အေမရိကန္ျပည္ေထာင္စု ဟူစတန္ၿမိဳ႕ရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံး အပိတ္ခံရ၍ တ႐ုတ္အစိုးရက လက္တုံ႔ျပန္မည္ဟု ၿခိမ္းေျခာက္

ဒီလို ေကာင္စစ္ဝန္႐ုံး ပိတ္ဖို႔ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ကို ခ်က္ျခင္း ျပန္႐ုပ္သိမ္းရန္ အေမရိကန္ကို က်ေနာ္တို႔ တိုက္တြန္းပါတယ္။ ဒီလို မွားယြင္းတဲ့လမ္းေၾကာင္းအတိုင္း ဆက္သြားမယ္ဆိုရင္ေတာ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ အခိုင္အမာ တုံ႔ျပန္သြားမွာျဖစ္ပါတယ္။” လို႔ တ႐ုတ္ႏိုင္ငံ ျခားေရးဌာန ေျပာခြင့္ရ Wang Wenbin က ဒီကေန႔လုပ္တဲ့ ပုံမွန္သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။ ဒီႏွစ္အေစာပိုင္းမွာ တ ႐ုတ္ႏိုင္ငံ၊ ဝူးဟန္ၿမိဳ႕ကေန ကို႐ိုနာပိုး စၿပီး ကူးစက္ခဲ့ခ်ိန္ကတည္းက အေမရိကန္နဲ႔ တ႐ုတ္ၾကား ဆက္ဆံေရး က်ဆင္းလာပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္စ္ျပည္နယ္၊ ဟူစတန္ၿမိဳ႕က တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို ပိတ္ဖို႔ ၫႊန္ၾကားထားတယ္လို႔ ႏိုင္ငံျခားေရး ဌာနေျပာခြင့္ရ Morgan Ortagus က ဒီကေန႔ေျပာပါတယ္။အေမရိကန္ ဉာဏပစၥည္း မူပိုင္ခြင့္နဲ႔ အေမရိကန္ႏိုင္ငံက ပုဂၢလိကက႑ သ တင္းအခ်က္အလက္ေတြကို ကာကြယ္ဖို႔အတြက္ ဟူစတန္ၿမိဳ႕က တ႐ုတ္ႏိုင္ငံရဲ႕ ေကာင္စစ္ဝန္႐ုံးကို ပိတ္ဖို႔ ၫႊန္ၾကားထား ပါတယ္။” လို႔ ေျပာခြင့္ရ Ortagus က အီးေမးလ္နဲ႔ေပးပို႔တဲ့ ထုတ္ျပန္ခ်က္မွာ ေျပာထားတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ေကာင္စစ္ဝန္႐ုံးကိုပိတ္ဖို႔ အေမရိကန္က ႐ုတ္တရက္ေျပာခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံက အေစာပိုင္းမွာ ေျပာခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ ႏိုင္ငံ ျခားေရးဌာနဘက္က အခုလို အတည္ျပဳလိုက္တာပါ။သုံးရက္အတြင္း ေကာင္စစ္ဝန္႐ုံးကို ပိတ္ရမယ္လို႔ အေမရိကန္က ေျပာထားေၾကာင္း လည္း တ႐ုတ္ ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ဒီလိုပိတ္ခိုင္းတဲ့အေပၚ အျပင္းအထန္ ကန႔္ကြက္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနက ေျပာၿပီး လက္တုံ႔ျပန္မယ္လို႔လည္း ၿခိမ္းေျခာက္ထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္းကပဲ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွေဒသ ႏိုင္ငံေတြမွာရွိတဲ့ အေမရိကန္သံ႐ုံး တာဝန္ရွိသူေတြက ေဒသတြင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ ေဝဖန္ထားတဲ့ ေဆာင္းပါးေတြ ေရးသားထုတ္ေဝခဲ့ၿပီး တ႐ုတ္ သံအဖြဲ႕ေတြဘက္ ကလည္း အျပင္းအထန္ တုံ႔ျပန္ ေျပာဆိုခဲ့ပါတယ္။

REF: VOA

UNICODE

ဒီလို ကောင်စစ်ဝန်ရုံး ပိတ်ဖို့  မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချက်ခြင်း ပြန်ရုပ်သိမ်းရန် အမေရိကန်ကို ကျနော်တို့ တိုက်တွန်းပါတယ်။ ဒီလို မှားယွင်းတဲ့လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ အခိုင်အမာ တုံ့ပြန်သွားမှာဖြစ်ပါတယ်။” လို့ တရုတ်နိုင်ငံ ခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဒီကနေ့လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဒီနှစ်အစောပိုင်းမှာ တ ရုတ်နိုင်ငံ၊ ဝူးဟန်မြို့ကနေ ကိုရိုနာပိုး စပြီး ကူးစက်ခဲ့ချိန်ကတည်းက အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး ကျဆင်းလာပါတယ်။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံခြားရေး ဌာနပြောခွင့်ရ Morgan Ortagus က ဒီကနေ့ပြောပါတယ်။အမေရိကန် ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ အမေရိကန်နိုင်ငံက ပုဂ္ဂလိကကဏ္ဍ သ တင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ဟူစတန်မြို့က တရုတ်နိုင်ငံရဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထား ပါတယ်။” လို့ ပြောခွင့်ရ Ortagus က အီးမေးလ်နဲ့ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်က ရုတ်တရက်ပြောခဲ့တယ်လို့ တရုတ်နိုင်ငံက အစောပိုင်းမှာ ပြောခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံ ခြားရေးဌာနဘက်က အခုလို အတည်ပြုလိုက်တာပါ။သုံးရက်အတွင်း ကောင်စစ်ဝန်ရုံးကို ပိတ်ရမယ်လို့ အမေရိကန်က ပြောထားကြောင်း လည်း တရုတ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ဒီလိုပိတ်ခိုင်းတဲ့အပေါ် အပြင်းအထန် ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပြီး လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ထားတဲ့ ဆောင်းပါးတွေ ရေးသားထုတ်ဝေခဲ့ပြီး တရုတ် သံအဖွဲ့တွေဘက် ကလည်း အပြင်းအထန် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

REF:   VOA

Add a Comment

Your email address will not be published. Required fields are marked *