အိမ္အကူမိန္းကေလး ရဲ႕ နာမည္အရင္း ကို မီဒီယာေတြကို ထုတ္ေျပာ လိုက္တာေၾကာင့္ မင္းရာဇာ ထပ္မံတရားစြဲ ခံရႏိုင္ေျခရွိ

အိမ္အကူအမ်ိဳးသမီးငယ္အား ညႇင္းပန္းႏွိပ္စက္မႈ နဲ႔ သ႐ုပ္ေဆာင္ မင္းရာဇာ အပါအဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕ နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအး က တ ရား႐ုံးမွာ ေငြက်ပ္ ၁၀ သိန္းျဖင့္ အာမခံရရွိခဲ့ပါတယ္။ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့ တာျဖစ္ပါတယ္။

အိမ္အကူ မိန္းကေလးရဲ႕ နာမည္ကို အမႈကိစၥ စတင္ ျဖစ္ပြား ကတည္းက နာမည္အရင္းကို မေဖာ္ျပခဲ့ဘဲ အိမ္အကူမိန္းကေလးရဲ႕ေရွ႕ေန ျဖစ္သူ ဦးေရာဘတ္စန္းေအာင္က Grace လို႔သာ အမည္လႊဲေခၚေဝၚေစခဲ့တာ ျဖစ္ပါတယ္။မင္းရာဇာရဲ႕ အမႈအေျခအေနကေတာ့ တရားလို ဘက္က သက္ေသခံ အျဖစ္ မင္းရာဇာတို႔ ဇနီးေမာင္ႏွံေျပာထားတဲ့ အသံဖိုင္ေတြကို တင္သြင္းထားတယ္လို႔ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ က ဆိုပါတယ္။ တရားလို မိန္းကေလးရဲ႕ နာမည္ကို Grace လို႔ပဲ ေပးထားတာပါ။

သ႐ုပ္ေဆာင္ မင္းရာဇာဟာ ဒီေန႔ တက္ေရာက္ လာတဲ့ ႐ုံးခ်ိန္းမွာ အိမ္အကူ မိန္းကေလးရဲ႕ နာမည္အရင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့တာဟာ ကေလးသူငယ္မ်ားဆိုင္ရာ အခြင့္အေရးဥပေဒ နဲ႔ ၿငိစြန္းတယ္ လို႔ တရားလို ေရွ႕ေနက ဆိုပါတယ္။ အိမ္အကူမိန္းကေလးအား ညႇင္းပန္းႏွိပ္ စက္မႈ၊ မုဒိန္းမႈတိုနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ဒီေန႔ ဇူလိုင္(၂၂)ရက္က ေျမာက္ဥကၠလာတရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါ တယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာ မင္းရာဇာက မီဒီယာေတြေရွ႕မွာ အိမ္အကူမိန္းကေလး ရဲ႕ နာမည္အရင္းကို ထုတ္ေဖာ္ ေျပာခဲ့တာ ေတြ႕ရပါတယ္။

အိမ္အကူမိန္းကေလးမိသားစုမွာ သူတို႔ေၾကာင့္ ဘယ္ေတာ့မွ ဒုကၡမေရာက္ဖူးပါဘူးလို႔ ေျပာရင္း အိမ္အကူ မိန္းကေလး နာမည္ကို ေျပာကာ “ေလာဘေနာက္ လိုက္ေနတဲ့ သူေတြ ၾကားမွာ မနစ္မြန္းပါေစနဲ႔လို႔ ေျပာခ်င္ပါတယ္” လို႔ သူက ေျပာခဲ့ပါတယ္။၂၀၁၉ ခုႏွစ္ ကေလးသူငယ္ မ်ားဆိုင္ရာ အခြင့္ အေရး ဥပေဒအရ နစ္နာသူ ကေလးမ်ားရဲ႕ နာမည္ေတြကို ထုတ္ေဖာ္ေျပာျပခြင့္မရွိဘူးလို႔လည္း သိရပါတယ္။ ဒီေန႔ ႐ုံး ခ်ိန္းမွာ သ႐ုပ္ေဆာင္ မင္းရာဇာက အိမ္အကူ မိန္းကေလး ရဲ႕ နာမည္ကို ထုတ္ေဖာ္ ေျပာဆိုလိုက္တဲ့ အေပၚ ။

တရားလို ဘက္က ေရွ႕ေနျဖစ္ သူ ဦးေရာဘတ္စန္းေအာင္က “ဒါကေတာ့ ၂၀၁၉ ခုႏွစ္ ကေလးသူငယ္မ်ားဆိုင္ ရာအခြင့္အေရး ဥပေဒရွိ ပါတယ္။ အဲဒီ ဥပေဒက နာမည္ေတြ ထုတ္ေဖာ္ေျပာဆိုတာဟာ ဥပေဒအရ တားျမစ္ထားမႈကို မလိုက္နာတဲ့အတြက္ မေကာင္းဘူးေပါ့ေနာ္။ ဒီလို ထုတ္ေဖာ္ေျပာဆိုလိုက္တာဟာ သူ႔အေနနဲ႔ ဒီဘက္က မရရင္ ဟိုဘက္ကို လုပ္လိုက္တယ္ဆိုတဲ့ သေဘာပါပဲ။သူ႔ရဲ႕ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေနႀကီးေတြကလည္း သေဘာတူ မွာေတာ့ မဟုတ္ပါဘူး။

တားျမစ္မယ္လို႔ ယုံၾကည္ပါတယ္။ သို႔ေသာ္ သူသည္ ဥပေဒအရ ၿငိစြန္းမႈအသစ္တစ္ခုကို ထပ္မံ ျပဳလုပ္လိုက္တယ္လို႔ သိရပါတယ္။ ဒါကို သူ႔အေနနဲ႔ ဆင္ျခင္သင့္တယ္။ ကိုယ္ေတြအတြက္ကေတာ့ ဒါဟာ မွတ္တမ္းေပါ့”လို႔ ဆိုကာေျပာျပခဲ့ပါတယ္။

Credit Celeyatkwat

UNICODE

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှု နဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့ နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေး က တ ရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ တာဖြစ်ပါတယ်။

အိမ်အကူ မိန်းကလေးရဲ့ နာမည်ကို အမှုကိစ္စ စတင် ဖြစ်ပွား ကတည်းက နာမည်အရင်းကို မဖော်ပြခဲ့ဘဲ အိမ်အကူမိန်းကလေးရဲ့ရှေ့နေ ဖြစ်သူ ဦးရောဘတ်စန်းအောင်က Grace လို့သာ အမည်လွှဲခေါ်ဝေါ်စေခဲ့တာ ဖြစ်ပါတယ်။မင်းရာဇာရဲ့ အမှုအခြေအနေကတော့ တရားလို ဘက်က သက်သေခံ အဖြစ် မင်းရာဇာတို့ ဇနီးမောင်နှံပြောထားတဲ့ အသံဖိုင်တွေကို တင်သွင်းထားတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။ တရားလို မိန်းကလေးရဲ့ နာမည်ကို Grace လို့ပဲ ပေးထားတာပါ။

သရုပ်ဆောင် မင်းရာဇာဟာ ဒီနေ့ တက်ရောက် လာတဲ့ ရုံးချိန်းမှာ အိမ်အကူ မိန်းကလေးရဲ့ နာမည်အရင်းကို ထုတ်ဖော်ပြောဆိုခဲ့တာဟာ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးဥပဒေ နဲ့ ငြိစွန်းတယ် လို့ တရားလို ရှေ့နေက ဆိုပါတယ်။ အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ် စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ ဇူလိုင်(၂၂)ရက်က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါ တယ်။ ဒီနေ့ ရုံးချိန်းမှာ မင်းရာဇာက မီဒီယာတွေရှေ့မှာ အိမ်အကူမိန်းကလေး ရဲ့ နာမည်အရင်းကို ထုတ်ဖော် ပြောခဲ့တာ တွေ့ရပါတယ်။

အိမ်အကူမိန်းကလေးမိသားစုမှာ သူတို့ကြောင့် ဘယ်တော့မှ ဒုက္ခမရောက်ဖူးပါဘူးလို့ ပြောရင်း အိမ်အကူ မိန်းကလေး နာမည်ကို ပြောကာ “လောဘနောက် လိုက်နေတဲ့ သူတွေ ကြားမှာ မနစ်မွန်းပါစေနဲ့လို့ ပြောချင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။၂၀၁၉ ခုနှစ် ကလေးသူငယ် များဆိုင်ရာ အခွင့် အရေး ဥပဒေအရ နစ်နာသူ ကလေးများရဲ့ နာမည်တွေကို ထုတ်ဖော်ပြောပြခွင့်မရှိဘူးလို့လည်း သိရပါတယ်။ ဒီနေ့ ရုံး ချိန်းမှာ သရုပ်ဆောင် မင်းရာဇာက အိမ်အကူ မိန်းကလေး ရဲ့ နာမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ အပေါ် ။

တရားလို ဘက်က ရှေ့နေဖြစ် သူ ဦးရောဘတ်စန်းအောင်က “ဒါကတော့ ၂၀၁၉ ခုနှစ် ကလေးသူငယ်များဆိုင် ရာအခွင့်အရေး ဥပဒေရှိ ပါတယ်။ အဲဒီ ဥပဒေက နာမည်တွေ ထုတ်ဖော်ပြောဆိုတာဟာ ဥပဒေအရ တားမြစ်ထားမှုကို မလိုက်နာတဲ့အတွက် မကောင်းဘူးပေါ့နော်။ ဒီလို ထုတ်ဖော်ပြောဆိုလိုက်တာဟာ သူ့အနေနဲ့ ဒီဘက်က မရရင် ဟိုဘက်ကို လုပ်လိုက်တယ်ဆိုတဲ့ သဘောပါပဲ။သူ့ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီးတွေကလည်း သဘောတူ မှာတော့ မဟုတ်ပါဘူး။

တားမြစ်မယ်လို့ ယုံကြည်ပါတယ်။ သို့သော် သူသည် ဥပဒေအရ ငြိစွန်းမှုအသစ်တစ်ခုကို ထပ်မံ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ ဒါကို သူ့အနေနဲ့ ဆင်ခြင်သင့်တယ်။ ကိုယ်တွေအတွက်ကတော့ ဒါဟာ မှတ်တမ်းပေါ့”လို့ ဆိုကာပြောပြခဲ့ပါတယ်။

Credit Celeyatkwat

Add a Comment

Your email address will not be published. Required fields are marked *