္ဆိုင္ရွင္ အမ်ိဳးသမီးဝတ္ဆင္ထား သည့္ ေ႐ႊဆြဲႀကိဳးအား မေတာ္မတရားရယူရန္ ရည္႐ြယ္၍ မြန္းလြဲပိုင္းတြင္ အရက္ဆိုင္သို႔ ျပန္လည္ေရာက္ရွိလာခဲ့သည္။

ဆြဲႀကိဳးအားလုယက္စဥ္ ဆိုင္ရွင္အမ်ိဳးသမီးႏွင့္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္သည္။ထိုသို႔ ႐ုန္းရင္း ဆန္ခတ္ျဖစ္စဥ္ ၎ကိုင္ေဆာင္ထားေသာ ေသနတ္မွ က်ည္ေပါက္ထြက္ၿပီးေနာက္ ဆိုင္ရွင္ အမ်ိဳးသမီး၏ ဦးေခါင္းေနာက္ပိုင္းႏွင့္ ေနာက္ ေက်ာေနရာအား က်ည္ထိမွန္၍ ေနရာတြင္ပင္ လဲက်ေသဆုံးခဲ့ေၾကာင္း၊ ထို႔ေနာက္ အဆိုပါစစ္သည္ႏွစ္ဦးမွာ ေၾကာက္လန႔္၍ ႐ြာႏွင့္စခန္း ၾကား ေတာတြင္းသို႔ ထြက္ေျပးပုန္းေရွာင္ရာမွ ဇူလိုင္ ၁၇ ရက္တြင္ စခန္းသို႔ျပန္လာကာ အဖမ္းခံခဲ့ေၾကာင္း တပ္မေတာ္က ထုတ္ျပန္သည္။

ပဏာမစုံစမ္းေဖာ္ထုတ္ခ်က္အရ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံသည့္ တရားခံစစ္သည္ႏွစ္ဦးအား ဘီးလင္းတပ္နယ္ စစ္ဘက္အခ်ဳပ္၌ ခ်ဳပ္ေႏွာင္ထားရွိၿပီး စစ္စည္းကမ္း ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူရန္အတြက္ ပြင့္လင္းျမင္သာစြာ အျမန္ဆုံး စစ္ေဆးအေရးယူ သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္သည္။တရားခံစစ္သည္ႏွစ္ဦး ထြက္ေျပး၊ ေပ်ာက္ဆုံး ေနျခင္းႏွင့္ မႈခင္းျဖစ္စဥ္အား သက္ဆိုင္ရာ အထက္ဌာနမ်ားသို႔ အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းမပို႔ခဲ့သည့္စခန္းမွ တာဝန္ရွိသူမ်ားကိုလည္း။

စစ္တရား႐ုံး၏ စစ္ေဆးေတြ႕ရွိခ်က္အတိုင္း စစ္စည္းကမ္းအရ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

REF: ELEVEN MEDIA

UNICODE

တပ်မတော်သားများသည် မိမိကိုင်ဆောင်သည့် လက်နက်အား ရန်သူနှင့် နှစ်ဖက်ထိ တွေ့ တိုက်ခိုက်ချိန်မှလွဲ၍ ရည်ရွယ်ချက်ရှိသည် ဖြစ် စေ၊ မရှိသည်ဖြစ်စေ အခြားသူတစ်ဦးဦးအား ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ အသက်အန္တရာယ်ဖြစ်စေခြင်းမျိုးကို ဥပဒေအရ တင်းကျပ်စွာ တား မြစ်ထားပြီးဖြစ်သည့်အပြင် လုံးဝသည်းခံခွင့်လွှတ်ခြင်းလည်း အစဉ်အလာ မရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သ တင်းထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်သတ်ဖြတ်ခဲ့သည့် စစ်သည်နှစ်ဦးကို ဖမ်းဆီး ထားပြီး အဆိုပါစစ်သည်နှစ်ဦးနှင့်အတူ တာဝန်ရှိသူများကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ဖာပွန်မြို့နယ် ပိုလိုထကျေးရွာတွင် အမျိုးသမီးတစ်ဦးအား တပ်မတော် သားနှစ်ဦးက ပစ္စည်းလုယက်၍ ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်းကို ဇူလိုင် ၁၉ ရက်တွင် တပ်မတော်က သတင်းရရှိခဲ့သည်။

အဆိုပါသတင်းသည် ပြည်သူလူထုနှင့်ပတ်သက်၍လည်းကောင်း၊ မိမိလက်နက်နှင့်ပတ်သက်၍ ကြီးလေးသော ရာဇဝတ်ပြစ်မှုမျိုးဖြစ်သည့် အတွက်လည်းကောင်း သတင်းရလျှင် ရချင်း သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိသူအရာရှိနှင့်အဖွဲ့အား ဇူလိုင် ၁၉ ရက်တွင်ပင် ချက်ချင်းစုဖွဲ့ စေလွှတ်၍ စုံစမ်းဖော်ထုတ်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ စိစစ်ဖော်ထုတ်ချက်အရ ပိုလိုထကျေးရွာနှင့် ၎င်း နယ်မြေတစ်ဝိုက်ရှိ တပ်စခန်းတစ်ခုမှ တပ်သားအဆင့်သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့နှစ်ဦးသည် ဇူလိုင် ၁၆ ရက် နံနက်အစောပိုင်းတွင်။

စခန်းမှ ခွင့်ပြုချက်မရဘဲ လက်နက်ငယ်နှစ်လက်နှင့်အတူ ပိုလိုထကျေးရွာသို့ရောက်ရှိပြီး ရွာသားသုံးဦးနှင့်အတူ ရွာအတွင်းရှိ အရက်ပုန်း ဆိုင်တွင် အရက်သောက်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။အရက်သောက်ပြီးနောက် ရွာသားများနှင့် လမ်းခွဲ ကာ ရွာမှစခန်းသို့ ပြန်လာစဉ် အမူးလွန်နေသည့် စစ်သည်နှစ်ဦးအနက် တပ်သားသန်းစိုးလွင်က အရက်ဆိုင်ရှင် အမျိုးသမီးဝတ်ဆင်ထား သည့် ရွှေဆွဲကြိုးအား မတော်မတရားရယူရန် ရည်ရွယ်၍ မွန်းလွဲပိုင်းတွင် အရက်ဆိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဆွဲကြိုးအားလုယက်စဉ် ဆိုင်ရှင်အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ထိုသို့ ရုန်းရင်း ဆန်ခတ်ဖြစ်စဉ် ၎င်းကိုင်ဆောင်ထားသော သေနတ်မှ ကျည်ပေါက်ထွက်ပြီးနောက် ဆိုင်ရှင် အမျိုးသမီး၏ ဦးခေါင်းနောက်ပိုင်းနှင့် နောက် ကျောနေရာအား ကျည်ထိမှန်၍ နေရာတွင်ပင် လဲကျသေဆုံးခဲ့ကြောင်း၊ ထို့နောက် အဆိုပါစစ်သည်နှစ်ဦးမှာ ကြောက်လန့်၍ ရွာနှင့်စခန်း ကြား တောတွင်းသို့ ထွက်ပြေးပုန်းရှောင်ရာမှ ဇူလိုင် ၁၇ ရက်တွင် စခန်းသို့ပြန်လာကာ အဖမ်းခံခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ပဏာမစုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံသည့် တရားခံစစ်သည်နှစ်ဦးအား ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်၌ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။တရားခံစစ်သည်နှစ်ဦး ထွက်ပြေး၊ ပျောက်ဆုံး နေခြင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းမပို့ခဲ့သည့်စခန်းမှ တာဝန်ရှိသူများကိုလည်း။

စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *